၆၃ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒီနေ့မနက်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေရင်းမှာရှိ အာဇာနည်ဗိမ္ဗာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ န၀တနဲ့ နအဖအစိုးရအဆက်ဆက် နိုင်ငံတော်အဆင့် အနေနဲ့ အာဇာနည်နေ့အခမ်းအနားကို မကျင်းပတော့တာ နှစ် ၂၀ ကျော် ကြာမြင့်နေပြီဖြစ်သလို ဒီနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြုလုပ်ရမယ့် အခြေအနေမို့ အသစ်ထောင်ခွင့်ပေးထားတဲ့ နိုင်ငံရေးပါတီတွေကို နှစ် ၂၀ ကျော်ကာလမှာ ထူးထူးခြားခြား အာဇာနည်နေ့ကို တက်ရောက် ဂါရ၀ပြုခွင့် ပေးခဲ့ပါတယ်။ ဒီလိုဂါရ၀ပြုခွင့်ပေးလိုက်ပေမယ့်လည်း ပါတီတွေအနေနဲ့ ပါတီယိမ်းအကထွက်ရသလို တန်းဆီအလေးပြုတဲ့ ပုံစံမျိုးနဲ့ပဲ အလေးပြုခွင့်ရရှိခဲ့တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသားတွေအနေနဲ့ လွတ်လပ်ရေးခေါင်းဆောင် အာဇာနည်တွေ ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့ကနေ နိုင်ငံရေးယုတ်မာမှုတွေကို ခါဝါချ ရှေ့ဆက်သွားလိုကြပေမယ့်လည်း နိုင်ငံရေးပါတိယိမ်းကနေရသလို အခြေအနေမျိုးတွေ အပေါ်ကိုတော့ တင်တိမ်ရောက်ရဲသူ နည်းပါးလှတဲ့ အခြေအနေမျိုးကို တွေ့မြင်ရပါတယ်။ အောက်မှာတော့ ၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားမှတ်တမ်းတင် ဓာတ်ပုံတွေကို ကြည့်ရှု့နိုင်ကြပါတယ်ခင်ဗျာ။ ဓာတ်ပုံတွေကိုတော့ မီဒီယာလုပ်ဖော်ကိုင်ဘက်တွေ ရိုက်ကူးပေးပို့လာတဲ့ ပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။ အကြောင်းကြောင်းတွေကြောင့် မူပိုင်ခွင့် မဖော်ပြခြင်းကို ပိုင်ရှင်တွေအနေ နားလည်ပေးနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။




အထပ်ထပ် တင်းကြပ်ထားတဲ့ အာဇာနည်ကုန်းမြင်ကွင်းနဲ့ တက်ရောက်လာကြတဲ့
နိုင်ငံရေးပါတီများအား စစ်ဆေးနေသည်ကို မြင်တွေ့ရစဉ်



၆၃ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား တက်ရောက်ခွင့် စတင်ရရှိခဲ့တဲ့
နိုင်ငံရေးပါတီများအား မြင်တွေ့ရစဉ်








Leave a Reply