သတင်း

ဖားကန့်တံတားကျိုး၍ လူရှစ်ဦးထက်မနည်းသေဆုံး


အံ့ဘုန်းမြတ် ၂၇ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

မြန်မာနိုင်ငံရဲ့ အဓိကကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ ဘေလီတံတားကျိုးရာ သေဆုံးပျက်ဆီးမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။ ဥရုချောင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဖားကန့်မြို့လယ်ရှိ ဘေလီတံတား ဒီလ ၂၅ ရက်နေ့ နေ့ခင်းပိုင်းက ကျိုးကျခဲ့ပါတယ်။ ဒီလိုကျိုးကျခဲ့တာကြောင့် တံတားပေါ်ဖြတ်ကူးနေတဲ့ မြေသယ်ယဉ်တစ်စီး၊ ဆိုင်ကယ်သုံးစီးနဲ့ တံတားပေါ်လမ်း လျှောက်နေကြတဲ့ လူအချို့ပါဝင်ပြီး သေဆုံးသူ ၈ ဦး လောက်ရှိမယ်လို့ ဖားကန့်မြို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“၈ ဦးကတော့ ကျိန်းသေလောက်ပါတယ်။ ကျိုးကျတော့ လူကထိခိုက်ပြီး ရေနစ်သေတဲ့သဘောပါ။ ရိုးရိုးသာမန် ဖြတ်သွားဖြတ်လာလူလား။ အဲဒီကားပေါ် က လူလား။ နောက်ကားသမားတယောက်လည်း မတွေ့သေးဘူးလို့ပြောတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်တော့ ကျောင်းသားတွေ ကျောင်းတက် ကျောင်းဆင်းမရှိတာ တော်တော်လေးလည်းကံကောင်းပါ တယ်။ ကျနော်သိသလောက်တော့ မြေသယ်ကားတစီးနဲ့ ဘင်ကားတစီးပါတယ်။ အောက်ကျတဲ့ကားကတော့ ဆွဲတင်ပြီးသွားပြီ။ သူတို့က တံတားပြန်ဆောက်ဖို့လုပ်ငန်းတွေ လုပ်နေကြတယ်။”

ကျိုးကျခဲ့တဲ့ ဘေလီတံတားဟာ ကိုက် ၁၀၀ ခန့် အရှည်ရှိတဲ့ သံဘောင်၊ ပျဉ်ခင်းတံတားဖြစ်ပြီး ဥရုချောင်းတဘက်တချက်ရှိ ဌက်ပျောတောရပ်ကွက်နဲ့ မရှီး ကထောင်းရပ်ကွက်တွေကို ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားလည်းဖြစ်ပါတယ်။ ဒီ တံတားကို ကျောက်စိမ်းကုမ္ပဏီတွေက မြေသယ်၊ ကျောက်သယ်ကားတွေ စဉ်ဆက်မပြတ်အသုံးပြုနေပြီး တံတားပြုပြင်ထိန်းသိမ်းမှု အင်မတန်နည်းပါးတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

“ပြုပြင်ပြောင်းလဲမှုက ပြီးခဲ့တဲ့နှစ် တခါကျိုးတုန်းကတော့ ပြုပြင်ထားပါတယ်။ နောက်ပိုင်းအနေနဲ့ တွေ့ရှိသလောက်ကတော့ သံကအောက်မှာ ခင်းထားတဲ့ အတွက်လေ သစ်သားကျိုးရင်တော့ သံကကျွတ်နေတော့ မခံနိုင်ဘူး။ သံဘောင်တံ တားကြီးကိုတော့ ပြုပြင်ပြောင်းလဲမှုတော့ ကျနော်လည်းမတွေ့ရဘူးလေ။”

လွန်ခဲ့တဲ့ သတင်းပတ်တွေထဲမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖားကန့်ကျောက်စိမ်းဒေသတွင်းဖြစ်ပွားခဲ့ပြီး ငှက်ပျောတော၊ မရှီးကထောင်း၊ ဆိုင်းတောင်၊ အေးမြသာယာစတဲ့ရပ်ကွက် ရေလွှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ လုံးခင်းမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၆၀ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: