ကျန်းမာရေး, လူငယ်ရေးရာ, သတင်း

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု စတင်များပြားလား


အံ့ဘုန်းမြတ် ၅ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

မိုးဦးကျ ရာသီကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံထဲက ဒေသအတော်များများမှာ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ စတင်များပြားလာပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းထဲက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြိုနယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များပြားနေတာပါ။ အလားတူ ရန်ကုန်တောင်ပိုင်း ခရိုင်ထဲမှာပါတဲ့ တွံတေး၊ ဒလစတဲ့ မြိုနယ်တွေမှာလည်း ဖြစ်ပွားမှုနှုန်းများပြားခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ တရားဝင်သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီလိုဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ခံတဦးက

“ရန်ကုန်မှာ ဖြစ်နေတယ်၊ တော်တော်ဆိုးတယ်။ သွေးလွန် တုပ်ကွေးက တချို့လည်း ခြင်ထောင်၊ ဆေးတွေ ဆေးပြားတွေ ရောင်းတာတို့ သွေးလွန်တုပ်ကွေး အတွက် ခြင်နှိမ်နင်းဆေးတွေ ရောင်းတာ၊ လိုက်ဖျန်းတာတို့ အုတ်ကန်တွေ အိမ်တွေ လောက်လမ်းတွေထဲ ဆေးတွေဖျန်းတာတို့ အဲဒါတွေ စီမံချက်နဲ့ ချနေတယ်။”

ဒီလို ဆင်ခြေဖုံး မြို့နယ်တွေမှာ ရောဂါဖြစ်ပွားမှုနှုန်း များပြားလာရတဲ့နဲ့ ပတ်သက်ပြီးတော့လည်း တောင်ဒဂုံ မြို့နယ်က ဒေသခံတဦး ပြောပြထားတာကတော့

“တော်တော်များများ အိမ်အောက်ထဲဆို ရေ၀င်တာပဲလေ၊ မြောင်းရှိတော့ မြောင်းထဲက ရေလျှံပြီး အိမ်အောက်ထဲကို ၀င်တယ်။ ရေပုပ်တွေ ကျန်နေခဲ့တာပေါ့။ ခွက်တွေထဲမှာ ကျန်တာမဟုတ်ဘူး။ မြောင်းတွေထဲကနေ အိမ်ဂျိုင့်တွေထဲကနေတဆင့် ပေါက်တာပေါ့၊ သူတို့ဘက်က မြောင်းတွေ သန့်ရှင်းရေးလုပ်မယ်၊ အမြဲတမ်း ရေဆင်း ရင်တော့ သက်သာမှာပေါ့။”

ဆင်ခြေဖုံးရပ်ကွက်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတာနဲ့ ပတ် သက်ပြီး အဲ့ဒီရပ်ကွက်တွေမှာ ရေစီးရေလာ ကောင်းမွန်ရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးရင် ဖြစ်ပွားမှုနှုန်း ကျဆင်းနိုင်တယ်လို့လည်း ဆေးပညာလောက သားအခိျု့ ပြောဆိုကြပါတယ်။ ဒီလိုရောဂါ ဖြစ်ပွားနှုန်းများတဲ့ ဆင်ခြေဖုံး òမိ့နယ်တွေ မှာ နေထိုင်တဲ့ အခြေခံပြည်သူလူထုရဲ့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေကိုလည်း တောင်ဒဂုံòမိ့နယ်မှာ နေထိုင်တဲ့ ဒေသခံတဦးက အခုလို တွက်ပြပါတယ်။

“±ိုး±ိုးကျနော်တို့ သာမန်ရပ်ကွက်ထဲမှာ ထိုးရင် အနည်းဆုံး ၁,၅၀၀ ပေါ့၊ တရက်ကို ၁,၅၀၀၊ တရက်နဲ့လည်း မပျောက်ဘူး၊ အနည်းဆုံး ၂ ရက် ၃ ရက် သွား ရတယ်။ ဒါက အပေါဆုံး ဆေးခန်း၊ တခါထိုးရင် ၁,၅၀၀၊ ၂,၀၀၀ ရှိတယ်။ တရပ်ကွက် မှာ ဆေးခန်း ၂ ခုလောက်တော့ ရှိပါတယ်။ သူတို့ အပြင်ဆေးခန်းပေါ့နော်၊ ကျန်းမာ ရေးဌာနတော့ မရှိဘူး။ ဒဂုံတောင်မှာ ဒေသန္တရဆေးခန်းမရှိဘူး။ ဆိုင်းဘုတ်တော့ ရှိလိမ့်မယ်၊ ဆေးတော့ ရှိမယ်မထင်ဘူး။”

ဒီနှစ် တုပ်ကွေးရာသီမှာ တွေ့ရှိရတဲ့ တုပ်ကွေးရောဂါလက္ခဏာတွေကို အထွေထွေရောဂါကု အထူးကုဆရာဝန်တဦး ပြောပြထားတာက

“ခါတိုင်းနဲ့ စာရင်တော့ အနီစက်လေးတွေ အင်ပြင်လို ဟာလေးတွေ ပေါက်တာနဲ့ ပိုလာတယ်။ ရောဂါပုံစံ ပြောင်းလာတာ မဟုတ်ဘူး။ အရင်တုန်းကဆိုရင် လူတိုင်းမထွက်ဘူး၊ အခုက လူတိုင်းလိုလို ထွက်တယ်။ ထွက်တာတော့ ဖျားပြီးတော့ ၅ ရက် ၆ ရက် လောက်နေမှ ထွက်တာ။ အဖျားက အနည်းငယ်ကျတယ်၊ အဲဒီအချိန်မှာ ထွက်တာ၊ သုံးလေး ငါးရက်နေမှထွက်တာ၊ အဲဒီမှာခလေးတွေကို အသဲအသန် ပြန်ရအောင်လုပ်ရတာ။”

ဆေးပညာဆောင်းပါးတွေ ရေးနေတဲ့ အထူးကုဆရာဝန် တဦးကတော့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး အခုလို ပညာပေး စကား ပြောပြပါတယ်။

“ခြင်မကိုက်အောင် ခြင်ထောင်နဲ့အိပ်၊ ခလေးတွေကို နေ့ခင်းနေ့လည်မှာ အိပ်တဲ့အခါ အ၀တ်အစား ၀တ်ပေးတဲ့အခါမှာ လက်ရှည်တို့ ဘာတို့ကို ၀တ်ပေးဖို့၊ ခြင်မကိုက်တဲ့ လူးဆေးလူးပေးတာတို့ အရဓိကတော့ ခြင်မကိုက်ဖို့က အဓိကအကာ အကွယ်ပေါ့။ ခုနကလို ဖျားတာကတော့ ရိုးရိုးသာမန် ရိုးရိုးနှာစေး ချောင်းဆိုးနဲ့လည်း ရောလာတတ်တယ်။ ဆရာမတို့က ခလေးအဖျားကျသွားတဲ့အခါမှာ မိဘတွေကို မှာပါတယ်။ သတိထားပါ၊ ခလေးက မှိန်းနေလား၊ ကစားနေလား၊ ခလေးက အဖျားကျသွားတဲ့အခါမှာ သာမန်အားဖြင့် ခလေးက ဆော့ကစားမယ်။ မဆော့ဘဲ မှိန်းနေမယ် ခြေဖျားလက်ဖျားတွေ အေးစက်နေမယ်ဆိုရင် ဒါစိတ်ပူစရာပေါ့။ အန်မယ်၊ အန်တဲ့အခါမှာ ကော်ဖီရောင်မျိုးတွေ အန်လာမယ်။ ဒါမျိုးတွေဆိုရင် ကျမတို့က ဆေးရုံဆေးခန်းနဲ့ နီးတဲ့နေရာကို ဆရာမတို့ ပြပေးဖို့ လိုအပ်တာပေါ့။”

မြန်မာနိုင်ငံမှာ ၂၀၁၀ နှစ်စကနေ ပြီးခဲ့တဲ့ လဆန်းအထိ ရန်ကုန်တိုင်းတွင်း မြိုနယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ၁,၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ၆ ဦး ကွယ်လွန်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About ahuntphonemyat

Journalist.

Discussion

2 thoughts on “သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု စတင်များပြားလား

  1. သွေးလွန်တုပ်ကွေး

    ဒန်ဂီး ဗိုင်းရပ်စ် ကိုသယ်ဆောင်ထားသော အေးဒီးစ် ခြင် ကိုက်၍ဖြစ်သောရောဂါဖြစ်သည်။

    ဖျားမည် အဖျား မှာ ရိုးရိုးအအေးမိ၍ဖျားသော တုပ်ကွေးနှင့်ဆင်တူသည်။
    အဖျား မှာ အပူချိန် ၁၀၀မှ၁၀၄- ၁၀၅ ဖာရင်ဟိုက် အထိဖျားနိုင်သည်။

    လူနာ ကို အရည်များများသောက်နိုင်သလောက် ဂရုတစိုက် တိုက်ပါ။ (စွပ်ပြုတ်ရည်၊ သစ်သီးဖျော်ရည်ကြည် ၊မိုင်လို၊ အိုဗာတင်း၊ နို့၊ ဆံပြုတ်ရည်ကြဲရည်ကြည် )၊

    အဖျား ၃ရက်မြောက် မှစ၍ သတိကြီးစွာထားကြရမည်။ ဆရာဝန်ပြရန်လိုသည်။ ဆရာဝန်အား အဖျား၃ရက်မြောက်ဟုအသိပေးရမည်။ ဆရာဝန်မှ သွေးပေါင်ချိန်သောကိရိယာဖြင့်လူနာ၏ လက်အား စမ်းသပ်မှုပြုလုပ်မည်။
    လိုအပ်လျှင် လက်ထိပ်ဖျား တွင် သွေးဖောက်၍ သွေးရည်ကြည် ပမာဏကိုတိုင်းတာမည်။

    ဆရာဝန်၊ ဆေးခန်းနှင့်အလှမ်းဝေးလျှင် သတိကြီးစွာစောင့်ကြည့်ပါ။
    ရောဂါပြင်းလျှင် သွေးပေါင်ချိန်ကိရိယာဖြင့်စမ်းစရာမလိုဘဲ လူနာ၏ လက်ဖျံ နေရာတွင် သွေးခြေဥသော အစက် ကလေးများ သူ့အလိုလိုပေါ်လာတတ်သည်။
္ကဤသည်မှာ လူနာ၏ ဆံခြည်မျှင်သွေးကြောလေးများ မှ အပြင်သို့ သွေးရည်ကြည်နှင့်သွေးယိုစိမ့်သည့်လက္ခာဖြစ်သည်။
    အသက်အန္တရာယ်ရှိသည်။ ဖြစ်နိုင်လျှင် ပစ္စည်းကရိယာစုံသော ခလေးဆေးရုံကြီး၊ ကျန်းမာရေးဋ္ဌာနများ သို့အမြန်သွားပါ။
    လမ်းတွင် အလှမ်းမှီပါက စနစ်တကျ အချိုးအစားမှန်မှန်ဖျော်ထားသော ဓါတ်ဆားရည် ကို ၀င်နိုင်သလောက်တိုက်ကျွေးသွားပါ။

    မည်သည့်အချိန်တွင်မဆို ခလေးအဖျားကျသွားလျှင် ပိုမို၍သတိထားပါ။ အဖျားကျပြီးပြီးချင်း ခလေးအီလွန်းလျှင်၊ ဂဏှာမငြိမ်ဖြစ်လျှင်၊ ခလေးမှိန်းနေလျှင် ( ခေါ်ပြော၊ချော့မြူရာတွင်မတုံ့ပြန်လျှင် )၊ ခြေဖျားလက်ဖျားများ ရေခဲတမျှအေးစက်နေလျှင်၊ အန္တရာယ်ရှိသော သွေးလန့်သည့်လက္ခဏာများဖြစ်သည်။ ပစ္စည်းကိရိယာစုံသော ကျန်းမာရေးဋ္ဌာန၊ဆေးရုံသို့ အမြန်သွားပါ။
    သွေးလွန်တုပ်ကွေး နှင့် သွေးလန့်သွေးလွန်ခြင်းသည် အချိန်မှီ စနစ်တကျ ဓါတ်ဆားရည်တိုက်ကျွေးခြင်း နှင့် အရေးပေါ် သွေးသွင်းခြင်း ဖြင့်ကုသ နိုင်ပါက အသက်ကယ်နိုင်သည့် ရောဂါဖြစ်သည်။

    ဓါတ်ဆားရည်ဖျော်နည်း
    MPF သို့မဟုတ် WHO မှထုတ်လုပ်သော ဓါတ်ဆားထုပ်ကိုသုံးပါ။ သီးစုံဓါတ်ဆား၊ ရေဆူဓါတ်ဆား များ မသုံးရပါ။
    ဓါတ်ဆားထုပ်ကို လှုပ်ကြည့်ပါ။ အထဲမှ ဓါတ်ဆားများ လွတ်လပ်စွာ လှုပ်ရှားနေသောအသံကိုကြားရမည်။
    ဓါတ်ဆားများ အထဲတွင် ခဲနေလျှင်၊ ၀ါနေလျှင်မသုံးရ။
    ရေကျက်အေး ကို ၁ လီတာ 1L ၀င်ရေသန့် ဗူးတွင် ရေ ၁လီတာ ပြည့်အောင် ထည့်ပါ။
    ဓါတ်ဆားမှုန့်များကို ရေသန့်ဗူးထဲထည့်ပါ။
    ဓါတ်ဆားမှုန့်များ အားလုံးပျော်သည်အထိ လှုပ်ရမ်းဖျော်ပါ။
    ဖျော်ထားသော ဓါတ်ဆားပျော်ရည် ကို ဆေးအဖြစ် သတ်မှတ်၍ မြန်မြန်နှင့်မှန်မှန် လူနာသောက်နိုင်သလောက် တိုက်ပါ။
    အချိုရည် သကြား စသည်တို့ ထပ်မံ၍ မပေါင်းထည့်ရ။ ဓါတ်ဆားရည်၏ ပျော်ဝင်နှုန်းအချိုးအစားပျက်သွားလိမ့်မည်။ ထိုအခါ ဓါတ်ဆားရည်၏ အစွမ်းသတ္တိ ပျောက်သွားမည်။ အချိုးအစားမှန်စွာဖျော်ထားသော ဓါတ်ဆားရည်၏ အစွမ်းမှာ ယိုစိမ့်ထွက်သွားသော သွေးရည်ကြည်နှင့်သွေး များ အစား သွေးကြောထဲတွင် ၀င်ရောက်အစားထိုးပေးခြင်းဖြစ်သည်။ ဓါတ်ဆားရည်၏ ဖျော်ထားသော အချိုးအစား မမှန်လျှင် ဓါတ်ဆားရည်သည် သွေးကြောထဲတွင် ကြာမြင့်စွာ မနေ ဘဲ ဆီးဖြစ် သွားသည်။ အကျိုးမရှိ။
    ဖျော်ထားသော ဓါတ်ဆားပျော်ရည် ၂၄နာရီ ၁ရက် ကြာသည်အထိ သောက်၍ မကုန်လျှင် သွန်ပြစ်ပါ။ အသစ်ဖျော်တိုက်ပါ။

    Posted by ဒေါက်ဂျစ် | July 9, 2010, 1:31 am
  2. ဒေါက်ဂျစ်ရေ ကျန်းမာရေး အကြံပေးခဲ့တာ ကျေးဇူးပါဗျာ။ နောက်ကိုလည်း ကျန်းမာရေးပညာပေးလေးတွေ ရေးပေးဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။

    Posted by ahuntphonemyat | July 9, 2010, 2:18 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: