(တနင်္ဂနွေသတင်း အစီအစဉ်)
ထက်အောင်ကျော် ၁၅ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
လာမယ့်နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် နိုင်ငံရေးပါတီ အသီးသီးဆီက တုန်ြ့ပန် ချက် ၃ မျိုးထွက်လာတာကို တွေ့ရပါတယ်။ ပထမတမျိုးကတော့ အဲဒီရက်အတိုင်းသာ ကျင်းပမယ်ဆိုရင် မဲဆွယ်စည်းရုံးချိန် ကြိုတင်ပြင်ဆင်ချိန် ဘာမှမရလိုက်တဲ့အတွက် အချိန်တိုးပေးရေး တောင်းဆိုဖို့ ဖြစ်ပါ တယ်။ ဒုတိယတမျိုးကတော့ စစ်အစိုးရဆီက ထွက်လာမယ့်အစီစဉ်တွေဟာ စစ်အုပ်စုစိတ်ကြိုက် အစီစဉ်တွေဖြစ်မယ် ဆိုတာကို ကြိုသိနေပြီးဖြစ်တဲ့အတွက် အဲဒါတွေကို သိပ်မပြောတော့ဘဲ ကိုယ်လုပ်စရာရှိတာကို မူလအစီစဉ်အတိုင်း ဆက်လုပ်ဖို့ ဖြစ်ပါတယ်။ တတိယ တမျိုးကတော့ ဒီရွေးကောက်ပွဲအပေါ် နဂိုကတည်းက ဝေဖန်နေပြီး သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အဖွဲ့တွေဆီကထွက်လာတဲ့ ထပ်မံခြိမ်းခြောက်သံတွေဖြစ်ပါတယ်။ သောကြာနေ့က မေးမြန်းခန်းခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုချက်တွေကို ကောက်နှုတ်ပြီး အခုတပတ် တနင်္ဂနွေသတင်းအစီစဉ်အဖြစ် တင်ပြသွားမှာ ဖြစ် ပါတယ်။
Leave a Reply