စီးပွားရေး, သတင်း

ထိုင်း-မြန်မာနယ်စပ်က မြ၀တီတံတားကို မြန်မာဘက်က ၈ နာရီကျော်ကြာပိတ်


အံ့ဘုန်းမြတ် ၉ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နဲ့ မဲဆောက်မြို့ ဆက်သွယ်တဲ့ တံတား ဒီကနေ့မှာ မြန်မာဘက်ကမ်းက ပိတ်ပင်လိုက် တာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်မှု့အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းကို ကိုအံ့ဘုန်းမြတ်က မဲဆောက်မြို့ က ဒီဗွီဘီသတင်းထောက် ကိုမင်းလွင်ကို တိုက်ရိုက် မေးမြန်းထားပါတယ်။

  • အဲဒီမှာ မဲဆောက် မြ၀တီတံတားပေါ့နော် ဒီကနေ့ ပိတ်ထားတယ်လို့ ဆိုပြီး သိရပါတယ်။ လောလောဆယ် အဲဒီမှာ အခြေ အနေ ဘယ်လိုဖြစ်နေလဲ မသိဘူး။


မြန်မာဘက်ခြမ်းကနေပြီးတော့မှ တံတားကို မနက် ၇ နာရီလောက်မှာ ပိတ်လိုက်ပါတယ်။ ပုံမှန်က တံတားကို မနက် ၆ နာရီဖွင့်ပြီး ညနေ ၆ နာရီ ပိတ်မယ့် အစား မနက် ၆ နာရီက ဖွင့်လိုက်ပြီးတော့မှ တနာရီလောက်ဖွင့်ပေးပြီး မြန်မာဘက်က ပြန်ပိတ်ပါတယ်။ ဘာလို့ ပိတ်လဲဆိုတော့ ဒီမြ၀တီဘက်ကလာတဲ့ ကုန်သည်တွေ ပြောတဲ့စကားအရပေါ့နော် မြ၀တီမြို့မှာ ကရင်ပြည်နယ် အေးချမ်းသာယာရေး နဲ့ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှုးချုပ်ဇော်မင်းလည်း ရောက်နေတယ်။ နောက်ပြီးတော့ ဌာနဆိုင်ရာလူကြီးတွေ၊ ပြည်နယ် ရဲမင်းကြီး၊ ဗိုလ်မှူးကြီး၊ ရဲမှူးကြီး ကျော်မင်းလည်း ရောက်နေတယ်လို့ ပြောပါတယ်။ ပြောပြီး သူတို့ အဲဒီ ဘက်ကို ပိတ်လိုက်တယ်လို့ ပြောပါတယ်။ တံတားကို မနက် ၇ နာရီက စပိတ်လိုက်တာပေါ့နော် ဒီ ဒေသစံတော်ချိန် ၃ နာရီခွဲမှာ တံတားကို ပြန်ဖွင့်လိုက်ပါတယ်။

  • အခုလာတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဘာတို့ကရော မြ၀တီဘက်မှာ ဘာကိစ္စတွေများ ရှိနေလို့ လာတယ်လို့ ကြားရလဲဗျ။

ဓိက ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မြ၀တီမြို့ မြို့လယ်ခေါင် ရွှေဆိုင်မှာ ဓားပြတိုက်မှုတွေ ဖြစ်ပွားတယ်။ နောက်တခုက တချို့ပေါ့နော် လက်နက်ကိုင်တပ်ဖွဲ့တွေက မြ၀တီမြို့နယ် ကုန်သည်ကြီးများ ဥက္ကဋ္ဌကိုလည်း ငွေတောင်းခံတာတွေ ဘာတွေ ဒီလိုလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့်မို့ နောက်တခုက မြ၀တီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ငြိမ်းချမ်းရေး ယူထားတာတွေရော အများကြီး ရှိနေကြတယ်။ သူတို့ရုံးတွေ နောက် လက်နက်ကိုလည်း ကိုယ်စီကိုင်ထား ကြတယ်လေ။ ဒါကြောင့်မို့ ပြဿနာက အမျိုးမျိုးတော့ ဖြစ်နိုင်တယ်။ နယ်မြေလုံခြုံရေး လျှော့ရဲတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်ကလည်း တာဝန်ရှိတဲ့လူတွေ လာသွားတယ်လို့လည်း သတင်းရရှိပါတယ်။”

  • ဘာကြောင့်မို့ ဒီကနေ့ အဲဒီလိုမျိုး တံတားပိတ်သွားတယ်လို့ရော သိထားရလဲ။

သတင်းတွေ ထွက်နေတာကတော့ ထိုင်းဘက်ကမ်းမှာရှိတဲ့ တပ်မဟာ ၅ ဂိတ်နေရာမှာ ထိုင်းဘက်ကနေပြီး လွန်ခဲ့တဲ့ ၃ လလောက်က မြစ်ကိုပေါ့ သောင်ရင်းမြစ်ကို တာဘောင်ရိုးလုပ်တာတော့ တွေ့ရတယ်။ အဲဒီလို လုပ်တဲ့အတွက် ကြောင့်မို့လို့ ဗမာဘက်ကနေပြီးတော့ လွန်ခဲ့တဲ့သုံးလေးရက်က ကန့်ကွက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုင်းဘက်က တာဘောင် လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ သောင်ရင်းမြစ်ရေ တော်တော်များများက မြန်မာဘက်ကို ထိုးမယ်။ ဒါကြောင့်မို့ မြန်မာဘက်က ကမ်းပြိုမယ် ဆိုပြီးတော့ ကန့်ကွက်ထားတာ ရှိပါတယ်။ ဖြစ်နိုင်တာ ရှိတာကလည်း ဗမာဘက်က တခါတလေ ကျတော့ သူတို့ကန့်ကွက်ကြောင်း ပိုပြီး မကျေနပ်တာ ရှိရင်လည်း သူတို့ဘက်က တဖက်သက် ပိတ်တာတွေလည်း အရှေ့ကသာရဓကတွေ တွေ့ခဲ့ဖူးပါတယ်။

  • အဲဒီတော့ နာရီတော်တော်ကြာအောင် တံတားပိတ်ထားတဲ့ အတွက်ကြောင့်မို့လို့ လောလောဆယ်မှာ ကုန်စည် စီးဆင်းမှုတွေ ဘာတွေက ဘယ်လို အခြေအနေမျိုးတွေများ ကိုမင်းလွင် မြင်နေရလဲဗျ။

“ပုံမှန်ဆိုရင် မနက်ကတည်းကနေပြီး ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်းတွေ တင်ပို့နေတယ်။ မြန်မာဘက်ကနေလည်း ထိုင်းဘက်ကို ကုန်ပစ္စည်းတွေ တင်ပို့နေတယ် တနေကုန်၊ ဒါပေမယ့် အခုလို ဒေသစံတော်ချိန် ၃ နာရီခွဲမှာ ပြန်ဖွင့်လိုက်တဲ့အတွက် မော်တော်ကားတွေအများကြီး တန်းစီနေတာတော့ တွေ့ရတယ်။ နောက်ပြီးတော့ မြန်မာဘက်ကမ်းကို ကူးမယ့် မော်တော်ကားအရေအတွက် တော်တော်များများကိုလည်း တွေ့နေရပါတယ်။ ဒီတနေ့တာအတွက် သူတို့ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေ ဟိုဘက်ကို ရောက်ဖို့ကတော့ မလွယ်လှဘူး။ အဲဒါကြောင့်မို့ ဘာပဲပြောပြော အနည်းနဲ့အများတော့ ထိခိုက်မှု ရှိပါမယ်။

မြန်မာဘက်က ဒီလို တံတားပိတ်လိုက်တာကြောင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ အစီအစဉ်တွေကိုလည်း ဒီနေ့ရပ်နားထားရပြီး ရာနဲ့ချီတဲ့ ယာယီနိုင်ငံကူးလက်မှတ်လာလုပ်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေလည်း စောင့်ဆိုင်း နေကြရပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: