အံ့ဘုန်းမြတ် ၃ ဇွန် ၂၀၁၀
http://burmese.dvb.no/news.php?id=11078
နိုင်ငံကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီနေ့မှာ ရန်ကင်းမြို့နယ် တရားရုံးက စွဲချက်အမှုကို လက်ခံလိုက်ပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနဲ့ ဆဲဗင်းဒေးဂျာနယ် သတင်းထောက် မအေးသူစံက ရန်ကင်းမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့အမှုကို တရားသူကြီးက ဒီနေ့မှာ အမှုကို လက်ခံလိုက်တာပါ။ အမှုလက်ခံတဲ့ ဆွဲချက်တွေမှာ ပါဝင်တဲ့ ဥပဒေပုဒ်မတွေနဲ့ ပတ်သက်ပြီး ဆဲဗင်းဒေးဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင် ပြောပြတာကတော့
“အမှုက ထက်ထက်မိုးဦးကို စွဲချက် တင်လိုက်တာပါ၊ ပုဒ်မ ၂ ခု ရပါတယ်။ အဲဒါကတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ ရယ်၊ ၅၀၆ ရယ်ပါ။ ၃၂၃ က နာကျင်စေမှု၊ ၅၀၆ ကတော့ ခြိမ်းခြောက်မှုပါ။ တရားသူကြီးက ဘယ်ပုဒ်မတွေ ရတယ်ဆိုတာကို ဒီနေ့ ဖတ်ပြတာပါ။”
ဒီဥပဒေပုဒ်မတွေမှာ ပုဒ်မ ၃၂၃ နာကျင်စေမှု ဖြစ်ပြီး ထောင်ဒဏ်အများဆုံး ၁ နှစ်ဒါမှမဟုတ် ငွေဒဏ် ၁၀၀၀ ကျပ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံစေနိုင် ပါတယ်။ ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှုမှာ အများဆုံး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ကန့်သတ် မထားတဲ့ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့လည်း အတိုင်ပင်ခံရှေ့နေတဦးက ဆိုပါတယ်။ ဒီလို တရားစွဲဆိုရတာနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်သတင်းထောက် မအေးသူစံကတော့
“အခုဟာ သူ့ကို တရားရုံးကလည်း တရားသူကြီးက ပုဒ်မနဲ့ အရေးယူဆောင်ရွက် သွားမယ်ဆိုပြီးတော့ ဒီနေ့အသိပေး ပြောလိုက်တယ်။ စွဲထားလိုက်တယ်ဆိုတော့ ကျမအနေနဲ့ကတော့ တရားဥပဒေနဲ့ ဆက်ပြီး ရင်ဆိုင်သွားမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူက ဒီလိုမျိုးကြားထဲကနေ အန်ဂျီအိုတွေ ညှိနှိုင်းတာကိုလည်း သူ့ဘက်က လက်မခံခဲ့ဘူး။ နောက်ဆုံးအနေနဲ့ ကျမလုပ်ချင်တာတော့ တရားဥပဒေအရပဲ ရှင်းရမှာပေါ့။ သူ့ကို ဒီလိုမျိုးတရားခံလည်း မဖြစ်စေချင်ဘူး။ ထောင်လည်း မကျစေချင်ဘူး။ ဒါပေမယ့် သူ့အနေနဲ့ တဖက်က ညှိနှိုင်းတာကို လက်မခံတဲ့အတွက် တရားဥပဒေအရ ဆက်သွားဖို့တလမ်းပဲ ရှိတော့တာပေါ့။”
ဒီလို တရားဆွဲဆိုခံရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦး ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီဗွီဘီနဲ့ အင်တာဗျူးမှာ တစုံတရာ ပြင်ဆင်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီနေ့မှာတော့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာချက်နှစ်စောင်ထုတ်ပြန်ပြီး ကြားဝင်စေ့စပ်မှုကို လက်ခံခြင်းမရှိတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးကို ရှုတ်ချကြောင်းနဲ့ မအေးသူစံအနေနဲ့လည်း စာနယ်ဇင်းကျင့်ဝတ်တွေနဲ့အညီ ကျင့်ကြံပြီး စာပေနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်စတဲ့ လောကသားတွေ ချစ်ခင်ရင်းနှီးမှုကို ပျက်ပြားစေနိုင်တဲ့ အပြုအမူမျိုးတွေကို ရှောင်ရှားဖို့ တိုက်တွန်းကြောင်း စာနှစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း တရားရုံးက ဆွဲချက်လက်ခံလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က
“သူ့ကို ဆဲဗင်းဒေးဂျာနယ်က တိုင်တယ်။ ကျနော်တို့ ညှိတယ်။ ကျနော်တို့ အပိုင်းက Negotiate (စေ့စပ်ညှိနှိုင်း) လုပ်ပေးတဲ့ အပိုင်းက ပြီးသွားပြီ။ မင်းသမီးက ကျနော်တို့ ပြောတဲ့အတိုင်း မလိုက်နာတဲ့အတွက် ကျနော်တို့က ရှုတ်ချတယ်။ ကျနော်တို့က အန်ဂျီအို ဖြစ်တဲ့အတွက်ကြောင့် တရားစီရင်ရေးကို လွှမ်းမိုးလို့မရတဲ့အတွက် ဒီအပေါ်မှာလည်း တစုံတရာ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။ တရားစီရင်ရေးကတော့ ဥပဒေကြောင်းအရ သူတို့ဘာသာသူတို့ သွားပါလိမ့်မယ်။ စာနယ်ဇင်းကတော့ ဆက်ပတ်သက်စရာ အကြောင်းတော့ မရှိတော့ပါဘူး။”
အမှုအတွက် ရုံးချိန်းကို ဒီလ ၁၇ ရက်နေ့မှာ ကြားနာဖို့ ချိန်းဆိုထားပြီး တရားခွင်ကို တရားလိုရော တရားခံကိုပါ ခေါ်ယူစစ်ဆေးမှာ ဖြစ်ပါတယ်။
ဘယ်သူဘာပြောပြော ထက်ထက်မိုးဥိးကမှန်တယ် ဘာလို့သူ့ကိုမေးတာလဲ မမေးရင် ဖြစ်စရာအကြောင်းမရှိဘူး
အေးသူစံ တအားမှားတယ်
LikeLike
အေသူစံကစရှို့တဲ့မီးပဲ သူကညိမ်းပေးရမှာပေါ့
ဘာလို့သူက ပြန်တိုင်ရတာလည်း အမှန်ဆို
ဓါးနဲ့တောင်ထိုးခဲ့ရမှာ အဲဒါမှာ သတင်းထောက့်တွေမှတ်သွားမှာ
အခုက ဘာမှ ကျင့်ဝတ်တွေမသိပဲနဲ့ သတင်းထောက်လုပ်
ကိုယ့်ကိုယ်ကို ဟုတ်လှပီထင်နေတာ မသာမက မသေဘူး
ထက်ထက်က တစ်ခါတည်း သက်ပြစ်ရမှာ
LikeLike
အေးသူစံ ကို သတင်းစကား လက်ဆောင်ပါးပါရစေ … အိမ်ထောင်မရှိသေးသူ ဆိုရင် ထက်ထက်လို ဘဝမျိုး မပိုင်ဆိုင်ရပါစေနဲ့ ၊ ထက်ထက်ကို အရှက်ခွဲသလို အရှက်မကွဲရပါစေနဲ့  လို့ ။ ဘဝပေးအခြေအနေအတိုင်း အတိအလင်း နေထိုင်တဲ့ ထက်ထက်ကိုမှ ပရိသတ်က သိချင်တယ်လေး ဘာလေးနဲ့  … အမှန်ဆို ထက်ထက်က သူ့ ဘဝ အဖြစ်အမှန်အတိုင်း အတိအလင်းနေထိုင်သူ ဖြစ်နေတဲ့အတွက် ပရိသတ်က ထက်ထက်အကြောင်းကို မသိချင်ပါဘူး …. ပရိသတ်သိချင်တာ အပျိုပါ အမည်ခံပြီး ဟိုတယ်လ်ခန်းတွေ ရောက်နေတဲ့ မင်းသမီး အချို့ အကြောင်းကိုသာ သိချင်တာပါ။ အဲဒါမျိုးကျ ဘာဖြစ်လို့ များ သတ္တိရှိရှိ မေးခွန်းမထုတ်ရဲတာပါလိမ့်။
LikeLike
တော်ကြပါတော့ တော်ကြပါတော့ တေချင်းချိုးတွေရဲ့ 
ဟိုမှာ ဈေးတွေ မီးလောင်နေ တာ ၀ိုင်းဝန်းအကြံပေးကြပါဦး
တတ်ပဲ တတ်လည်းတတ်နိုင်တယ်
LikeLike
ထက်ထက်ရေ ဘာမှအားမငယ်ပါနဲ့ ထက်ထက်ကို အမြဲတမ်းအားပေးနေမှာပါ။ ကျွန်တော်ကျားဘူးတာရှိတယ်၊ ထက်ထက်က အိပ်ယာထတာနဲ့ အသက်စေ့ မေတ္တာပို့တယ်လို့ကြားဘူးတယ်။ အဲဒါကြောင့် ပို့နေကြမေတ္တာကိုပဲ အားကိုးလိုက်စမ်းပါလို့ပြောလိုပါတယ်။
အစဉ်ထာဝရအားပေလျက်
LikeLike
ထက်ထက်ရေ ဘာမှအားမငယ်ပါနဲ့ ထက်ထက်ကို အမြဲတမ်းအားပေးနေမှာပါ။ ကျွန်တော်ကျားဘူးတာရှိတယ်၊ ထက်ထက်က အိပ်ယာထတာနဲ့ အသက်စေ့ မေတ္တာပို့တယ်လို့ကြားဘူးတယ်။ အဲဒါကြောင့် ပို့နေကြမေတ္တာကိုပဲ အားကိုးလိုက်စမ်းပါလို့ပြောလိုပါတယ်။
အစဉ်ထာဝရအားပေလျက်…….. ကိုကိုအောင်
LikeLike
အေးသူစံ ရေ ရှင်.ရဲ.အသုံးမကြမှုကို ဘာလို.များ ပရိတ်သတ် ကိုခုတုံးလုပ်ရတာလဲ ပရိသတ်က ထက်ထက် ဘက်မှာရှင်.
LikeLike
အနု့ ပညာရှင်နှင့် မီဒီယာဆိုတာ ကျွန်းကိုင်းမှီ ကိုင်း
ကျွန်းမှီ ဖြစ်ပါသည် ညှိနှိင်းတိုင်ပင်ပြီး
လုပ်စေချင်ပါသည်
LikeLike
ထက်ထက်မှန်တယ်။အေးသူစံနင်မှားတယ်
LikeLike
ဒေါသတရားလေးတွေရှေ့ထားပြီး
တစ်ဦးနဲ့တစ်ဦးနားလည်မှုလေးတွေ နည်းနည်းလောက်ပဲပေးကြည့်ကြလိုက်ပါ
ဒါဆိုရင် အားလုံးပြေလည် အဆင်ပြေသွားပါလိမ့်မယ်
ဒီကစ္စရဲ့ ရလဒ်ကတော့
နောက်ဆုံး ဒိုင်စားသွားတာပဲ အဖတ်တင်ကျန်ရစ်ခဲ့တဲ့ အဖြစ်မျိုးဖြစ်တော့မှာပါ
တစ်ဦးနဲ့တစ်ဦး နားလည်မှုလေးတွေ ပေးစေချင်ပါတယ်လို့ ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။ ။
LikeLike