စာနယ်ဇင်း, သတင်း, နိုင်ငံရေး

အသစ်ပြောင်းလဲလာသည့် စာပေစိစစ်ရေးကြောင့် သတင်းဂျာနယ်များ အခက်တွေ့


အံ့ဘုန်းမြတ် ၂ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက သတင်းဂျာနယ်တွေကို စိစစ်ဖို့အတွက် အသစ် ပြောင်းလဲထားတဲ့ စစ်ဆေးရေးပုံစံသစ်တွေကြောင့် သတင်းဂျာနယ်တွေ ပုံနှိပ်ထုတ်ဝေရေး အခက်တွေ့နေ ကြရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ စာပေစိစစ်ရေးညှန် ကြားရေးမှူးသစ် ဗိုလ်မှူးမျိုးမြင့်မောင် ဦးဆောင်တဲ့ စာစစ်မှူး ၁၂ ဦးပါ အဖွဲ့သစ်ရဲ့ ပြောင်းလဲလိုက်တဲ့ စစ်ဆေးရေးပုံစံနဲ့ မူဝါဒတွေကြောင့် သတင်းဂျာနယ်တွေ ပုံနှိပ် ထုတ်ဝေရေးမှာ အခက်အခဲတွေ တွေ့နေကြရတာပါ။ ဒီလိုကြုံတွေ့နေရတာကြောင့် သတင်းဂျာနယ်တချို့ ပုံနှိပ်ထုတ်ဝေဖို့တောင် အခက်အခဲဖြစ်ရတယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“မော်နီတာ တော်တော်အခြေအနေ ဆိုးသွားတာ။ သူက အဖြတ်ခံရတာတွေ များတော့ တင်တာလည်း တ၀က်နီးပါးလောက် အဖြုတ်ခံရတော့ ဘယ်လိုလုပ် ဂျာနယ်ထွက်တော့မလဲ။ တော်တော်ကြီးကို သူတို့က လုပ်လိုက်တာ။ သူတို့စီမှာ တနေရာတည်းကိုပဲ စုလိုက်တာ။ အ၀င်အထွက်ကို အဲဒီနေရာကပဲ လုပ်လိုက်တယ်။ အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ကပဲ အ၀င်အထွက်တွေကို လုပ်တယ်။”

စိစစ်ရေးရဲ့ ပုံစံအသစ်မှာ တစ်ပတ်ကြိုပြီး ဂျာနယ်မှာဖော်ပြမယ့် စာမူရဲ့ သုံးပုံနှစ်ပုံကို ပထမဆုံးတင်ပြပြီး နောက်သုံးရက်မှာ ကျန်တဲ့တပုံကို တင်ပြကြရမှာ ဖြစ်ပါတယ်။ နီးကပ်သတင်းတွေကို နောက်ဆက်တွဲကိုလည်း နှစ်မျက်နှာပဲ တိတိကျကျ တင်ပြနေကြရတော့မှာလည်း ဖြစ်ပါတယ်။ အခြားဂျာနယ်အယ်ဒီတာချုပ် တဦးကလည်း လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေ မှာ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေ စိစစ်ဖြတ်တောက်မှုတွေကို အခုလိုဆိုပြန်ပါတယ်။

“တနင်္လာနေ့တင်ပြီး ဗုဒ္ဓဟူးနေ့တော့ ကျပါတယ်။ ဒါပေမယ့် ဘာပြဿနာလဲဆိုတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှကို ရေးလို့မရဘူး။ အကုန်ဖြုတ်ခံရတယ်။ စာပေစိစစ်ရေးရဲ့ ထုံးစံအတိုင်းပဲ။”

အခုလိုစာပေစိစစ်ရေးက နိုင်ငံရေးအကြောင်းအရာတွေကို စိစစ်ဖြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က လျော့ပေါ့ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။ ဒီလိုတောင်းဆိုလာတာနဲ့ ပတ်သက်ပြီးတော့လည်း အခြားဂျာနယ်အယ်ဒီ တာတဦးက အခုလို ဝေဖန်လိုက်ပါတယ်။

“သူတို့က တိုက်ရိုက်မရေးရဲဘူး။ ပါတီလုပ်ချင်တာတွေကို တိုက်ရိုက်ရေးလေ။ ကောင်းပါတယ်တို့ ပါတို့တော့ မပြောနဲ့တော့။ မကောင်းဘူးဆို မကောင်းဘူးရေး။ ကောင်းတယ်ဆို ကောင်းတယ်ရေး။ သူတို့အနေနဲ့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် ရေးသင့်တယ်။ ကိုယ်တို့ကျတော့ ဒီလမ်းကြောင်းပေါ် လျှောက်နေတဲ့ လူတယောက်အနေနဲ့ကျတော့ ရှိနေတဲ့အနေအထားကနေ ပိုပြီး နားလည်မှုပေးတာတွေ၊ လျှော့ပေါ့ပေးတာတွေ လိုချင်တယ်။ နောက်ဆုံးကတော့ လုံးဝလွတ်လပ်ခွင့်ကို လိုချင်တာ။”

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: