သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ပညာပေးအဖွဲ့ ဖွဲ့စည်းခွင့်မရ


အံ့ဘုန်းမြတ် ၂၉ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

နအဖစစ်အစိုးရကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရရှိဘူးလို့ သိရပါတယ်။ အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင် ဦးဆောင်ပြီး လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လေ့လာစောင့်ကြည့် ပညာပေးအဖွဲ့ ဖွဲ့စည်းဖို့ အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေတွေအညီ သက်ဆိုင်ရာက ခွင့်မပြုသေးတာပါ။ ဒီလို ခွင့်ပြုချက် မရှိတာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း ဖြစ်မြောက်ရေး ဦးဆောင်ပြုလုပ်နေသူ အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

“အဲဒါကို သူတို့လုံးဝ ကျနော်တို့ကို အကြောင်းမပြန်ပါဘူး။ တခုက ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲ စောင့်ကြပ်ကြည့်ရှုရေးပေါ့ Election watch dog organization ကို နိုင်ငံတကာက တခြားနိုင်ငံကလူတွေကို လာခွင့်မပေးရင်တောင်မှ ကျနော့်တို့ကို လုပ်ခွင့်ပေးပါဆိုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီကို စာရေးတယ်။ နောက်တခုက မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်လို မဲပေးရမယ်။ ဘယ်လို မဲပေးခွင့်တွေရအောင် လုပ်ရမယ်။ ကိုယ့်မဲကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းရမယ် စတဲ့ ပညာပေးလုပ်ငန်း အစီအစဉ်တွေ ကျနော်လုပ်ချင်ပါတယ်။ ဒါလုပ်ခွင့်ပေးပါဆိုပြီး စာ ၂ စောင်ရေးခဲ့ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက စာ ၂ စောင်လုံးကို ဘာမှ အခုအချိန်အထိ မပြန်ပါဘူးခင်ဗျ။”

အဖွဲ့ ဖွဲ့စည်းဖို့ လွန်ခဲ့တဲ့ တလကျော်က စာရေးသား တောင်းဆိုခဲ့တာဖြစ်ပြီး ဒီနေ့အထိ အကြောင်းမကြားသေးဘူးလို့လည်း ဦးဝင်နိုင်က ဆိုပါတယ်။ ဒီလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးအတွက် စောင့်ကြည့်ပညာပေးအဖွဲ့ ဖွဲ့စည်းခွင့် မပေးတဲ့အပေါ်ကိုလည်း ဦးဝင်းနိုင်က

“အကြောင်းတရားတွေ ရှိပါတယ်။ အကြောင်းတရားတွေ ဆုံစည်းလာရင် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို ရှောင်လို့မရတာ ရှိတယ်။ ဒါကျနော်တို့ ဗုဒ္ဓဘာသာတင် မဟုတ်ပါဘူး။ ကမ္ဘာ့နိယာမ မှာလည်း ဒီလိုပါပဲ။ အဲတော့ အခုဟာကတော့ အ ကြောင်းတရားတွေက အကျိုးတရားတွေကို ဖြစ်ပေါ်စေမယ်ဆိုတဲ့နေရာမှာ ကောင်းတဲ့ အလားအလာတော့ သိပ်မရှိတော့တဲ့ အတွက် ဆိုးကျိုးတွေသာ ပိုများလာလိမ့်မယ်လို့ပဲ ကျနော်ယေဘူယျပဲ ပြောပါရစေ။ အဲတော့ ဒါကတော့ တော်တော်ကို စိတ် မချမ်းသာစရာ၊ ကောင်းတဲ့ လက်ရှိ အခြေအနေပေါ့ဗျာ။”

ဦးဝင်းနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ဧပြီလဆန်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဇွန်လဆန်းမှာ တရားဝင် စာရေးသားပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသားရေး ဦးဝင်းနိုင်ဟာ ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်းကြီးမြင့်မှု ကျဆင်းရေးကို ကိုထင်ကျော်နဲ့အတူ ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာ သံဃာလှုပ်ရှားမှုအတွင်းမှာလည်း လူရွှင်တော် ကိုဇာဂနာ၊ သရုပ်ဆောင် ကိုကျော်သူတို့နဲ့အတူ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ မကြာခဏ ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: