အံ့ဘုန်းမြတ် ၇ ဇွန် ၂၀၁၀ http://burmese.dvb.no/news.php?id=11123
နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပါတီလုပ်ငန်းစဉ်တွေကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းတွေရဲ့ ခွင့်ပြုချက်ရမှ လှုပ်ရှားခွင့်ရရှိ နေကြရတယ်လို့ သိရပါတယ်။
ပါတီဆိုင်းဘုတ်၊ ပါတီရုံးခန်း အပါအ၀င် ပါတီရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးတွေအပြင် မယက၊ ခရကနဲ့ တရကလို နအဖအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေးပြီးမှ ပြုလုပ်နေကြရပါတယ်။ ဒီလိုပြုလုပ်နေရပုံကို ပါတီထူထောင် ခွင့်ရရှိပြီး ဖြစ်တဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ဦးအုန်းလွင်က
“ကျနော်တို့အခု ဆိုင်းဘုတ်တင်ရင်လည်း တိုင်းကော်မရှင်၊ မြို့နယ်ကော်မရှင်၊ မယက ကျနော်တို့က စာတင်ပြီးမှ လုပ်ရတာ။ နောက်တခါ ကျနော်တို့ သတင်းစာရှင်းလင်းပွဲကို ခန်းမတွေ ဘာတွေငှားပြီးတော့ လုပ်ခွင့်မရှိဘူး။ ကိုယ့်ရုံးခန်းမှာပဲ ကိုယ်လုပ်ရမယ်ဆိုတာ၊ ဌာနချုပ်ဆိုင်းဘုတ် တင်ပြီးမှ မြို့နယ်ဆိုင်းဘုတ်တင်ရမယ် ဆိုတာတို့၊ နောက် မယက အသိအမှတ်ပြုဖို့ စာတင်ဖို့ လိုတယ်ဆိုတာတော့ ကျနော်တို့ သိပ်မကြိုက်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုရင် အစကတည်းက မကျေနပ်ရင် အချက်လက်နဲ့မညီရင် မှတ်ပုံတင်ခွင့် မပေးနဲ့လေဗျာ။ မှတ်ပုံတင်ခွင့်ပေးပြီးမှ ဆိုတဲ့အခါကျတော့ သိပ်မဟုတ်ဘူးလေဗျာ။”
ဒါအပြင် မဲဆွဲစည်းရုံးရေးတွေမှာ ဒေသခံထောက်လှမ်းရေးတွေကြောင့် စည်းရုံးရေး အခက်တွေ့ရပုံကိုလည်း ဒီမိုကရက်တစ်ပါတီ ဥက္ကဦးသုဝေက

“ရန်ကုန်တိုင်းမှာတောင်မှပဲ မြို့နယ်တွေထဲမှာဆိုရင် ကျနော်တို့သွားရင် ထောက်လှမ်းရေးတွေက ရောက်နေပြီ။ ထောက်လှမ်းရေးတွေက သူတို့ရောက်နေတော့ တချို့လူတွေကတော့ ထောက်လှမ်းရေး မြင်တဲ့အခါကျတော့ လန့်တာပေါ့နော်။ အဲဒါတွေက ရှိတာပေါ့။ အစည်းအဝေး လာမတက်ရဲတာတို့၊ တချို့လူတွေ ပါတီမ၀င်ရဲတာတို့ ဒါတွေကတော့ ရှိသွားတာပေါ့။ သူတို့ကိုပြောတာ ခင်ဗျားတို့ ဘာလို့လာတာလဲဆိုတော့ သူတို့အကြောင်းပြတာက သတင်းလာယူတာပါ၊ နောက်ပြီးတော့ သူတို့ကို ခိုင်းစရာရှိရင်၊ ကူညီစရာရှိရင် ကူညီရအောင်လာတာပါလို့ သူတို့ကတော့ ပြောတာပေါ့။ ဒါပေမယ့် သူတို့ကို လူတွေကတော့ ကြောက်တာပေါ့။”
နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်စိန်ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ရးပါတီအပါအ၀င် တစညပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပါတီသစ်တွေရဲ့ စည်းရုံးလှုပ်ရှားခွင့်ကတော့ ကွာခြားမှုများလွန်းတယ်လို့လည်း သိရပါတယ်။ လက်ရှိအခြေအနေတွေမှာတော့ ရွေးကောက်ပွဲပြီးကာလတွေမှာ နအဖစစ်အစိုးရအနေနဲ့ သူတို့မျှော်မှန်းထားတဲ့ ကြံ့ခိုင်ရေးနဲ့ တစညစတဲ့ပါတီတွေ အနိုင်မရဘဲ အရပ်သားနိုင်ငံရေးပါတီတခုခုက အနိုင်ရခဲ့ရင် အာဏာလွဲပြောင်းပေးပါ့ မလားဆိုတဲ့ ဝေဖန်ချက်တွေလည်း နိုင်ငံရေးလောကအတွင်း ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးသုဝေက သူ့အမြင်ကို အခုလို ပြောပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲမှာက စစ်အစိုးရက သူတို့ရဲ့ အခြေခံနေရာတွေကို ယူထားပြီးသား ဖြစ်နေတယ်။ အခြေခံ နေရာဆိုတာကတော့ လွှတ်တော်တွေမှာ လေးပုံတပုံကို ယူထားတယ်ပေါ့။ သူတို့အတွက်က သိပ်စိုးရိမ်စရာ မရှိတော့ဘူးထင် တယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ သူတို့ရှုံးသွားတယ်ဆိုရင် အာဏာများလွှဲပေးလိုက်ရင် သူတို့အတွက် အန္တရာယ်ရှိတယ်လို့ သူတို့တွက်တာပေါ့နော်။ အခုတော့ သူတို့က အန္တရာယ်မှ မရှိပဲ။ ဒါကြောင့် ကျနော်ထင်တယ်ပေါ့နော် ရွေးကောက်ပွဲလည်း တရားမျှတအောင် လုပ်လိမ့်မယ်။ အာဏာကလည်း ဘယ်သူရသည် ဖြစ်စေ၊ သူတို့ကလည်း သူတို့ဟာသူတို့ ကြိုးစားတော့ သူတို့လည်း ရချင်ရမှာပေါ့နော်။ မရပဲနဲ့ တခြားပါတီကရရင်လည်း လွှဲပေးလိမ့်မယ်လို့ ထင်တယ်ပေါ့။”
ဒါနဲ့ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲဏ္ဍချုပ်က ဦးအုန်း လွင်က လည်း သူဏ္ဍအမြင်ကို အခုလိုပြောပါတယ်၊
“ဟိုတုန်းက Constitution Proof (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း) မရှိဘူး။ ထင်ယောင်ထင်မှားနဲ့ ဝေေ၀၀ါးဝါးနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ရတယ်။ အခု Constitution ရှိပြီဗျာ။ အဲဒီ Constitution ကိုမှ ဖောက်လွဲဖောက်ပြန် လုပ်လို့ရှိရင် ဘယ်သူ့အပြစ်လဲဆိုတာ ကမ္ဘာမှာ ထင်ထင်ရှားရှားနဲ့ ပေါ်လာမှာပေါ့ဗျာ။ အဲဒါက ကျနော်တို့က No one is above law ဆိုတာကိုများ ဖောက်ပြန်ရင် ကျနော်တို့က အဲဒီစာအုပ်ကြီးကို မီးရှို့လိုက်ရုံပေါ့ဗျာ။”
Leave a Reply