အထူးစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ မသမာမှုပြုလုပ်သူတွေ၊ အလွဲသုံးစားပြု လုပ်သူတွေ၊ ကိုယ်ကျင့် တရား ပျက်ယွင်းသူတွေကို ထိထိရောက်ရောက် အရေးယူသွားကြဖို့လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောကြား လိုက်ပါတယ်။
နေပြည်တော်ရှိ သမ္မတရုံးမှာပြုလုပ်နေတဲ့ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ရဲ့ (၁/၂၀၁၁) ညှိနှိုင်းအစည်းအဝေးမှာ သမ္မတ ဦးသိန်စိန်က ပြည်ထောင်စုဝန်ကြီးတွေကို အမှာစကား ပြောကြာမှာ ထည့်သွင်း ပြောကြားလိုက်တာလဲဖြစ်ပါတယ်။
ဒါအပြင် စီမံကိန်းလုပ်ငန်းကြီးတွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ ငွေကြေးသုံးစွဲမှုအပိုင်းမှာ မကုန်သင့်တာတွေကို မကုန်ကျရအောင် စိစစ်သုံးစွဲကြဖို့ အလေအလွင့်ဆုံးရှုံးမှုတွေ မရှိအောင်၊ မသမာမှုတွေ မလုပ်နိုင်အောင် တာဝန်ရှိသူ အဆင့်ဆင့်က အောက်ခြေလုပ်ငန်းခွင်အထိ အရောက်သွားပြီး စစ်ဆေးကြပ်မတ် ပြုပြင်ပေးကြဖို့လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဒီအစည်းအဝေးပွဲကို ပြီးခဲ့တဲ့သောကြာ နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်ဝန်ကြီးချုပ်က အကောင်အထည် ဖော်ဆောင်ရွက်ဖို့ရှိနေတဲ့ အထူးစီမံကိန်းတွေကို တင်ပြဆွေးနွေးနေကြတာလဲဖြစ်ပါတယ်။
Leave a Reply