စာနယ်ဇင်း, စီးပွားရေး, သတင်း, သမ္မတ, အစိုးရအဖွဲ့, နိုင်ငံရေး

ဆင်းရဲနွမ်းပါးမှုလျော့ကျရေး ဆွေးနွေးပွဲ ပြည်တွင်းမီဒီယာများ ပါဝင်ခွင့်ရ


အံ့ဘုန်းမြတ် ၂၃ မေ ၂၀၁၁ (ဒီဗွီဘီ)

မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသားအဆင့်အဖြစ် နေပြည်တော်မှာ ၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့အတူ ပြည်တွင်းထုတ်ဂျာနယ်တွေက အယ်ဒီတာချုပ်တွေ ပါဝင်ဆွေးနွေးခွင့်ရရှိခဲ့ပါတယ်။

ပြည်တွင်းထုတ် သတင်းဂျာနယ်တွေထဲက ဂျာနယ် ၁၂ ဆောင်က တာဝန်ရှိသူတွေ သတင်းယူခွင့်အပြင် ပါဝင်ဆွေးနွေးခွင့်ပါ ရရှိတာဖြစ်တယ်လို့ စာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က ဆိုပါတယ်။

“မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ အီးစီအချို့နဲ့အတူ ပြင်ပသတင်းဂျာနယ်အချို့က ဂျာနယ်အဆင့်မြင့် အယ်ဒီတာတွေပဲ တက်ရတယ်။ အငယ်တွေ တက်မရဘူး။ အယ်ဒီတာချုပ်တွေ တာဝန်ခံအယ်ဒီတာတွေပဲ တက်ရတယ်။ ဘာကြောင့် တက်ခိုင်းလဲဆိုတော့ ကျနော်တို့ အဲဒီမှာ Participation ပါလို့ပါ။ ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့မှ တက်ခွင့်ရတာပါ။ အဲဒါကြောင့် ပြည်တွင်းမီဒီယာတွေကိုပဲ ရွေးပြီးခေါ်တာ။ ပြည်ပမီဒီယာတွေကို ချန်ထားတာ အဲဒါကြောင့်ပါ။ ပြီးတော့ သတင်းရေးဖို့ဆိုတာထက် ဒီဆွေးနွေးပွဲမှာ အလွှာအသီးသီးက ပါလာတော့ စာနယ်ဇင်းကလူတွေလည်း အလွှာတခုအနေနဲ့ ၀င်ရောက်ဆွေးနွေးခွင့်ရတာ အဲဒါပဲ။ နာမည်ကြီး သတင်းဂျာနယ်တွေ အကုန်ပါတယ်။”

အလုပ်ရုံဆွေးနွေးပွဲမတိုင်ခင်က သတင်းယူခွင့် ခွဲခြားခေါ်ယူမှုတွေရှိ။ သတင်းယူခွင့်ကို ပေးပြီးမှ ပြန်ပိတ်ပင်တယ် စသဖြင့် ပြည်တွင်း၊ ပြည်ပမီဒီယာအချို့မှာလည်း ဒါနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ကြပါတယ်။ အခုလိုအခမ်းအနားမှာ သတင်းယူခွင့်နဲ့ ပါဝင်ဆွေးနွေးခွင့်ရရှိခဲ့တဲ့ အပေါ်အတွေ့အကြုံတွေကိုလည်း ဦးကိုကိုက

“ဟိုရောက်တော့မှ ကျွန်တော်တို့လည်း သဘောပေါက်တာ။ ကျနော်တို့ ဆွေးနွေးတာတွေ အများကြီးပါပဲ။ ၀န်ကြီးတွေ ကိုယ်တိုင် ထရှင်းကြတာ။ သတင်းစာရှင်းလင်းပွဲတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က သူတို့ နယ်ပယ်ရောက်လာရင် သူတို့က ၀င်ပြောချင်တယ် ဒါကြောင့် ၀င်ပြောကြတာ။ အဲဒါသမ္မတကြီး ရှိနေတာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မမြင်ဘူးဘူးပေါ့။ ဒီလိုမြင်ကွင်းက။”

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ သမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သလို “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လမ်းပြစာတမ်း”ကို တင် သွင်းဖတ်ကြားခဲပါ့တယ်။ ဒါ့အပြင် ၃ ကြာ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတက်ပညာရှင်တွေက စာတမ်း (၁၉) စောင်ကိုလည်း တင်သွင်းဖတ်ကြားခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ၄၈ နိုင်ငံထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ   UN Economic and Social Council (ECOSOC)  က သုံး စိစစ်သုံးသပ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: