ပြည်တွင်းထုတ် ဂျာနယ်များတွင် အာဇာနည်နေ့အထိမ်းမှတ် ဖော်ပြမှုကန့်သက်


အံ့ဘုန်းမြတ် ၁၈ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

စာပေစိစစ်ရေးကနေ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ဖော်ပြမှုတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ကန့်သက်ချက် တွေနဲ့ပဲ ဖော်ပြခွင့် ပေးနေတယ်လို့ သိရပါတယ်။ မျက်နှာဖုံးနဲ့ ဓာတ်ပုံဖော်ပြမှုတွေ၊ ဆောင်းပါးဖော်ပြမှုတွေကို ပြန့်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးရဲ့ ကန့်သက်ချက်တွေအရပဲ ဖော်ပြနေကြအတိုင်းပဲ ပြည်တွင်းထုတ်ဂျာနယ်တွေ ဖော်ပြနေကြရတာပါ။ ဒီလို ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတဦးက အခုလို ပြောပါတယ်။

“အရှေ့ဖုံးမှာတော့ ပုံတွေမပေးဘူး။ အထဲမှာတော့ ဆောင်းပါးဟောင်း တ ချို့ပေးတယ်။ တော်တော်ကြီး ရေးလို့ မရဘူး။ အခုလက်ရှိ လူငယ်တွေ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဘာညာ အဲဒါမျိုး လုပ်ထားတာမျိုး မရဘူး။ ဆောင်းပါးတွေ အဟောင်းတွေပဲ ရတယ်။ အဲဒီအဟောင်းတွေတောင် အရင်နှစ်ကဆို မရဘူးပေါ့။ အခုဒီနှစ်က ပိုရလာတဲ့သဘောတော့ ရှိတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပုံ အကြီးကြီး ပေးမချဲ့ဘူး။”

ဒါ့အပြင် နိုင်ငံရေးပါတီသစ်တွေ အာဇာနည်နေ့ တက်ခွင့်ရရှိတဲ့ သတင်းကိုလည်း အသားပေး ဖော်ပြလို့မရဘဲ သာမာန် သတင်းအတိုလောက်ပဲ ဖော်ပြလို့ရတယ်လို့လည်း အယ်ဒီတာက ဆိုပါတယ်။ ဂျာနယ်အများစုကိုတော့ စိစစ်ရေးက ဒီလို ကန့်သတ်ချက်နဲ့ ဖော်ပြခွင့်ပေးပေမယ့် အခြားစာပေစိစစ်ရေး ညှန်ကြားရေးမှူးတွေနဲ့ နီးစပ်တယ်လို့ စွတ်စွဲခံထားရတဲ့ ဂျာနယ်တွေမှာတော့ ဖော်ပြခွင့် ဘယ်လိုတွေရမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ အခြားဂျာနယ်လောကသားတွေက ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: