သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ယူဒီပီ ပါတီရပ်တည်ချက်များအတိုင်း ဆက်သွားမည်


အံ့ဘုန်းမြတ် ၁၂ သြဂုတ်လ ၂၀၁၀ (ဒီဗွီဘီ)

မကြာသေးခင်ကမှာ ပါတီကနေ ဥက္ကဌ ဦးဖြိုးမင်းသိန်း နှုတ်ထွက်သွားပေမယ့် UDP ပါတီအနေနဲ့ အရင်က ရပ်တည်ချက်တွေအတိုင်း ဆက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP က ဒီကနေ့မှာ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။ UDP ပါတီအနေနဲ့  ထုတ်ပြန်ခဲ့တဲ့ ကြေညချက်တွေပါ အကြောင်းအရာတွေဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေရန် လက်ရှိအစိုးရ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီးတွေပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီထူထောင်တဲ့အပေါ် လက်ရှိ တပ်မတော်အစိုးရအနေဖြင့် သမာသမတ်ကျစွာ ရပ်တည်ပေးရန်ဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကော်မရှင်ရဲ့ ညီမျှမှုမရှိတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးမှာပါဝင်ခွင့်ရှိရေးတို့ပါဝင်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး စတဲ့အချက်တွေကို ဆက်လက်တောင်းဆို သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီသတင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး UDP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းတင်အောင်က အခုလို ဖတ်ပြပါတယ်။

“ကျနော်တို့ပါတီသည် ပါတီတည်ထောင်စဉ်ကပင် ၂၀၁၀ ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်၍ တရားမျှတမှုရှိသည်ဟု ယုံကြည်မှုမထားခဲ့ပါ။ သို့သော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးအတွက် ရွေးကောက်ပွဲအား ဖြတ်သန်းရမည်ဟု လက်ခံထားခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု အရှိဆုံး ဖြစ်နိုင်သမျှ ဖြစ်ပေါ်လာစေရန် ရွေးကောက်ပွဲတွင် ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆိုရန် ၀န်လေးနေသော ကာလမှာပင် ကျနော်တို့သည် ထောက်ပြပြောဆိုခြင်း၊ တောင်းဆိုခြင်းများဖြင့် တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အဲဒီ ရည်ရွယ်ချက်တွေနဲ့ သတင်းထုတ်ပြန်တာပါ။”

ပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီမှ နှုတ်ထွက်သွားသွားတဲ့အပေါ်ကိုလည်း ဦးသိန်းတင်အောင်က

“ဦးဖြိုးမင်းသိန်း ထွက်သွားပေမယ့်လည်း ကျွန်တော်တို့ပါတီက အဲဒီမူတွေနဲ့ ဆက်သွားနေမယ်။ အဲတော့ ဦးဖြိုးမင်းသိန်းကတော့ ဒီလိုပဲ သူက နှုတ်ထွက်သွားတော့လည်း စိတ်မကောင်းတော့ဖြစ်တာပေါ့ နှုတ်ထွက်လွှာကို လက်ခံယုံမှတပါး အခြားမရှိတော့ပါဘူး။ အဲဒါလေးတွေလည်း ဒီသတင်းထုတ်ပြန်ချက်မှာ ထည့်ထားတယ်။”

လက်ရှိအခြေအနေမှာတော့ ပါတီယာယီဥက္ကဋ္ဌအဖြစ် ဦးသိန်းဌေးက ဆောင်ရွက်နေပြီး ဒီသတင်းထုတ်ပြန်ချက်ကို ဒီကနေ့မှာ ဖွင့်လှစ်ခဲ့တဲ့ UDP ပါတီရဲ့ ဒုတိယမြောက် မြို့နယ်ရုံးခွဲဖြစ်တဲ့ တွံတေးမြို့နယ် ပါတီရုံးခွဲဖွင့်လှစ်ပွဲမှာ ထုတ်ပြန်ခဲ့တာ လည်းဖြစ်ပါတယ်။ UDP ပါတီဟာ မြို့နယ်ပါတီရုံးခွဲတွေအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နဲ့ ရန်ကုန်တိုင်း တွံတေးမြို့တွေမှာသာ ရုံးခွဲဖွင့်လှစ်ထားနိုင်ပါ သေးတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: