သတင်း, နိုင်ငံရေး

အာဇာနည်နေ့အကြို ရန်ကုန်မြို့လုံခြုံရေး အထူးတင်းကျပ်ထား


အံ့ဘုန်းမြတ် ၁၈ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

အာဇာနည်နေ့ နီးကပ်လာတာနဲ့အမျှ ရန်ကုန်မြို့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ထဲ မြို့နယ်တွေအပါအ၀င် အာဇာနည်ကုန်းတည်ရှိရာ ရွှေတိဂုံဘုရားအနီး ပတ်ဝန်းကျင်မှာ လုံးခြုံရေးတွေ အထူးတင်းတင်း ကျပ်ကျပ် ချထားတာပါ။ ဒီလို လုံခြုံရေးတင်းတင်း ကျပ်ကျပ်ချထားပုံကို ရန်ကုန်မြို့ခံတဦးက အခုလို ပြောပါတယ်။

“ရွှေတိဂုံဘုရားပတ်ပတ်လည် လမ်းကြိုလမ်းကြားတွေကအစ သူတို့ကို ယှဉ်ယှဉ်ပြီး ချထားတာ တွေ့ရတယ်။ အာဇာနည်ဂုံးကို ချီတက်ရာ လမ်းကြောင်းတလျှောက်မှာလည်း ဓမ္မာရုံထဲတွေ၊ ဟိုအဆောက်အဦး ဒီအဆောက်အဦးတွေ အဲလိုမျိုး ကြိုကြားကြို ကြားထဲမှာ ဖြတ်ဖြတ်ပြီး ချထားတယ်။ ဓာတ်တိုင်တတိုင်စာလောက် အကွာလောက်ကနေ ၅ ယောက် ၅ ယောက်၊ ၂ ယောက် ၂ ယောက်၊ ၃ ယောက် ၃ ယောက် အဲလိုပုံစံမျိုး ချထားတယ်။ လက်နက်တွေ ပေးထားတယ်။”

အခြားပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးကတော့ လက်ရှိ ရန်ကုန်မြို့ လုံခြုံရေးအခြေအနေကို အခုလို ပြောပြပြန် ပါတယ်။

“ရဲတပ်ရင်း ၆ လို့လည်း ပြောတယ်။ နောက် လုံထိန်းတပ်လို့လည်း ပြောတယ်။ အဲဒီက ရဲတွေကတော့ အများကြီးပဲ စောင့်နေတာ။ စစ်သားတွေလည်း ရှိတယ်။ အနောက်ဘက်မုဒ် ကားဝင်ပေါက်လမ်းကို ကျဉ်းကျဉ်းလေး လုပ်ထားတယ်။ သံဆူးကြိုးတွေနဲ့ ကာထားတယ်။ ညာဘက်က သွားတဲ့ တလမ်းလုံးကို သူတို့ ပိတ်ထားတယ်။ ပိတ်စ အပြာတွေ ကာထားပြီးတော့ ‘လေဆိပ်မှာ လုံခြုံရေးအရ လူကို စစ်ဆေးဖို့ရာ လုပ်တဲ့ဟာမျိုး’ မြောက်ဘက်မုဒ် သွေးဆေးကန်နားမှာ အဲလို မျိုး လုပ်ထားတယ်။”

ဒီရက်ပိုင်းတွေအတွင်းမှာပဲ ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းစစ်တာတွေ လမ်းမကြီးတွေတလျှောက် ယာဉ်တွေကို စစ်ဆေးတာတွေ ပြုလုပ်လျှက်ရှိတယ်လို့လည်း အခြားရန်ကုန်မြို့ခံတွေက ပြောပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: