ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, သမ္မတ, အစိုးရအဖွဲ့, ရွေးကောက်ပွဲ, နိုင်ငံရေး

အစိုးရသစ်ကို လက်မခံကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ပြောကြား


အံ့ဘုန်းမြတ် ၉ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

၂၀၁၀ ရွေးကောက်ပွဲရလဒ်နဲ့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးလိုက်တဲ့ သမ္မတဦးသိန်စိန်အစိုးရကို အသိအမှတ် မပြုဘူးလို့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB (Forum For Democracy In Burma) က ပြောကြားလိုက်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင် တိုက်ဖျက်ပြီး ကြားဖြတ်အစိုးရဖွဲ့နိုင်တဲ့အထိ အကောင်အထည် ဖော်မယ်လို့လည်း ဒီလ (၄) ရက်နေ့ကနေ (၈) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အက်ဖ်ဒီဘီရဲ့ တတိယအကြိမ် ညီလာခံအပြီး ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။ ဒါ့အပြင် အစိုးရသစ်မှာ စစ်အုပ်စုရဲ့ ကြိုးကိုင်မှုတွေ ရှိနေဆဲကြောင့် နိုင်ငံရေးပြဿနာတွေကို ပြေလည်အောင် ဖြေရှင်နိုင်မယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာမှာမဟုတ်ဘူးလို့ အက်ဖ်ဒီဘီရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောကြား လိုက်ပါတယ်။

“ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အစိုးရအနေနဲ့ ကျနော်တို့ အသိအမှတ် မပြုနိုင်ဘူး။ လူထုရဲ့ဆန္ဒကိုလည်း ကိုယ်စားမပြုဘူး။ တော်တော်များများကို ကြည့်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ နအဖမှာပါတဲ့ ဗိုလ်ချုပ်တွေပါပဲ။ ဦးသိန်းစိန် ကိုယ်တိုင် တပ်မတော်ကခင်းတဲ့ လမ်းလေးတံတားလေးကို ဖြတ်ကျော်လာကြတာဆိုတဲ့ ပုံစံမျိုး ပြောသွားတာပဲလေ။ အဲတော့ သူတို့ဟာ စစ်အုပ်စုရဲ့ အဆက်ဖြစ်တယ်။ စစ်အုပ်စုကပဲ လွှမ်းမိုးချုပ်ကိုင်ထားတာ ဖြစ်တယ်။ စစ်အုပ်စုရဲ့ အမြင်တွေ၊ လမ်းစဉ်တွေနဲ့ ဆက်လက်လုပ်ဆောင်ပြီးတော့ သူတို့အာဏာကိုမြဲဖို့ လုပ်တာပါပဲ။ အဲ့တော့ စစ်အုပ်စုရဲ့ အတွေးအခေါ်တွေ ဆက်လက် ရှင်သန်နေသရွေ့ကတော့ တွေ့ဆုံဆွေးနွေးရေးကို သူတို့ဘက်က လုပ်လာဖို့ အနေအထား မရှိပါဘူး။”

တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့ နိုင်ငံရေးအင်အားစုတွေဘက်က အနှစ် ၂၀ ကျော်ကြာအောင် တောင်းဆိုနေပေမယ့်လည်း စစ်အစိုးရဘက်က တစုံတရာ လိုက်လျောမှု မရှိခဲ့တဲ့အပေါ်ကိုလည်း ခုလိုသုံးသပ်ပါတယ်။

“သူတို့တွေက ကျနော်တို့တွေရဲ့ ပြောနေတဲ့ဟာကို နားထောင်ချင်စိတ်ရှိလာနိုင်တဲ့ ဖိအားမျိုးကို ကျနော်တို့ လုံလုံလောက် လောက် မပေးနိုင်သေးဘူး။ နိုင်ငံရေးဖိအား၊ သံတမန်ဖိအား၊ လက်နက်ကိုင်ဖိအား အစရှိသဖြင့် ဖိအားပေါင်းစုံနဲ့ ကျနော်တို့ စုစုစည်းစည်းနဲ့ လုပ်ဖို့လိုမယ်။”

အားလုံးပါဝင်နိုင်မယ့် အသွင်ကူးပြောင်းရေးနဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်တဲ့အထိ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ် တွေကိုလည်း သူက အခုလို ပြောပြပါတယ်။

“စစ်အာဏာရှင်ရဲ့ အသုံးချခံဖြစ်နေတဲ့ စစ်တပ်ကိုတော့ ကျနော်တို့က စကားပြောဖို့၊ ဆွေးနွေးသွားဖို့ ဒီလို အသွင်းကူးပြောင်းရေးကာလမှာ ပါဝင်သွားဖို့ ကျနော်တို့အမြဲတမ်း လက်ကမ်းကြိုဆို သွားမှာပဲ ဖြစ်ပါတယ်။ အက်ဖ်ဒီဘီ အနေနဲ့ကတော့ ငြိမ်းချမ်းတဲ့နည်းနဲ့လုပ်တဲ့ လူထုတိုက်ပွဲနည်း၊ နိုင်ငံတကာရဲ့ ဖိအားကို ယူဆောင်တဲ့နည်း၊ အဲဒီကိစ္စတွေကို ဆောင်ရွက်နေတဲ့ အင်အားစုအားလုံး အသီးသီးကနေပြီးတော့ ဟန်ချက်ညီညီ လှုပ်ရှားမှုတွေအားလုံးကို ကြိုးစားသွားမယ်၊ အဲလိုဖိအားတွေကို ကြိုးပမ်းနေတဲ့ တပြိုင်နက်တည်းမှာပဲ ကူးပြောင်းရေးကာလအတွက် ဖြစ်လာလို့ရှိရင် ဘာတွေ လုပ်မလဲဆိုတဲ့ ပြင်ဆင်မှုတွေ လုပ်သွားမယ်။ ကြားဖြတ်အစိုးရတခု ပေါ်လာနိုင်ဖို့အတွက် ကြိုပြီးပြင်ဆင်မှုတွေ ကျနော်တို့ လုပ်သွား မယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေကို သမ္မတဦးသိန်စိန်ရဲ့ မိန့်ခွန်းတွေနဲ့ ဖြေရှင်းလို့ မရနိုင်တာ ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရဘက်က အန်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့လိုတယ်လို့လည်း ဒေါက်တာနိုင်အောင်က ပြောပါတယ်။

“ပြည်သူတွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို ရန်လိုနေတဲ့ အပြုအမူတွေ အားလုံးကို ရပ်တန့်ဖို့ လိုတယ်။ ဒီအဖွဲ့အစည်းတွေ အားလုံးနဲ့ ပြေပြေလည်လည် ဖြေရှင်းဖို့ လိုတယ်။ ဆွေးနွေးဖို့ လိုတယ်။ အဲလို လုပ်မနေဘဲနဲ့ ငါတို့ လုပ်ချင်တဲ့ပုံစံ ငါတို့သွားချင်တဲ့ပုံစံအတိုင်း လိုက်မှပဲ တိုင်းပြည်ရဲ့ ပြဿနာကို အဖြေရှာလို့ ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ မရဘူး။ ဒီလိုမူဝါဒမျိုးနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ကျနော်က ပြောချင်တာပါ။

အက်ဖ်ဒီဘီရဲ့ ၄ ရက်ကြာ တတိယအကြိမ်ညီလာခံက မဟာဗျူဟာ လုပ်ငန်းစဉ်တွေ၊ ရည်မှန်းချက်တွေကို အကောင် အထည်ဖော်ဖို့ ဒေါက်တာနိုင်အောင် အပါအ၀င် ၁၁ ဦးပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကိုလည်း ရွေးချယ်ပြီး ပြင်ဆင်ဖွဲ့စည်း ထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: