ဇန်န၀ါရီလ ၁၁ ရက်နေ့ (အင်္ဂါနေ့) မှာ အဆုတ်ဝေဒနာနဲ့ ကွယ်လွန်ခဲ့တဲ့ မြန်မာစာပေလောကနဲ့ ရုပ်ရှင်လောကတွေမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ အသက် (၆၅) နှစ်ရဲ့ ဈာပနကို ဒီကနေ့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက် (ကြာသပတေးနေ့) နေ့လည် (၃း၀၀) နာရီအချိန်က ရေဝေးသုဿန်မှာ ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ စီစဉ်ပေးမှုတွေနဲ့ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
ဆရာမောင်ဝဏ္ဏရဲ့ ဈာပနအခမ်းအနားကို စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်အသီးသီးက အနုပညာသမားတွေနှင့် ဆရာမောင်ဝဏ္ဏရဲ့ အနုပညာကိုချစ်မြတ်နိုးကြတဲ့ ပြည်သူလူထုအပေါင်းတို့မှ လာရောက်ပြီး ဆရာရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြပါတယ်။ ဆရာမောင်ဝဏ္ဏရဲ့ ဈာပနအခမ်းအနားမှတ်တမ်းတင်ဓာတ်ပုံအချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
Leave a Reply