ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး, နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီ ၁၀ ခုကျော် ပြည်ထောင်စုနေ့အခမ်းအနား စုပေါင်းပြုလုပ်ရန် စီစဉ်


အံ့ဘုန်းမြတ် ၇ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ၁၀ ခုကျော် လာမယ့် ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို စုပေါင်းကျင်းပနိုင်ဖို့ စီစဉ်နေကြတယ်လို့သိရပါတယ်။

ဒီပါတီတွေအနေနဲ့ ဒီမိုကရေစီမိတ်ဆွေပါတီများ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးကော်မတီကိုပါ ဒီကနေ့မှာ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ဖြစ်မြောက်ရေးကော်မတီမှာပါဝင်တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးသိန်းတင်အောင်က ဆိုပါတယ်။

“ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးခန်းမှာ နေ့လယ် ၂ နာရီကနေ ၄ နာရီခွဲလောက်ထိ လုပ်ကြတယ်။ ဒီမိုကရေစီမိတ်ဆွေပါတီများရဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခန်းအနားပေါ့။ အဲဒီမှာ ပါတီတပါတီချင်းစီက တာဝန်ရှိ ပုဂ္ဂိုလ်တယောက်စီ ကျင်းပရေး ကော်မတီမှာပါတယ်။ အဲဒီ ကျင်းပရေးကော်မတီကမှတဆင့် ပြန်ကြားရေးကော်မတီတို့၊ ဧည့်ခံကြိုဆိုရေးတို့၊ နေရာချထားရေး ကော်မတီတို့ အဲဒါလေးတွေ ပြန်ဖွဲ့ပြီးတော့ ကော်မတီလေးဖွဲ့ပြီးတော့ ဆောင်ရွက်မယ်။”

အဲ့ဒီနေ့မှာတော့ ဒီမိုကရေစီမိတ်ဆွေပါတီတွေအနေနဲ့ ပြည်ထောင်စုနေ့ ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ဖို့ရှိနေပြီး လောလောဆယ်မှာတော့ ပါတီအားလုံးက အဆိုပြုလွှာတွေ တင်သွင်းထားတယ်လို့လည်း ဦးသိန်းတင်အောင်ကဆိုပါတယ်။ ပြည်ထောင်စုနေ့အခမ်းအနားကို ဒီမိုကရေစီမိတ်ဆွေပါတီတွေအနေနဲ့ ပူးပေါင်းပါဝင်ကြမယ့် နိုင်ငံရေးပါတီတွေမှာတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ၀ံသာနုအန်အယ်လ်ဒီနဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: