ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ဒီဗွီဘီနှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုယ်စားလှယ်တချို့ တိုင်ကြားခံရ


အံ့ဘုန်းမြတ် ၁၃ ဇန်န၀ါရီ ၂၀၁၀ (ဒီဗွီဘီ)

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တချို့က အရွေးခံချယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေကို တရားစွဲဆိုလာတာတွေ များလာသလို ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားမှုတွေလည်း ပါဝင်လာပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကနေ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ ဒီပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေတို့ကို တရားစွဲဆိုတဲ့အမှုမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) နဲ့ စကားပြောတယ်ဆိုတဲ့ စွဲချက်တခုလည်း ပါဝင်နေတာပါ။ ဒီလို တိုင်ကြားခံထားရတာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တီပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။

“စွဲတာကတော့ သူက ဒေါက်တာညိုညိုသင်းကို စွဲတာ။ ဒေါ်ညိုညိုသင်းလည်း ခင်ဗျားတို့နဲ့ တခါ အင်တာဗျူးလုပ်ဖူးတယ်နဲ့ တူပါတယ်။ အဲဒါလည်းပါတယ်။ နောက်ပြီးတော့ ကျနော်က ခင်ဗျားတို့နဲ့ ဆက်ပြီးတော့ အင်တာဗျူးလုပ်တယ်ပေါ့။ ဒါ မဆက်သွယ်သင့်တဲ့ အဖွဲ့အစည်းကို ဆက်သွယ်တယ်ပေါ့ဗျာ။ အဲဒါ သူတို့က တရားမ၀င်တဲ့ အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အဲဒီစွပ်စွဲချက်နဲ့ ဒေါက်တာ ညိုညိုသင်း ဖယ်ပေးပါပေါ့နော် အဲ့ဒီလို တိုင်တာ။”

ဒီလို တရားစွဲဆိုခံ ကိုယ်စားလှယ်တွေကို တရားရုံးတွေက ရုံးတော်တွင်း ကြားနာမှုတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို မပြောဖို့နဲ့ မဆက်ဆံဖို့၊ အဆက်အသွယ် မလုပ်ကြဖို့ ဖိအားတွေပေးနေမှုတွေ ရှိတယ်လို့ အမှုရင်ဆိုင်နေကြရတဲ့ ကိုယ်စားလှယ်တချို့က ပြောပါတယ်။ ပြည်ပမီဒီယာတွေကပဲ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ သတင်းတွေ၊ လှုပ်ရှားမှုတွေကို အဓိက ဖော်ပြပေးနေကြရတာ ဖြစ်တယ်လို့လည်း ဦးသုဝေ က ပြောပါတယ်။

“ကျနော်ကတော့ ဒါတွေက မမှုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းဌာနနဲ့ နိုင်ငံရေးသမားက ဆက်သွယ်မှာပဲ ပြောမှာပဲပေါ့နော်။ ဆက်သွယ်လို့လည်း ရနေတာကိုး ဟုတ်ဖူးလား။”

လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲအတွင်း မဲလိမ်မှု၊ မဲသမာမှု၊ ဥပဒေ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုပေါင်း ၃၀ လောက် ရှိပါတယ်။ အဲဒီထဲ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၈၈၂ ဦးနဲ့ အများဆုံးအနိုင်ရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက အများစု တိုင်ကြားထား ကြတာ ဖြစ်ပါတယ်။ ဒီအမှုတွေကို နေပြည်တော်တရားရုံးချုပ် အပါအ၀င် တရားရုံးအသီးသီးက အပြီးသက် ကြားနာ စစ်ဆေးမှုတွေ မပြုလုပ်သေးတာကြောင့် တရားရင်ဆိုင်နေကြရတဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ အမှုမပြတ်သေးခင် လာမယ့် ၃၁ ရက်နေ့ လွှတ်တော်ခေါ်တဲ့အခါ တက်ရောက်ကြရဦးမှာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

One thought on “ဒီဗွီဘီနှင့် ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုယ်စားလှယ်တချို့ တိုင်ကြားခံရ

  1. နအဖစစ်အစိုးရက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖေါ်နေပါတယ်ဆိုပြီး ရွေးကောက်ပွဲလည်း လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအရေးကို ဆောင်ရွက်နေသူများဖြစ်ပါလျက် သတင်းဌာနနဲ့တောင် လွတ်လပ်စွာ ပြောဆိုခွင့် မရဘူးဆိုတော့ လွှတ်တော်မှာ ရွေးချယ်ခံကိုယ်စားလှယ်တွေ၊ တပ်မတော်မှ စေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေ တိုင်းပြည်အကျိုးအတွက် ပါးစပ်ဖွင့်၊ စကားပြောဆွေးနွေးခွင့်ရော ရပါ့မလားလို့ စဉ်းစားစရာပါ။

    စစ်အစိုးရဟာ ဖြောင့်မတ်တဲ့သဘောရှိမယ်ဆိုရင်တော့ ဘယ်သူတွေ၊ ဘယ်သတင်းဌာနနဲ့ အခြေအနေ အဖြစ်အပျက်မှန်တွေ ဘယ်လိုပဲပြောနေပါစေ။ မှားနေရင် ကိုယ်က ဆင်ခြင်၊ ပြင်ဆင်ဖို့သာဖြစ်ပြီး၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးသဘောတရားအရ အလေးထား၊ ခွင့်ပြုနားလည်ပေးရမှာသာ ဖြစ်ပါတယ်။

    Posted by အောင်မြတ် | January 21, 2011, 12:23 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: