သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

နိုင်ငံရေးပါတီဝင်အချို့ အာဏာပိုင်များ၏ ဟန့်တားစစ်ဆေးမှုခံရ


အံ့ဘုန်းမြတ် ၁၀ ဇွန် ၂၀၁၀ –

http://burmese.dvb.no/news.php?id=11155

ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ တတိယနိုင်ငံရေး အင်အားစုဝင် နိုင်ငံရေးပါတီဝင်အချို့ ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေရဲ့ ဟန့်တားစစ်ဆေးမှု ခံခဲ့ရတယ်လို့ သိရပါတယ်။ ကိုအေးလွင်နဲ့ ကိုရဲထွန်းဦးဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) စတဲ့ပါတီနှစ်ခုရဲ့ ပါတီဝင်တွေ ဟန့်တားစစ်ဆေး ခံခဲ့ရတာပါ။ ဒီပါတီနှစ်ခုရဲ့ ရန်ကုန်တိုင်း ဗဟိုရုံးခန်းဖွင့်ပွဲကို လာရောက်တဲ့ ဒီပါတီဝင်တွေကို အာဏာပိုင်တွေက ကျောက်တံတားမြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ ဟန့်တားစစ်ဆေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲထွန်းက

“ဆိုင်ရာ ဆိုင်နေရာတွေကနေ ကားတွေနဲ့လာကြတယ်။ ကားတွေမှာ အလံ ၂ ခု ထောင်လာ ကြတယ်ပေါ့ဗျာ။ မြို့ထဲက လူတွေပါ ပတ်ခေါ်တာပေါ့။ အဲဒီမှာ အလံတွေ ဘာတွေ ထောင်ပြီးတော့ အလံ ၂ ခုကို ပါတီ ၂ ခု အဲဒါ တိုင်းရုံးဖွင့်ပွဲ ဒီနေ့လုပ်တယ်လေ။ ပထမတော့ သူတို့ (အာဏာပိုင်တွေ) က မရှင်းမရှင်းဖြစ်တာပေါ့။ နောက် ရှင်းလိုက်တော့ အေးအေးဆေး ဆေးဖြစ်သွားပါတယ်။ အခုက ဖျတ်ကနဲဆိုတော့ ဘာမှန်းမသိလို့ မေးတာ စမ်းတာပါပဲ။”

နိုင်ငံရေးပါတီတွေကို အာဏာပိုင်တွေဘက်က ဒီလို ဟန့်တားစစ်ဆေးမှု ပြုလုပ်တာနဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင်ကတော့

“အခုကတော့ သူတို့ကတော့ အမြင်စိမ်းလို ဖြစ်နေတာပဲဗျာ။ နိုင်ငံရေးလှုပ်ရှားမှုဆိုရင်ကိုပဲ သူတို့မှာ မျက်စိစိမ်းနဲ့ လိုက်ကြည့်တဲ့ အလေ့အထရှိနေတာကိုး။ အဲဒီတော့ ဒီရဲတွေထဲမှာလည်းပဲ အချို့သိတဲ့ရဲတွေ ကျတော့လည်းပဲ သွားမလုပ်နဲ့ ထားလိုက်ပေါ့လို့ ပြောတာတွေရှိသလို မသိတဲ့ရဲကျတော့ ‘နေအုံး နေအုံးပေါ့’ အဲဒီလိုပေါ့ဗျာ။ သူတို့မှာ အဲဒီလို အနေ အထားလေးဖြစ်နေတယ်။ အဲဒီတော့ ဒီပုံစံအတိုင်း ဆက်သွားလို့တော့ မဖြစ်ဖူးပေါ့။ ဒီပုံစံမျိုးမဖြစ်အောင်တော့ ကျနော်တို့ ဖက်ကလည်း ကြိုးစားပြီးလုပ်ကြရမှာပဲလေ။ လက်ရှိ အဖွဲ့အစည်းပိုင်းတွေကနေပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေအပေါ်မှာ သူတို့ ဒီအမြင်အားဖြင့်ပေါ့နော် မစိမ်းတော့ဘဲနဲ့ ဒီလိုလှုပ်ရှားမှုတွေ လုပ်တာဟာ လုပ်လို့ရနေတယ် ဆိုတာလည်း သူတို့အဖွဲ့အစည်းတွေ ကြားထဲမှာကို တချို့နားမလည်တာတွေ အဲဒီလို ဖြစ်နေတာ။”

လက်ရှိ အခြေအနေတွေမှာတော့ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ရရှိထား ပါတီသစ် ၃၁ ပါတီထဲက ပါတီ ၂ ခု ရုံးခန်းတွေကို တရားဝင် စတင်ဖွင့်လှစ်တာဖြစ်ပြီး အာဏာပိုင်တွေဘက်က စစ်ဆေးတာ၊ မေးမြန်းတာနဲ့ စောင့်ကြည့် တာတွေရှိတယ်လို့လည်း အခြားပါတီခေါင်းဆောင်ချို့ကပြောပါတယ်။ ဒါပေမယ့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ပါတီခွင့်ပြုချက် မရရှိခင်ကတည်းက အမြို့မြို့အနယ်နယ်မှာ ပုံစံမျိုးစုံနဲ့ စည်းရုံးလှုပ်ရှားခွင့် ရရှိနေပါတယ်လို့လည်း ပါတီခေါင်းဆောင်အချို့က ပြောပြကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: