သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ


၁၇ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

ရွေးကောက်ပွဲမကျင်းပမယ့် ဒေသများ ကော်မရှင်ကြေညာ

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စတဲ့ ပြည်နယ်ငါးခုက ကျေးရွာအုပ်စုပေါင်း ၃၀၀ လောက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်နိုင်တဲ့ အခြေအနေမျိုးမရှိတဲ့အတွက် ကျင်းပပြုလုပ် ပေးမှာမဟုတ်တဲ့အကြောင်းနဲ့ ဒီဒေသတွေရဲ့ စာရင်းတွေကို ရွေးကောက်ပွဲကျင်း ပရေးကော်မရှင်က ဒီလ (၁၆) ညက အစိုးရပိုင် ရုပ်သံလိုင်းတွေကတဆင့် ကြေညာ လိုက်ပါတယ်။ ဒီကြေညာ ချက်ထဲမှာ မဲဆန္ဒနယ်တမြို့နယ်လုံး ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မဲဆန္ဒနယ် မြို့နယ် (၄) ခုရှိပါတယ်။ အဲဒီဒေသတွေကတော့ လက်နက် ကိုင်အင်အား ၂ – သောင်းကျော်ရှိပြီး နယ်ခြားစောင့်နဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောထားတဲ့ ဝသပ “ဝပြည် သွေးစည်းရေးတပ်မတော်” ထိမ်းချုပ်ဒေသက မြို့တော်ပန်ဆန်း၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော မြို့နယ် တို့ပဲဖြစ်ပါတယ်။  ကျေးရွာအုပ်စု အလိုက် ရွေးကောက်ပွဲမကျင်းပမယ့်ဒေသ တွေကတော့ “ကချင်ပြည် လွတ်လပ်ရေးတပ်မတော်” ကေအိုင်အေနယ်နဲ့ ဆက်နေတဲ့ ကချင်ပြည်နယ်အတွင်းက ကျေးရွာ အုပ်စုပေါင်း ၆၈ ခု၊ နောက်တခါ ကယားပြည်နယ် ဖရူဆိုနဲ့ ဖားဆောင်းဒေသ ကျေးရွာတချို့၊ မွန်ပြည်သစ်ပါတီရဲ့ အမာခံနယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ကျိုက်ထိုနဲ့ ဘီလင်းမြို့နယ်အတွင်းက ကျေးရွာတချို့အပါအ၀င်နဲ့ ကရင်ပြည်နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၁၅၀ ကျော် စုစုပေါင်း ကျေးရွာအုပ်စု ၃၀၀ နီးပါးရှိနေတာပါ။ ဒီလိုမကျင်းပပဲ ဖျက်သိမ်းလိုက်တဲ့အတွက် လူဦးရေသန်းနဲ့ ချီပြီး မဲပေးခွင့်ဆုံးရှုံးနစ်နာဖို့ ရှိတဲ့အကြောင်းနဲ့  ရှမ်းပြည်နယ် တခုထဲမှာပဲ မဲဆန္ဒရှင် ၂ သန်းလောက် မဲပေးခွင့်ထိခိုက်နာခဲ့ရတယ်လို့  ရှမ်းနိုင်ငံရေးပါတီခေါင်းဆောင် တဦးက ပြောပါတယ်။ ကရင်ပြည်နယ်ထဲမှာရှိတဲ့ မဲဆန္ဒနယ်မြေ (၇) အတွင်းက  ကျေးရွာအုပ်စု (၁၅၅) စုမှာလည်း ရွေးကောက်ပွဲ မကျင်းပဘူးဆိုတာကြောင့် အဲ့ဒီမဲဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အခက်ဖြစ်သွားရပါတယ်။ ကော်မရှင်ကို တောင်းဆိုလည်း လိုက်လျှောမှာ မဟုတ်တာကြောင့် မတောင်းဆိုတော့ပဲ ရသလောက်နဲ့ပဲ ၀င်ပြိုင်မယ်လို့ ဒီပါတီရဲ့ ဥက္ကဌ ဦးခင်မောင်မြင်က ဒီဗွီဘီကိုပြောပါတယ်။
———————————————————

ဆန္ဒမဲပေးခွင့်ရှိသူများစာရင်း ကြေညာတော့မည်

ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင်ရှိသူ စာရင်းကို စက်တင်ဘာ ၂၀ ရက်နေ့မှာ တနိုင်ငံလုံးက  ရပ်ကွက် ကျေးရွာအုပ်စုတွေမှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ ဒီလ ၁၇ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန် ထားပါတယ်။ ဒါအပြင် ရက်ပေါင်း ၁၈၀ ထက်ကျော်ပြီး  မဲဆန္ဒနယ် အပြင်ဘက်မှာ ရောက်ရှိနေသူတွေအနေနဲ့ ကိုယ်ရောက်နေတဲ့နေရာမှာ ဆန္ဒမဲပေးချင်ရင် ရက်ပေါင်း ၃၀ ထက်နောက်မကျစေပဲ ကျေးရွာရွပ်ကွက်ကော်မရှင်ရုံးတွေမှာ လျောက်ထားရမယ်လို့လည်း ပါရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် မေလကထုတ်ပြန်တဲ့ စာရင်းတွေအရ လူဦးရေ ၅၇ သန်းကျော်ရှိနေပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ ၂၇ သန်း ကျော်ရှိနေပါတယ်။ အဲ့ဒီထဲက ပြည်ပမှာ ရောက်ရှိနေသူ မြန်မာနိုင်ငံသား သန်းကျော်ရှိနေပြီး အဝေးရောက်မဲပေးခွင့်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူးခင်ဗျာ။

———————————————————

မဲရုံမှူး၊ မဲရုံကိုယ်စားလှယ်တွေအဖြစ် လူငယ်များကို စည်းရုံး

ရန်ကုန်အပါအ၀င် နယ်မြို့တွေရဲ့ ရပ်ကွက်တွေမှာ ရပ်ကွက်အာဏာပိုင် ရယက အဖွဲ့ဝင်တွေက လူငယ်တွေကို နာမည်နဲ့ လိုက်ရှာပြီး မဲရုံမှူးနဲ့ မဲရုံကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဖို့ စာရင်းသွင်းနေကြတယ်လို့ စာရင်းသွင်းခံထားရတဲ့ လူငယ်အချို့က ပြောပါတယ်။ လူဝန်မှုကြီးကြပ်ရေးကနေရရှိထားတဲ့ အိမ်ထောင်စုစာရင်းတွေအလိုက် နာမည်၊ မှတ်ပုံတင်နဲ့အတူ ရပ်ကွက် ဥက္ကဌတွေက ဆင့်ခေါ်နေတာဖြစ်ပြီး မဲရုံမှူး၊ မဲရုံကိုယ် စားလှယ်တွေအတွက် ခန့်အပ်ဖို့ လျှာထားနေတာလဲ ဖြစ်ပါတယ်။

———————————————————

ရွေးကောက်ပွဲဆန့်ကျင်ရေး စာဖြန့်မှုနဲ့စွတ်စွဲပြီး ကျောင်းသား ၅ ဦးကို ဖမ်းဆီ

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကန် ၁၈ ရပ်ကွက် ဗိုလ်တေဇလမ်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လက်ကမ်းစာစောင် ဖြန့်တယ်လို့စွတ်ပြီး ကျောင်းသား ၅ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ ဒီလူငယ်တွေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို ကြက်ခြေခတ် အမှတ်အသား ရေးခြစ်ထားမှုနဲ့ ပတ်သက်လို့လည်း စွပ်စွဲဖမ်းဆီးထားတာလို့ ဒီလူငယ်တွေရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ အဖမ်းခံနေရတဲ့ လူငယ် ၅ ဦးကတော့ မောင်ဇင်မင်းထက် (သမိုင်းအဓိက တက္ကသိုလ်ကျောင်းသား)၊ မောင်ကျော်သီဟ (ပထဝီဝင်အဓိက တက္ကသိုလ်ကျောင်းသား)၊ မောင်ချမ်းမြေ့အောင် (ဥပဒေအဓိက တက္ကသိုလ်ကျောင်းသား) နဲ့ ဂျီတီစီကျောင်းသားနှစ်ဦးဖြစ်တဲ့ မောင်သာထူးအောင်နဲ့ မောင်ဇာနည်လင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း ရွေးကောက်ပွဲဆန့်ကျင်ရေး၊ မဲမပေးရေး လက်ကမ်းစာစောင်ဖြန့်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ မောင်သိန်းဇော်နဲ့ မောင်ခိုင်ဇော်ဆိုတဲ့ လူငယ် ၂ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းစည်းထားပါသေးတယ်။ ဒီအဖမ်းအဆီးသတင်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။

———————————————————

အတုအယောင်ရွေးကောက်ပွဲအဖြစ် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးပြောကြား

နိုဝင်ဘာမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ မြန်မာရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး လက်ရှိစစ်အစိုးရကို အာဏာဆက်ရအောင် စီမံထားတဲ့ရွေးကောက်ပွဲပဲဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိဂ်က ကြေညာချက် ထုတ်ပြန်ပြီး ပြောကြားလိုက်ပါတယ်။ မြန်မာရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေကို သူတို့ရဲ့ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ငြင်းပယ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အကြောင်းနဲ့ တကယ်တမ်း ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းတခုဖြစ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။

————————————————–

ရွေးပွဲအား နိုင်ငံတကာ အသိအမှတ်ပြုမှာ မဟုတ်

မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး  ဒီကနေ့ ထိမြင်တွေ့နေရသလောက်ကတော့ နိုဝင်ဘာရွေး ကောက်ပွဲဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရမှာမဟုတ်ဘူးလို့  အာရှပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ကပြောကြားလိုက်ပါတယ်။ ၀ါရှင်တန်မှာပြု လုပ်တဲ့ အမေရိကန် ငြိမ်းချမ်းရေး သိပံ္ပဌာနမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာခုလိုပြော ဆိုလိုက်တာဖြစ်ပြီး  ရွေးကောက်ပွဲအလွန်ကာလမှာ လူသစ်အာဏာသစ်နဲ့ ပုံစံသစ်တွေ ဖန်တီးနိုင်မှာဖြစ်တဲ့အတွက် စောင့်ကြည့်ဖို့လိုတယ်လို့လည်းပြောသွားခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: