သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

မဲဆန္ဒနယ် သတ်မှတ်ချက်များကို ထုန်ပြန်ကြေညာမည်


အံ့ဘုန်းမြတ် ၁၁ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

အစိုးရရုပ်သံလွှင့်မီဒီယာတွေကနေ မဲဆန္ဒနယ် သတ်မှတ်ချက်တွေကို မနက်ဖြန် သြဂုတ်လ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ကြေညာတော့မှာ ဖြစ်တယ်လို့ ထုတ်လွှင့် သွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ‘ခေတ်သစ်ပြည်သူ့ပါတီ’ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကို ဒီဗွီဘီ သတင်းထောက် ကိုအံ့ဘုန်းမြတ်က တိုက်ရိုက်ဆက်သွယ်မေး မြန်းထားပါတယ်။

အန်ကယ် ဦးထွန်းအောင်ကျော်ခင်ဗျာ။ အခု ၈နာရီ သတင်းမှာဘဲ လွှတ်တော်တွေနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒနယ်တွေ သတ်မှတ်ပြီးတော့ ဘယ်လိုတွေများ ကြေညာသွားလဲမသိဘူး။

“သူက မဲဆန္ဒနယ်မြေတွေကို တိုင်းနဲ့ပြည်နယ်မှာ ဘယ်လိုမဲဆန္ဒနယ် သတ်မှတ်တာကို ထုတ်ပြန်လိုက်တယ်။ အသေးစိတ်ကို မနက်ဖြန် သတင်းစာမှာ ဖော်ပြမယ်၊ ဒီလောက်ပါဘဲ။ မဲဆန္ဒနယ်ကို သူသတ်မှတ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ရက်ကိုလည်း မကြာခင် ကြေညာလာနိုင်တယ်လို့ အဲလိုတွက်လို့ရတယ်။ အခုတော့ အန်ကယ်တို့က မဲဆန္ဒနယ် မသတ်မှတ်ရသေးတော့ အန်ကယ်တို့ ကိုယ်စားလှယ်တွေကိုလည်း မသတ်မှတ်ရသေးဘူး။ မဲဆန္ဒနယ်တွေကို အတိအကျ သတ်မှတ်ပြီးတော့မှ ကိုယ်စားလှယ်တွေကို လျာထားရမှာ။ ဘယ်လိုသတ်မှတ်မယ်လို့မပါဘူး။ ကော်မရှင်က ကြေညာမယ်လို့ မဲဆန္ဒနယ်သတ်မှတ်ချက်ကို ဒီပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပါမယ်လို့ပဲပါတယ်။ အဲဒီအတိုင်း မနက် ဖြန်ထုတ်ပြန်လိုက်ရင် အဲဒါ မဲဆန္ဒနယ် သတ်မှတ်တာပဲ။”

မဲဆန္ဒနယ် ၃၃၀ တို့ဆိုတာတွေ ဘာတွေကော ဘယ်လိုများကွဲပြားလဲမသိဘူး။

“သူတို့က မဲဆန္ဒနယ် ၃၃၀ ရှိရမယ်။ ဒါက ဖွဲ့စည်းပုံက ပြဌာန်းထားတာတွေ၊ အဲဒီပြဌာန်းထားတဲ့ ဘောင်အတွင်းမှာမှပဲ ဘယ်နယ်ကို မဲဆန္ဒနယ်တခုသတ် မှတ်တယ်။ ဥပမာ တွံတေးမြို့နယ်မှာဆိုရင် မဲဆန္ဒနယ်ကနေ လူဦးရေအရ နှစ်ခု သတ်မှတ်တယ်။ အဲဒီထက်ပိုလို့ ရှိရင် မဲဆန္ဒနယ်ကို တစ်ခုသတ်မှတ်တယ်။ အဲဒါကို သူတို့ကြေညာမယ်။ အဲဒီသဘောပဲ ဘာမှတော့ အထူးအဆန်းမဟုတ်ဘူး။ မနက်ဖြန်သတင်းစာမှာဘဲ အတိအကျပါမှာ။ သတင်းက တိုတိုလေးကြေညာသွားတယ်။ ကြေညာလိုက်ပြီဆိုတော့ ရွေးကောက်ပွဲရက်ကို ကြေညာဖို့ရက်က နီးစပ်လာပြီလို့ တွက်လို့ရတယ်။ မကြာခင်မှာဘဲ ရွေးကောက်ပွဲရက်ကို ကြေညာလာ နိုင်တယ်လို့ ခန့်မှန်းနိုင်တယ်။”

ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးထွန်းအောင်ကျော်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: