စာနယ်ဇင်း, သတင်း, အနုပညာ

အမှုချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခြင်းမရှိသေး


အံ့ဘုန်းမြတ် ၆ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

သတင်းထောက်တဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး ဒီကနေ့မှာရှိနေတဲ့ ၃ ကြိမ်မြောက် အမှုချိန်းကိုလည်း ရောက်ရှိလာ ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီကနေ့ ရုံးချိန်း အခြေအနေနဲ့ပတ်သက်ပြီး 7 Day Journal (ဆဲဗင်းဒေးဂျာနယ်)က အယ်ဒီတာတဦးက အခုလို ပြောပြပါတယ်။

“ဒီနေ့က ရုံးချိန်းက မနက် ၁၀ နာရီမှာ တရားခံကို ခေါ်ထားပေမယ့် သူတို့ ဖက်က မလာဘူးဆိုတော့ စောင့်နေတယ်။ စောင့်နေပြီးတော့ နောက်ဆုံးတော့ မလာတဲ့အဆုံးတော့ နေခင်းကျတော့ တရားရုံးက ပြန်လွှတ်လိုက်တာပေါ့။”

တရားရုံးကနေ ဆင့်ခေါ်တဲ့ သမ္မာန်စာကို ပြီးခဲ့တဲ့အပတ်တုန်းကတည်းက သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ခင်ပွန်းဖြစ်သူ ကိုဇူးမြတ်ထက်က လက်ခံယူထားပြီး ဖြစ်တယ်လို့လည်း အမှုကိစ္စလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ 7 Day Journal က အယ် ဒီတာက ဆိုပါတယ်။

“ဒါကတော့ မထက်ထက်မိုးဦးရဲ့ အမျိုးသားက လက်ခံယူထားပြီးသွားပါပြီ။ ပြီးခဲ့တဲ့ သောကြာနေ့က လက်ခံပြီး ယူထားတာ လို့သိရတယ်။ ပို့ပြီးသွားပြီ၊ သူတို့ မလာတာတော့ ဘာကြောင့် မလာတာလည်း မသိဘူး။ အခုမှ သမ္မန်စာက လိပ်စာအမှန်နဲ့ ပထမဦးဆုံးအကြိမ် ရောက်သွားတာပါ။”

တရားခွင်ကို ရောက်ရှိလာခြင်းမရှိတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ တရားရေး သတင်းရပ်တွေရဲ့အဆိုအရ သရုပ်ဆောင် ထက်ထက်မိုးဦးက သူ့ရဲ့ရှေ့နေအဖြစ် တရားရုံးချုပ်ရှေ့နေ ဦးနေလကို ငှားရမ်းဖို့ ပြင်ဆင်ထားပြီး ဦးနေလဟာ ပြည်တွင်းထုတ် ဂျာနယ်အချို့မှာ တရားရေးဆိုင်ရာ အကြောင်းအရာတွေကို ရေးသားနေတဲ့ တရားရုံးချုပ် ရှေ့နေတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့မေလ ၁၉ ရက် နေ့က အင်တာဗျူးကိစ္စနဲ့ပတ်သက်ပြီး ဆဲဗင်းဒေးဂျာနယ်သတင်းထောက် မအေးသူစံကို သရုပ်ဆောင်ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် မအေးသူစံက ရန်ကင်းမြို့နယ်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ မှာတော့ တရားရုံးက နာကျင်စေမှု ပုဒ်မ-၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ-၅၀၆ နဲ့ အမှုလက်ခံလိုက်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦးကို ရုံးချိန်းဆင့်ခေါ်စာ အကြိမ်ကြိမ်ပေးပို့ခဲ့တာဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: