ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, သမ္မတ, အစိုးရအဖွဲ့, ရွေးကောက်ပွဲ, နိုင်ငံရေး, နိုင်ငံရေးပါတီများ

အစိုးရအဖွဲ့ ၀န်ကြီးဌာနစာရင်း ကြေညာ


အံ့ဘုန်းမြတ် ၈ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

ဒီကနေ့မှာ ပြန်လည်ခေါ်ယူတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ပေါ်ပေါက်လာမယ့် အစိုးရသစ်အဖွဲ့ရဲ့ ၀န်ကြီးဌာနတွေရဲ့စာရင်းတွေကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ သုံးရက်ကြာ ရပ်နားထားတဲ့ လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့မှာ ပြန်လည်ကျင်းပနေတဲ့အခါမှာ အစိုးရသစ်ရဲ့ ၀န်ကြီးဌာနတွေကို ပြည်ထောင်စုလွှတ်တော် သဘာပတိ ဦးခင်အောင်မြင့်က ထုတ်ပြန်ကြေညာလိုက် တာလည်းဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်ကြေညာလိုက်တာနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေက အခုလိုပြောပြပါတယ်။

“ဒီနေ့အစည်းအဝေး မနက်ပိုင်းမှာတော့ ကျနော်တို့ မဲထည့်ပုံထည့်နည်းတွေ၊ လျှို့ဝှက်မဲစနစ်နဲ့ မဲပေးရတာတွေကို အစမ်းပြုလုပ်ကြပြီးတော့ နေ့လယ် ၁ နာရီခွဲကနေ ၂ နာရီထိကို ၀န်ကြီးဌာနတွေ ဖွဲ့မယ့်အကြောင်း၊ သမ္မတတင်မယ့် ၀န်ကြီးဌာန ၃၄ ခုပေါ့။ ကျန်ာတို့ အစည်းအဝေးကို တက်နိုင်တဲ့ဦးရေ ၆၅၉ ဦးရှိတဲ့အထဲက ၆၅၈ ဦးတက်ပါတယ်။ တဦးပဲ ကျန်းမာရေးအခြေအနေအရ ပျက်သွားတယ်။ ၀န်ကြီးဌာန ၃၄ ခု ဖွဲ့မယ့်အကြောင်း၊ အဲဒါကို ကျနော်တို့ရဲ့ ပြည်ထောင်စုလွှတ်တော် သဘာပတိက ကြေညာပါတယ်။”

အခုထုတ်ပြန်လိုက်တဲ့ ၀န်ကြီးဌာန ၃၄ ခုထဲကနေ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နယ်စပ်စည်ပင်ဝန်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ထားမှာဖြစ်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ကတော့ ကျန်တဲ့ ၀န်ကြီးဌာန ၃၀ ရဲ့ ၀န်ကြီးတွေကို ခန့်အပ်ရမှာဖြစ်ပါတယ်။ ဒီလိုခန့်အပ်မယ့် ၀န်ကြီးတွေရဲ့ အမည်စာရင်းတွေကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်စိန်က မနက်ဖြန် ၉ ရက်နေ့မှာ တရားဝင်းအတည်ပြု ခန့်အပ်ဖို့ရှိတယ်လို့လည်း ဇေကမ္ဘာ ဦးခင်ရွှေက ဆိုပါတယ်။

“ကျနော်တို့ Constitution အရဆိုရင် ကာကွယ်ရေးတို့၊ ပြည်ထဲရေးတို့၊ နယ်စပ်စည်ပင်ဝန်ကြီးဌာနတို့၊ နိုင်ငံခြားရေးတို့ဆိုတာက ကာကွယ်ရေးဦးစီးချုပ်ကနေ တင်သွင်းမယ်။ ကျန်တဲ့ ၀န်ကြီးဌာန ၃၀ ကို မနက်ဖြန်မှာ ကြေညာပါ့မယ်။ ၀န်ကြီးတွေက ဘယ်သူတွေလဲဆိုတာ။

ဒီဌာနတွေရဲ့ ၀န်ကြီးတွေရဲ့အဖြစ်ကို လက်ရှိလုပ်နေတဲ့ ၀န်ကြီးတွေပဲ ဆက်ဖြစ်မလား၊ ဘယ်လိုတွေများ ဖြစ်လာနိုင်မလဲခင်ဗျ။

“အသစ်တွေလည်း ပါမယ်လေ။ အဟောင်းလည်း ရှိမှာပါ။ မနက်ဖြန်ကို ကြေညာပါ့မယ်။ အဲဒါကိုတော့ ကြိုမသိနိုင်သေးပါဘူး။ မူလတုန်းက အားလုံးတွက်ထားတာကတော့ ၀န်ကြီးဌာနတ၀က်လောက်ပဲ ပြန်ဖွဲ့မယ်။ ၀န်ကြီးဌာနတွေပေါင်းမယ်ဆိုပြီးတော့ အားလုံးထင်ထားကြတာ။ ဒီနေ့ သမ္မတကနေ အဆိုတင်သွင်းတဲ့ထဲမှာတော့ ၃၄ ၀န်ကြီးဌာနဆိုတော့ အရင်တိုင်းပါပဲ။ ၀န်ကြီး ၃၄ ဦး ခန့်ပါမယ်။ ”

ရေးရာကော်မတီအကြောင်းကိုရော ဘာတွေများ ထည့်ပြောတာများရှိလဲဗျ။

“ရေးရာကော်မတီမှာက Constitution အရတော့ အဓိကကတော့ ရေးရာ သုံးရပ်လောက်ပဲရှိတော့ အဲဒီထဲမှာမှ စီးပွားရေးရာတို့၊ ပညာရေးရာတို့၊ ကျန်းမာရေးရာတို့ အဲဒါတွေ ထပ်ပြီးတော့ ထည့်ဖို့အတွက် အန်ကယ်တို့ တပ်တင်ဖို့ ရှိပါတယ်။ မနက်ဖြန်ကို စီးပွားရေးရာကော်မတီဖွဲ့ဖို့ဆိုတာ အကြံပြုတင်ပြဖို့ရှိပါတယ်။ နိုင်ငံတော်ထူထောင်တဲ့နေရာမှာ စီးပွားရေးကလည်း အဓိကအခန်းကဏ္ဍကျပါတယ်။ စီးပွားရေးကောင်းရင် ဘာပြဿနာမှမရှိဘူး။ အဲတော့ စီးပွားရေးကောင်းအောင်လုပ်ဖို့ လိုအပ်တယ်လေ။ အဲဒါကြောင့် စီးပွားရေး ရေးရာ ကော်မတီဖွဲ့ဖို့ဆိုတာ အန်ကယ်တင်ဖို့ ရှိပါတယ်။

သမ္မတက မိန့်ခွန်းပြောတာမျိုး အစီအစဉ်တွေ လုပ်ဖို့ ရှိလားခင်ဗျ။

“အဲဒါကတော့ အချိန်တန်ရင်လာပါ့မယ်။ သူက သူနဲ့ လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့တွေကို အရင်ဖွဲ့မယ်။ အစိုးရအဖွဲ့တွေကလည်း ပြည်ထောင်စုလွှတ်တော်ကို တင်ဖို့ဖွဲ့နေရတော့။ သူ့အစီအစဉ်နဲ့ လုပ်နေတယ်။ အန်ကယ်တို့ အစည်းအဝေးကလည်း တော်ရုံနဲ့ ပြီးမှာမဟုတ်သေးဘူး။ ၀န်ကြီးတွေရွေးမယ်၊ ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်တွေကို တခါတင်ရဦးမယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံတွေ အကုန်တင်ရမယ်။ မတ်လလယ်လောက်မှာတော့ ၀န်ကြီးတွေရော၊ ၀န်ကြီးဌာနတွေရော အကုန်လုံး အပြီးထိုင်ပြီးတော့ အလွှဲအပြောင်းတွေ အကုန်လုပ်ကြမယ်လို့ ထင်ပါတယ်။”

အခု ပြည်ထောင်စုလွှတ်တော် သဘာပတိကထုတ်ပြန်လိုက်တဲ့ ၀န်ကြီးဌာနတွေမှာတော့ သမ္မတရုံးဝန်ကြီးဌာန၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနနှစ်ခု ပိုမိုပါဝင်လာပြီး အရင်က ရှိခဲ့တဲ့ ၀န်ကြီးဌာန ၃၂ ခုလုံး ပြန်လည်ပါဝင်လာတာလည်း ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနတွေကတော့

၁။ ကာကွယ်ရေး

၂။ပြည်ထဲရေ။

၃။ နယ်စပ်ရေးရာ

၎။နိုင်ငံခြားရေး

၅။ ပြန်ကြားရေး

၆။ လယ်ယာစိုက်ပျိုးရေး

၇။ ဘဏ္ဍ/အခွန်

၈။ဆောက်လုပ်ရေး

၉။အမျိုးသားစီမံကိန်း

၁၀ စီးပွား/ကူးသန်း

၁၁။ ဆက်သွယ်ရေး

၁၂။ လူမှုဝန်ထမ်း

၁၃။ သစ်တောရေးရာ

၁၄။မွေးမြူရေး/ရေလုပ်ငန်း

၁၅။သတ္တုတွငင်း

၁၆။သမ၀ါယမ

၁၇။ အလုပ်သမား

၁၈။ ပို့ဆောင်ရေး

၁၉။ ဟိုတယ်/ခရီး

၂၀။ အမှတ်(၁)စက်မှု

၂၁။ အမှတ်(၂)စက်မှု

၂၂။ ရထား

၂၃။စွမ်းအင်

၂၄။ အမှတ်(၁) လျှပ်စစ်

၂၅။ အမှတ်(၂) လျှပ်စစ်

၂၆။ပညာရေး

၂၇။ ကျန်းမာရေး

၂၈။ ယဉ်ကျေးမှု

၂၉။သာသနာရေး

၃၀။သိပ္ပံ/နည်းပညာ

၃၁။လူဝင်မှုကြီးကြပ်ရေးး

၃၂။အားကစား

၃၃။ သမ္မတရုံး

၃၄။မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: