သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

နိုင်ငံရေးပါတီအများစု မဲရုံကိုယ်စားလှယ်ထားရှိရေး အခက်တွေ့


အံ့ဘုန်းမြတ် ၁၄ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲကာလအတွင်း အရပ်သားတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မဲရုံတွေမှာ မဲရုံကိုယ်စားလှယ်တွေ ထားရှိဖို့ အခက်အခဲဖြစ်နေကြပေမယ့် ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့ကတော့ မဲရုံကိုယ်စားလှယ်တွေကို အပြည့်အ၀ မထားရှိနိုင်မယ့် အခြေအနေမျိုးတွေဖြစ်နေပါတယ်။

ရွေးကောက်ပွဲကျင်းပရက်မှာ ကြံ့ခိုင်ရေးပါတီ ကတော့ မဲရုံတိုင်းလိုလိုမှာ ကိုယ်စားလှယ် နှစ်ဦးနှုန်း ထားရှိသွားမှာဖြစ်တယ်လို့ ဒီပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဦးတင်မောင်ဝင်က ပြည်တွင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ မဲရုံးကိုယ်စားလှယ်တွေကို ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့ကပဲ အပြည့် အ၀ထားရှိနိုင်မယ့် အခြေအနေမျိုးတွေ ဖြစ်နေပြီး ကျန်တဲ့အရပ်သားတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီ အများစုကတော့ မဲရုံကိုယ်စားလှယ်တွေ ထားရှိဖို့ အခက်အခဲဖြစ်နေကြ ပါတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က ဆိုပါတယ်။ ဒီလိုမထားရှိနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းဝင်းက အခုလို ရှင်းပြပါတယ်။

“မဲရုံကိုယ်စားလှယ်တွေထားရမှာပေါ့။ အဲဒီဟာကတော့ နည်းနည်းအခက် အခဲရှိတယ်။ ဘယ်လိုခက်ခဲတယ်ဆိုတော မဲရုံတွေက အခုအရေအတွက်လည်း ကျနော်တို့မသိရသေးဘူး။ ဘယ်မြို့နယ်မှာ ဘယ်လောက်အရေအတွက်ဆိုတာ မသိရ သေးဘူး။ မြို့နယ်ကြီးတွေမှာဆိုရင် ပိုပြီးများမှာပေါ့။ ထားရမှာ သူက မဲရုံကိုယ်စား လှယ်ထားလို့ရတယ်၊ အကူကိုယ်စားလှယ်ထားလို့ရတယ်။ မဲရုံစာရေးထားလို့ရတယ်။ မဲရုံကိုယ်စားလှယ်နဲ့ အကူကိုယ်စားလှယ် ၂ ဦးဆိုရင် ဥပမာ မြောက်ဥက္ကလာတို့လိုနေရာတွေ၊ လှိုင်သာယာတို့လိုနေရာတွေကျတော့ မဲရုံက ၂၀၀ လောက် ရှိတယ်ဆိုရင် ကျနော်တို့က ၄၀၀ ဆိုရင် ထားဖို့မတတ်နိုင်ဘူးလေ။ ထားလို့ရှိရင်လည်း ကျနော်တို့က ငွေ မရှိဘူး။ ကိုယ်စားလှယ်လောင်းတွေမှာ ငွေကြေး အခက်အခဲအများကြီးရှိတယ်။”

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းဝင်း ပြောခဲ့တာပါ။ ဒါအပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက အခုလို သုံးသပ်ပြောဆိုပါတယ်။

“မဲရုံကလည်း တနယ်တနယ်ဆို မဲဆန္ဒနယ်တခုဆို တော်တော်များတယ်။ တချို့ဆိုလို့ရှိရင် ၂၀၀ ကျော်တောင်ရှိတယ်။ ၂၀၀ ကျော်ရှိတယ်ဆိုတော့ ဥပမာ မဲရုံတရုံကို ကိုယ်စားလှယ်တယောက်ပဲထားဦး ဘာဖြစ်လို့လဲဆိုတော့ ဒီကိုယ်စား လှယ်တွေအတွက်လည်း ကိုယ်ကတာဝန်ယူရမှာကိုး။ တာဝန်ယူတယ်ဆိုတာ ကျွေးမွေးတာက အစပေါ့လေ။ ကိုယ်က တာဝန်ယူရမယ်ဆိုတော့ တော်တော်ခက်တယ်။ တော်တော်ခက်တယ်ဆိုတာ ကျမတို့အနေနဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလည်း အကုန်လုံးက ငွေရေးကြေးရေးပဲလေ။ ငွေရေးကြေးရေးက စကားပြော တာပေါ့နော်။ ပြီးတဲ့အခါကျတော့ ဒီမဲရုံကိုယ်စားလှယ်ရှာရတာကလည်း အဲဒီမြို့နယ်က မဲပေးနိုင်တဲ့သူပဲဖြစ်ရမယ်။ တခြားမဲဆန္ဒနယ်ကလည်း လာကူလို့မှမရတာ၊ သူ့ ဥပဒေမှာပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ မဲပေးနိုင်တဲ့သူပဲ ဖြစ်ရမယ်ဆိုတော့ အဲဒီဟာတွေက တော်တော်ခက်တယ်။”

ဒေါ်သန်းသန်းနုဟာ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်မြေ (၂) မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ အခုလို မဲရုံကိုယ်စားလှယ်ထားရှိရေး အခက်အခဲနဲ့အတူ ကော်မရှင်က ပြဌာန်းထားတဲ့ ရှုပ်ထွေးတဲ့ ဆန္ဒမဲပေးစနစ်ကြောင့် ပါတီမဲအောင် နိုင်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး ဆန္ဒမဲပေးစနစ်ကို မဲဆန္ဒရှင်ပြည်သူတွေကို ပညာပေးလုပ်ဆောင်ကြရမယ့် အခြေအနေမျိုးတွေလည်း ဖြစ်ပေါ်နေပြန်တယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မျက်မှောက်ခေတ် နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးတွေကို ရေးသားနေသူ ပြည်သူခေတ်ဂျာနယ်နဲ့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒီမဲပေးတဲ့ စနစ်ကြီးက ရှုပ်ထွေးတယ်။ လူတွေသိပ်နားမလည်နိုင်ဘူး။ ဘာညာနဲ့ အခုနေမှာပြောနေတော့လည်း မတတ်နိုင်တော့ဘူးဗျ။ ဒီအတိုင်းပဲ လုပ်သွားမှာပဲ။ ဒီအတိုင်းလုပ်သွားမယ် အတူတူဆိုရင်တော့ ဒီအတိုင်းလုပ်မယ့် စနစ်ကိုပဲ ပြည်သူလူထုက သေချာသဘောပေါက်ပြီးတော့ မှန်မှန်ကန်ကန်ပေါ့ဗျာ။ ပေးဖို့ကတော့ လူတွေမှာ အရေးကြီးတာက မကြောက်ဘဲနဲ့ မဲပေးရမယ်။ မှန်မှန်ကန်ကန် မဲပေးရမယ်။ နောက် ကိုယ်ပေးတဲ့ ဆန္ဒမဲက ထိရောက်မှုရှိရမယ်။ ဆိုလိုတာက ပယ်မဲအဖြစ်မခံရဘူးပေါ့ဗျာ။ အဲဒီလို ကျနော်က တိုက်တွန်းချင်တာပဲ။ လူအင်းအားမရှိဘူးဆိုရင် ရှိတဲ့အင်အားနဲ့ပဲ မဲဆန္ဒရှင်တွေကို လိုက်ပြီးတော့ အဲဒါ ပညာပေးရမှာပေါ့ဗျာ။ မဲပေးနည်းပညာပေးရမှာပေါ့။”

လက်ရှိအခြေအနေမှာတော့ နိုင်ငံရေးပါတီတွေက ဒီလ ၁၀ ရက်နေ့ နောက် ဆုံးတင်ပြခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: