သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

နိုင်ငံရေးပါတီနှစ်ခုကို စည်ပင်သာယာ ဥပဒေများနှင့် တရားစွဲဆိုထား


အံ့ဘုန်းမြတ် ၈ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

ကိုအေးလွင်တို့ ညီအကို ဦးဆောင်တဲ့ နိုင်ငံရေးပါတီနှစ်ခုကို စည်ပင်သာယာပိုင်ဈေးတွေမှာ အလှူခံမှုကြောင့် စည်ပင်သာယာ ရေးကော်မတီက တရားစွဲထားတယ်လို့ သိရပါတယ်။ ကိုအေးလွင်ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နဲ့ ကိုရဲထွန်းဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) စတဲ့ ပါတီနှစ်ခုက ပါတီဝင်တွေ လွန်ခဲ့တဲ့ရက်ပိုင်းက မြောက်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ဈေးတချို့မှာ ပါတီရန်ပုံငွေအတွက် အလှူငွေ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီလို အလှူငွေကောက်ခံတာဟာ စည်ပင်သာယာဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့တော်စည်ပင်သာယာရေး ကော်မတီက တရားစွဲဆိုလိုက် တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင်က

“မနေ့က ၇ ရက်နေ့ဒိတ်နဲ့ပေါ့နော် ရန်ကုန် အရှေ့ပိုင်းခရိုင်၊ စည်ပင်ခရိုင် ဦးစီး တယောက်ကနေ စာနဲ့ ရယက ကနေတဆင့် ပေးတယ်လို့ သိရတယ်။ ကိုအောင်မင်းသူ အမည်နဲ့ ပေါ့နော်။ အဲဒီလို ပေးတယ်လို့ သိရတယ်။ အဲဒါ သူတို့ တရားစွဲ မယ်ပေါ့ဗျာ။ ဆင့်ခေါ်တယ်ပေါ့။ ၉ ရက်နေ့ကို လာပါလို့ ဆင့်ခေါ်ထားတယ်တဲ့၊ အဲဒီလို သိရတယ်။”

စည်ပင်သာယာရေးဥပဒေတွေထဲမှာ အလှူခံပုဂ္ဂိုလ် အမျိုးအစားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီဝင် တွေ ပါဝင်ခြင်း မရှိတာကို နိုင်ငံရေးပါတီ လုပ်ထုံးလုပ်နည်း ဥပဒေတွေအရ ခွင့်ပြုပြီးဖြစ်တာကြောင့် ဥပဒေသစ်တွေနဲ့ ဥပဒေတွေဟောင်းတွေ သဟဇာတ မဖြစ်မှုကိုလည်း ကိုအေးလွင်က ထောက်ပြ ဝေဖန်ပါတယ်။

“စည်ပင်သာယာရေး ဥပဒေတွေ ထွက်တဲ့အချိန်တုန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက မထွက်သေးဘူးဗျ။ အလှူခံပုဂ္ဂိုလ်ဆိုတာ နိုင်ငံရေးပါတီတွေ မပါတဲ့ဟာကို ဆိုလိုတာလေ။ အခုဟာက နိုင်ငံရေးပါတီတွေကို အလှူခံပုဂ္ဂိုလ် စာရင်း ထဲမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ထည့်ပေးလိုက်ပြီလေ။ ထည့်ပေးတော့ ဒီနိုင်ငံရေးပါတီတွေက အလှူခံတဲ့ကိစ္စအပေါ်မှာ အရင်ဥပဒေတွေနဲ့ စည်ပင်သာယာရေးဥပဒေတွေနဲ့ သွားတိုင်းတာလို့ရှိရင်တော့ ဒါမမှန်ကန်နိုင် ဘူးပေါ့ဗျာ။ အဲဒီတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဆိုတဲ့ နိုင်ငံတော်အေး ချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ထားတဲ့ နည်းဥပဒေကို စည်ပင်သာယာနည်းဥပဒေက လွှမ်းမိုးတယ်ဆိုတဲ့ကိစ္စကလည်း တော်တော် အဓိပ္ပာယ် လည်းမရှိဘူး။ သဘာဝလည်း မကျဘူးပေါ့။ အဲဒါမျိုးက။ အဲဒီဟာကိုပဲ ကျနော် အဓိက ပြောချင်တာပါ။”

အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်ပြီး ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အခြားနိုင်ငံရေး ပါတီတွေအပေါ် ဥပဒေကြောင်းအရ ခွဲခြားမှုတွေ ရှိနေတဲ့အပေါ်လည်း ကိုအေးလွင်က ဝေဖန်လိုက်ပါတယ်။

“ဟိုကတော့ အစိုးရကထောင်တဲ့ ပါတီမို့လို့၊ ဒါကတော့ အရပ်ဘက်က ထောင်တဲ့ ပါတီမို့လို့ အဲဒီလိုခွဲခြားပြီးတော့ အခွင့်အရေး မညီမျှတာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါ ဖြစ်လည်း မဖြစ်ထိုက်ဘူး။ သဘာဝလည်း မကျဘူး။ အသင်း လားလို့မေးတော့ အသင်းမဟုတ်ဘူး ပါတီတဲ့။ ပါတီလားလို့မေးတော့ ပါတီမဟုတ်ဘူး အသင်းတဲ့။ ပါတီ အသင်းလားလို့မေးတော့ မဟုတ်ဘူး အစိုးရဆိုတော့ ကျနော်တို့ ဘယ်လိုပြောမလဲ။ ကျနော်တို့ကျတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရပဲ ကျနော်တို့က ရပ်တည်ပြီးတော့၊ အစိုးရဘက်ကလည်း ကိုယ်ပြဌာန်းထားတဲ့ ဥပဒေကို ကိုယ့်ဟာကို ယုံကြည်ရင်တော့ အဲဒီဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ လုပ်ပေါ့ဗျာ။”

ကိုအေးလွင် ဦးဆောင်တဲ့ပါတီတွေ ပြီးခဲ့တဲ့လပိုင်းတွေက စည်းရုံးရေးအတွက် အလံထောင် လှည့်လည်ခဲ့ပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထပ်မံတင်းကျပ်တဲ့ ပါတီစည်းရုံးရေးဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်း အခုလို တရားစွဲဆိုမှုတွေ ဖြစ်ပေါ်လာတာပါ။ စည်ပင်က တရားစွဲတာအပြင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ကလည်း ဒီကိစ္စအပေါ် သတိပေးစာတစောင် ထုတ်ပြန်လိုက်ပြီး အခြားပါတီအားလုံးကိုပါ မိတ္တူပို့လိုက်တယ်လို့လည် ဦးအေးလွင်က ပြောပါတယ်။

“ကော်မရှင်ကပါ စာထပ်ထွက်တယ်ဗျ။ အခုနလေးကမှ ရောက်လာတာပါ။ ၇ ပိုဒ် ပါတယ်ဗျာ။ အဓိကအပိုဒ်ကို ကျနော်ဖတ်ပြမယ်။ ဆိုလိုသည်မှာတဲ့ ယခုကဲ့သို့ ရပ်ကွက်နှင့် ဈေးများသို့ သွားရောက် လှည့်လည်၍ အလှူငွေ တောင်းခံခြင်း ကို ဆိုလိုခြင်းမဟုတ်ဘဲ။ လူပုဂ္ဂိုလ်တဦးချင်းစီက ဖြစ်စေပေါ့၊ အဖွဲ့အစည်း အလိုက်ဖြစ်စေ၊ ကုမ္ပဏီအစုက ဖြစ်စေ ယင်းတို့၏ သဘောဆန္ဒအလျှောက် ပါတီသို့ လှူဒါန်းခြင်းကိုသာ ဆိုလိုသည်။ ကျနော်တို့က ငုတ်တုတ်ထိုင်နေ ပေါ့ဗျာ၊ သူတို့က လာလှူရင် လက်ခံယူဆိုတဲ့ ပုံစံမျိုး၊ အလှူခံတာပဲဗျာ ဓားပြတိုက်တာလည်း မဟုတ်ဘူးဗျာ။ လုယူတာလည်း မဟုတ်ဘူးဗျာ။ နှိမ်ချပြီး ရေးထားတယ်ဗျာ။ ပြီးတော့ ဒီစာကို တိုင်းကော်မရှင် အဖွဲ့ခွဲက အကုန်လုံး လျှောက်ဖြန့်နေတယ်။ ရပ်ကွက်ကောက်မရှင်အဖွဲ့ခွဲတွေရော ပါတီမြို့နယ် ဆိုင်းဘုတ်တင်ထားတဲ့ နေရာတွေရော ပါတီအဖွဲ့အစည်းအသီးသီး အားလုံးပေါ့ဗျာ တက်ပြီးတော့ သိက္ခာချတာပေါ့ဗျာ။ ကော်မရှင်ဆိုတာ နိုင်ငံရေးပါတီတွေကို သိပ်ခါချဖို့ ပေါ်လာသလို ဖြစ်နေတယ်ဗျာ။”

ကော်မရှင်ရဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး တခြားပါတီတွေကို မေးကြည့်တဲ့အခါမှာတော့ အဲဒီ စာမိတ္တူတွေ ဒီညနေပဲ သူတို့ပါတီတွေလည်း လက်ခံရရှိခဲ့တယ်လို့ ပါတီတာဝန်ခံတချို့က ပြောပါတယ်။ ကိုအေးလွင်တို့ပါတီဟာ ပြီးခဲ့တဲ့လအတွင်း ကလည်း ပါတီအလံတွေ ထောင်ပြီး မြို့ထဲမှာ လမ်းလျှောက်တဲ့အတွက် ပါတီအလံကို ပါတီရုံးအပ တခြားနေရာမှာ မသုံးရလို့ ပါတီအားလုံးဆီ အမိန့်ထွက်ခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း ကြံ့ခိုင်ရေးပါတီနဲ့ ကိုအေးလွင်တို့ ပါတီရိုက်ပွဲ ဖြစ်တဲ့အထိ ပြဿနာတက်ခဲ့ဖူးပါတယ်။

About ahuntphonemyat

Journalist.

Discussion

One thought on “နိုင်ငံရေးပါတီနှစ်ခုကို စည်ပင်သာယာ ဥပဒေများနှင့် တရားစွဲဆိုထား

  1. that is not fair,we, all of Myanmar citizen must not vote the (*Kyant Phut)* party.we decline them party ,we vote another democracy party.

    Posted by kishanm | July 9, 2010, 4:43 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: