သတင်း, အထ္ထုပ္ပတ္တိ, နိုင်ငံရေး

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သခင်စိုးမြင့် ဈာပနပြုလုပ်


အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သခင်စိုးမြင့် ဈာပနပြုလုပ်


အံ့ဘုန်းမြတ် ၂၀ မေ ၂၀၁၀

http://burmese.dvb.no/news.php?id=10944

မေလ ၂၀ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သခင်စိုးမြင့် ၈၇ နှစ်ရဲ့ ဈာပနကို ဒီနေ့ နေ့လယ်ပိုင်းက ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဈာပနအခမ်းအနားကို အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးအပါအ၀င် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေ။ မြို့နယ်အသီးသီးက အဖွဲ့ချုပ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဈာပနအစီအစဉ်နဲ့ပတ်သက်ပြီး သခင်စိုးမြင့်ရဲ့ သမီးဖြစ်သူ ဒေါ်သစ်သစ်မြင့်က အခုလိုပြောပါတယ်။

“အစီအစဉ်မှာ ဘဘအတွက်ကို အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းက ဥက္ကဌကအခမ်းအနားမှူးလုပ်ပါတယ်။ အခမ်းအနားမှူးလုပ်ပြီးတော့ မိသားစုတွေကို ကန်တော့တယ်၊ သူ့ရဲ့ ရဲဘော်ရဲဘက်တွေ အကုန်လုံးက ဂါရ၀ပြုတယ်။ အန်ကယ်ဦးတင်ဦးက သံဝေဂဂါထာတွေရွတ်ပေးတယ်။ ပြီးတော့ အန်ကယ်ဦးလှသိန်းကပဲ ဘဘရဲ့ ကိုယ်ရေးရာဇ၀င်ကို ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ ဘဘက ဒို့ဗမာအစည်းရုံးမှာ ပါခဲ့တဲ့အတွက်ကြောင့် ဒို့ဗမာအစည်းရုံးသီချင်းဆိုပြီးတော့ ဘဘကို ဈာပနအခမ်းအနားပြုလုပ်ပြီး မီးသင်္ဂြီုဟ်တယ်။”

သခင်စိုးမြင့်ကို ၁၉၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အဘ ဦးရှိန်ဖြစ်ပါတယ်။ သခင်စိုးမြင့်ဟာ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်။ ဗမာ့ကာကွယ် ရေးတပ်မတော် BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်။ ပြည့်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာမှာပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီတွင်လည်း မြောင်းမြခရိုင်ဥက္ကဌနဲ့ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဦးစိုးမြင့်ဟာ စာပြုအယ်ဒီတာဘ၀ အုပ်ချုပ်ရေးမှူးဘ၀စတဲ့ ဘ၀များစွာကိုလည်း ကျင်လည်ခဲ့သူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေးစီလှုပ်ရှားမှု အချိန်ကနေ ကွယ်လွန်ချိန်အထိ ယုံကြည်တဲ့ နိုင်ငံရေးအယူအဆတွေတိုင်း အဖွဲ့ချုပ်ဗဟိုအလုပ် မှုဆောင်အဖွဲ့ဝင်အဖြစ် ကွယ်လွန်ဖို့ ၁ ရက်အလိုအထိ အားသွန်ခွန်ဆိုက် ဆောင်ရွက်ခဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ ဒီလို ဘခင်တစ်ဦး ကွယ်လွန်ခဲ့တဲ့အပေါ် သမီးဖြစ်သူ ဒေါ်သစ်သစ်မြင့်က

“ဘဘ ဒီလိုမျိုးရုတ်တရက် ကွယ်လွန်သွားပေမယ့်လည်း ဘဘရဲ့ လုပ်ဆောင်ချက် တွေပေါ့နော်။ သူတသက်လုံး တိုင်းပြည်နဲ့ လူမျိုးအတွက်ကို ကိုယ်ကျိုးမဖက်ဘဲနဲ့ အနစ်နာခံတဲ့အတွက်ကြောင့် ကျမတို့ မိသားစုဝင်တွေက အထူးဂုဏ်ယူကျေနပ်နေ ပါတယ်။”

ဇနီးသည်မှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးတွေအဖြစ် ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နဲ့ ဒေါ်သင်းသင်းမြင့် စတဲ့သားသမီးငါး ဦးထွန်းကားခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: