သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

နိုင်ငံရေးပါတီသစ်တချို့ ဘလော့ဝက်ဘ်ဆိုက်များ လွှင့်တင်


အံ့ဘုန်းမြတ် ၉ ဇွန် ၂ဝ၁ဝ

http://burmese.dvb.no/news.php?id=11139

နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီတချို့ အင်တာနက်ဝက်ဘ်ဆိုက်တွေ စတင်လွှင့်တင်ပြီး ပြောင်းလာတဲ့နည်းပညာတွေနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်လာကြပါတယ်။ ကိုနေမျိုးဝေ ဦးဆောင်တဲ့ မတူကွဲပြားခြင်းနဲ့ညီညွတ်ရေးပါတီ (PDP) နဲ့ လူငယ် စာရေးဆရာတဦးဖြစ်တဲ့ ဝေမှူးသွင်ပါဝင်တဲ့ မြန်မာဒီမိုကရေစီကွန်ကရက် (MDC) ပါတီတို့ ဘလော့ဝက်ဘ်ဆိုက် လွှင့်တင်ထားတာပါ။ ဒါ့အပြင် မန္တလေးက ဝံသာနုအန်အယ်လ်ဒီနဲ့ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေလည်း ဝက်ဘ်ဆိုက်တင်နိုင်အောင် ပြင်ဆင်နေတယ်လို့လည်း ဒီပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ဒီလိုအွန်လိုင်းမီဒီယာတွေပေါ်မှာ နိုင်ငံရေးလုပ်ဖို့ ပြင်ဆင်လာတာနဲ့ ပတ်သက်ပြီး မြန်မာဒီမိုကရေစီကွန်ကရက် (MDC) ပါတီရဲ့ အထွေထွေအတွင်းရေးမှူး စာရေးဆရာ ဝေမှူးသွင်က ခုလိုပြောပါတယ်။

မြန်မာဒီမိုကရေစီကွန်ဂရက်

ဝက်ဘ်ဆိုက် ဘလော့တွေပေါ်မှာတော့ ပါတီလှုပ်ရှားမှု သတင်းအချက်အလက်၊ ဓာတ်ပုံ၊ ပါတီမူဝါဒနဲ့ မူဝါဒပိုင်းဆိုင်ရာတွေနဲ့ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို ဖော်ပြထားကြပါတယ်။ ယနေ့ခေတ် ကမ္ဘာနဲ့တဝှမ်းမှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ပြီး သုံးစွဲလာကြပေမယ့်လည်း မြန်မာ့နိုင်ငံအတွင်းမှာတော့ အသုံးပြုသူ နည်းပါးနေဆဲပါ။ ဒါနဲ့ပတ်သက်ပြီး မတူကွဲပြားခြင်းနဲ့ ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေက

“ခေတ်မီနည်းပညာတွေ၊ သုံးရကောင်းမှန်း မသိဘဲနဲ့ လွှတ်တော်ထဲ ရောက်လာတဲ့ လူတွေက များနေရင်တော့ ကျနော်တို့ လွှတ်တော်ကြီးက လုပ်ပေးမယ့် အလုပ်တွေက နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတာ ကျနော် မယုံကြည်ဘူးဗျာ။ အဲဒီလို ခေတ်မီနည်းပညာတွေကို မသုံးတဲ့ပါတီတွေကို ဝေဖန်ပါတယ်။ အဲဒီလို လုပ်ခြင်းအား ဖြင့် အဲဒီလူတွေကို ခေတ်မီနည်းပညာတွေကို သုံးစွဲပြီးတော့ သုံးစွဲတတ်လာအောင်၊ သုံးရကောင်းမှန်း သိလာအောင်၊ သုံးချင်စိတ်တွေ ပေါက်လာအောင် ကျနော်လှုံ့ ဆော်တဲ့အလုပ်ကို အခုလုပ်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုရင်လည်း အစိုးရက အင်တာနက်သုံးစွဲသူတွေနဲ့ အင်တာနက် ဆိုင်ပိုင်ရှင်တွေကို ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ ဝန်ခံချက် လက်မှတ်ထိုးခိုင်းတာမျိုးတွေလည်း ရှိနေဆဲပါ။ ဒါနဲ့ပတ် သက်ပြီးတော့လည်း ကိုနေမျိုးဝေက

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ

“အင်တာနက်ဆိုင် ထောင်ချင်တယ်၊ အင်တာနက်ဆိုင် ထောင်မယ့်လူရှိတယ် ဒါပေမယ့် မီးမလာဘူး။ ကိုယ့်မီးစက်နဲ့ကိုယ် ထောင်မယ့်သူရှိတယ် ဒါပေမယ့် ပါမစ်(လုပ်ခွင့်) မရဘူး။ ပြဿနာလေးတွေ ရှိတယ်ခင်ဗျ။ အေဒီအက်စ်အယ်လ်လိုင်းတွေ လျှောက်လို့ရှိရင် ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ဆိုတာရှိတယ်။ အဲဒီဟာတွေက ဒီအချိန်မှာ ဖြုတ်ပေးဖို့ အချိန်တန်ပြီ။ မဖြုတ်ပေးလို့ရှိရင်လည်း ကျနော်တို့က ဘာမှမလုပ်ပါဘူး။ မတိုက်ခိုက်ပါဘူး။ အကြံပေးရမယ်ဆိုရင် အဲဒါ အကြံပေးတာ။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ယူအန်အက်စ်စီစီအိုင်ကို ဥပဒေတွေ ထုတ်ပေးတယ်။ မြန်မာနိုင်ငံစက်မှုကုန်သည်ကြီးများ အသင်းကို ပါတီနိုင်ငံရေး လုပ်ခွင့်ရှိပါပြီဆိုပြီးတော့ ဥပဒေထုတ်ပေးတယ်ဗျ။ အဲဒီလိုပဲ ထုတ်ပေးဖို့ အချိန်တန်ပြီလို့ ကျနော် ဒီနေရာကနေ တိုက်တွန်း ချင်ပါတယ်။”

နိုင်ငံရေးပါတီများ ပုံနှိုပ်ထုတ်ဝေခွင့်ဥပဒေတွေမှာ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ပါတီထူထောင်ခွင့်ပေးပြီး ရက်ကိုးဆယ်အတွင်း စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ကြေး တသိန်းနဲ့ အာမခံငွေ ငါးသိန်းပေးသွင်းပြီး ပုံနှိုပ်ထုတ် ဝေခွင့် လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ ပုံနှိုပ်ထုတ်ဝေရာမှာလည်း နအဖစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာ ပေစိစစ်ရေးက ပြဌာန်းထားတဲ့ အချက် ၁၁ ချက်ကို လိုက်နာကြရမှာဖြစ်ပြီး အဲဒီထဲမှာ တပ်မတော်ကို ထိပါးပုတ်ခတ် သွေးခွဲမှု မပြုလုပ်ရ၊ နအဖအစိုးရအဖွဲ့ဝင် အဆင့်ဆင့်ကို ဆန့်ကျင်ခြင်းမပြုရ ဆိုတဲ့၏အချက်တွေ အဓိက ပါဝင်ထားပါတယ်။ ဒီအချက်တွေအတိုင်း စာပေစိစစ်ရေးကခွင့်ပြုမှ ပါတီတွေ အွန်လိုင်းမီဒီယာတွေပေါ်မှာ ဖော်ပြခွင့် ရှိမယ်လို့လည်း နိုင်ငံရေးပါတီများ ပုံနှိုပ်ထုတ်ဝေခွင့် ဥပဒေက ဆိုပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: