သတင်း, သမ္မတ, အစိုးရအဖွဲ့, အနုပညာ

အစိုးရသစ်လက်ထက် ဆင်ဆာများလျှော့ရန် တောင်းဆို


အံ့ဘုန်းမြတ် ၃၁ မတ် ၂၀၁၁ (ဒီဗွီဘီ)

အစိုးရသစ်လက်ထက် အနုပညာ နယ်ပယ်မှာ ချမှတ်ထားတဲ့ တင်းကျပ်တဲ့ ဆင်ဆာမူဝါဒတွေကို လျှော့ပေါ့ ပြောင်းလဲပေးဖို့ ရုပ်ရှင်လောက သားတွေက တောင်းဆိုလိုက်ကြပါတယ်။ တိုင်းပြည်ကို ၂၂ နှစ်ကျော် အုပ်ချုပ်ခဲ့တဲ့ နအဖစစ်အစိုးရက အရပ်သားတပိုင်း အစိုးရသစ်ကို  အာဏာလွှဲပြောင်း ပေးလိုက် ချိန်မှာပဲ သမ္မတဦးသိန်စိန် ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေလည်း အသက်ဝင်လာပြီ ဖြစ်တာ ကြောင့် ရုပ်ရှင်၊ ဗွီဒီယိုတွေမှာ ချမှတ်ထားတဲ့ တင်းကျပ်တဲ့ ဆင်ဆာမူဝါဒတွေကို လျှော့ပေါ့ပေးဖို့ လိုအပ်လာပြီလို့ ရုပ်ရှင် လောကသားတွေက ပြောကြားလိုက်ကြတာဖြစ်ပါတယ်။ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က

“လောလောဆယ် ဆင်ဆင်မူတွေ ပြောင်းစေချင်တယ်။ နောက်တခုက ဆင်ဆာရုပ်ရှင်လွတ်လပ်ခွင့်၊ အနုပညာ လွတ်လပ်ခွင့်တွေကို ရချင်တယ်။ အားလုံးကလည်း ဒီဟာကို မျှော်မှန်းနေကြတယ်။ နိုင်ငံတကာက သရဲကားတွေ ရိုက်နေကြတယ်၊ ရုံတင်နေကြတယ်။ နောက် သိပ္ပံကားတွေ၊ လူသတ်ကား၊ သမ္မတကို လုပ်ကြံတဲ့ကားတွေ အကုန်တင် နေကြတယ်။ လွတ်လွတ်လပ်လပ် ရိုက်နေကြတယ်။ ဗမာပြည်မှာ လွတ်လွတ်လပ်လပ် ရိုက်လို့မရဘူး။ အဲဒီ လွတ်လွတ်လပ်လပ် ရိုက်လို့ရတဲ့ဟာလေးတခု လိုချင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ ရုပ်ရှင်လုပ်ငန်းတွေကို ဈေးကွက် စီးပွားရေးစနစ်နဲ့အညီ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်တဲ့ ခိုင်မာတဲ့ ဥပဒေတွေကိုလည်း တင်သွင်း ပြဌာန်းပေးစေချင်ပြီး ဒီလိုလုပ်မှသာ မြန်မာ့ရုပ်ရှင်ဟာ နိုင်ငံတကာအဆင့်တန်း မီနိုင်လိမ့်မယ်လို့လည်း ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။ ရုပ်ရှင်နဲ့ ဗွီဒီယိုလောကသားတွေအနေနဲ့ ရှိနေပြီးသား ရုပ်ရှင်အစည်းအရုံးတို့ မြန်မာ့ရုပ်ရှင်လုပ်ငန်းတို့ကိုလည်း အားကိုးလို့မရတဲ့ အခြေအနေမျို ဖြစ်နေတာကြောင့် အောက်ခြေ လောကသားတွေအထိပါဝင်တဲ့ ကော်မတီမျိုးတွေ ဖွဲ့စည်းပြီး အစိုးရသစ်နဲ့ကြား ညှိနှိုင်းနိုင်ဖို့ ပြင်ဆင်စေချင်တယ်လို့လည်း ဒါရိုက်တာ သှျိုညိုထွန်းသိမ်းက ဆိုပြန်ပါတယ်။

“ကျနော်တို့ ရုပ်ရှင်ဗွီဒီယိုတွေမှာကတော့ ဦးဆောင်ဦးရွက် လုပ်ပေးမယ့်သူလည်း မရှိ။ ဒီလိုမျို ကော်မတီဖွဲ့မယ့်သူလည်း မရှိ ဖြစ်နေတယ်ဗျ။ ရုပ်ရှင်အစည်းအရုံးကတော့ ရုပ်ရှင်အစည်းအရုံး သပ်သပ်ပေါ့လေ။ ကျနော်ဆိုရင် စိတ်ကူးယဉ်ခဲ့ဖူး တယ်ခင်ဗျ။ ဒါရိုက်တာတွေအဖွဲ့က ဒါရိုက်တာတွေ အဖွဲ့ခေါင်းဆောင်၊ သရုပ်ဆောင်တွေအဖွဲ့က သရုပ်ဆောင်တွေ ခေါင်းဆောင်၊ အဲဒီခေါင်းဆောင်တွေက စုပြီးတော့ ရုပ်ရှင်ဗွီဒီယို အနုပညာမြင့်မားရေးအတွက် အဖွဲ့အစည်းတရပ် အရမ်း ပေါ်ချင်တာပဲဗျ။ အဲဒီလို အဖွဲ့အဖွဲ့တွေက ပေါင်းပြီးတော့ ကော်မတီလေး အဖွဲ့လေးတခု ရှိလို့ရှိရင် တက်လာမယ့် အစိုးရသစ်နဲ့ ညှိညှိနှိုင်းနှိုင်း ပြေပြေလည်လည် ညှိနှိုင်းလို့ရှိရင် ကျနော်တို့ အနုပညာလုပ်ငန်းတွေက ပိုကောင်းလာနိုင်တာပေါ့။”

ဝါရင့်ရုပ်ရှင်ဒါရိုက်တာ တဦးဖြစ်သလို ရုပ်ရှင်အစည်း အရုံးရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒါရိုက်တာ ဦးကြည်စိုးထွန်းကတော့

“ရုပ်ရှင်ဆင်ဆာကတော့ ရှိဦးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်ဆင်ဆာ ဆိုတာက ဟိုးလွန်ခဲ့တဲ့ နှစ်အတော်များများကတည်းက မြန်မာရုပ်ရှင်ပေါ်ပြီးတော့ လေးငါးဆယ်နှစ် လောက်ကတည်းက ဆင်ဆာဆိုတာ ဖြစ်လာတာ။ လျှော့ သာလျှော့မယ် ပျောက်မယ်တော့ မထင်ဘူး။ ဆင်ဆာ တနည်းနည်းနဲ့ ရှိနေမှာပဲ။”

ပေါ်ပေါက်လာမယ့် အစိုးရသစ်လက်ထက်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အရင်ဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းပဲ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပေါင်းစည်းပြီး ပြန်လည်တာဝန်ယူလာမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးရဲ့ ဒုဝန်ကြီးကတော့ ဦးစိုးဝင်းဖြစ်ပြီး သူကတော့ အရင်က သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဗိုလ်မှူးကြီး အငြိမ်းစားတဦး ဖြစ်ပါတယ်။ သူတို့လက်မှာ ရုပ်ရှင်လောကသားတွေအနေနဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်ဆောင်ရမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: