စာနယ်ဇင်း, သတင်း, အနုပညာ

ထက်ထက်မိုးဦးကို တရားစွဲထားသည့်အမှုကို တရားရုံးက လက်ခံ/မခံ ကြားနာပြီးစီး


အံ့ဘုန်းမြတ် ၂၈ မေ ၂၀၁၀

http://burmese.dvb.no/news.php?id=11017

သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ထက်ထက်မိုးဦးကို ကာယကံရှင်တွေဘက်က တရားဆွဲထားပြီး အမှုလက်ခံ/မခံကို တရားရုံးက တရားလိုဘက် ကြားနာပြီးသွားပြီး မကြာခင် အကျုံးဝင်ပုဒ်မတွေကို သတ်မှတ်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ သရုပ်ဆောင် ထက်ထက်မိုးဦးက စာနယ်ဇင်းတဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တာကြောင့် ကျူးလွန်ခံရတဲ့ 7 Day Journal သတင်းထောက် မအေးသူစံက ရန်ကုန်တိုင်း တရားရုံးချုပ်ကရန်ကင်းမြို့နယ်တရားရုံးမှာ တရားဆွဲဆိုထားပြီး အမှုကို လက်ခံ/မခံ ကြားနာပြီး ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၃ ရက်နေ့မှာတော့ အကျုံးဝင်တဲ့ ဥပဒေပုဒ်မတွေကို တရားရုံးက သတ်မှတ်ကြေညာမှာ ဖြစ်တယ်လို့ 7 Day Journal အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောပါတယ်။

ဆီဒိုးနားဟိုတယ်က 'JOHNSON&JOHNSON ' ပွဲမှာ မြင်တွေ့ရတဲ့ ထက်ထက်မိုးဦး

“အမှုက ၃ ရက်နေ့မှာ တရားလိုဘက်က ဘယ်ပုဒ်မတွေ ဆွဲလို့ရတယ်ဆိုတာ တရားသူကြီးက ဖတ်ပြမှာ ဖြစ်တယ်။ ထက်ထက်မိုးဦးကို ခေါ်တာတွေ ဘာတွေ မရှိသေးဘူး။ တရားရုံးက မလုပ်သေးဘူး။ ပုဒ်မတွေက ကျမတို့ ရှေ့နေက ကြိုးစားနေပါတယ်။ ပုဒ်မ ဘယ်လိုတွေ တတ်လို့ရမယ်ဆိုတာကို။ အခုလောလောဆယ် တရားသူကြီးက ပုဒ်မကို တရားဝင် မပြောရသေးတဲ့ အခါကျတော့ ကြိုပြောဖို့က ခက်ပါတယ်။”

တရားလိုဘက်က တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင်က လိုက်ပါဆောင်ရွက်ပေးနေ တယ်လို့လည်း မငြိမ်းငြိမ်းနိုင်က ဆိုပါတယ်။ ဒီလို တရားဆွဲဆိုခံထားရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦးကတော့

“ဘာမှ မစီစဉ်ပါဘူး။ ပြီးတာတွေလည်း ပြီးသွားပြီပဲ။ ထက်ထက်ဘက်က ဘာမှလည်း မရှင်းချင်တော့ဘူး။”

ထက်ထက်က ဒီဟာအတွက်ကို ရှေ့နေငှားတယ်။ ဒေါ်အေးအေးအောင်တို့ ဘာတို့ပေါ့။ အဲလိုသတင်းတွေ ထွက်နေတယ်။

“မဟုတ်ပါဘူးရှင့်။ မဟုတ်ဘူး။ မငှားပါဘူး။”

လွန်ခဲ့တဲ့ရက်ပိုင်းက အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒု-ဥက္ကဌဖြစ်တဲ့ ဦးကိုကို (စက်မှုတက္ကသိုလ်)နဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်ခိုင်တို့က ကြားဝင် စေ့စပ်ပေးတဲ့အနေနဲ့ ကျူးလွန်ခံရသူ မအေးသူစံနဲ့  7 Day Journal က တာဝန်ယူရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အယ်ဒီတာ မငြိမ်းငြိမ်းနိုင် ပြောပြတာက

“ပြီးခဲ့တဲ့ တပတ်ထဲက တွေ့ခဲ့တာပါ။ အဲဒါတော့ ထက်ထက်မိုးဦးတို့နဲ့ ညှိမယ့်ကိစ္စပါ။ တောင်းပန်ကျေအေးဖို့။ မကျေအေးဖို့ ကတော့ သေချာမပြောဘူးရှင့်။ သူတို့က ရုပ်ရှင်အစည်းအရုံးနဲ့ ဟိုဘက်နဲ့ ညှိမယ်လို့ပဲ ပြောတယ်။ ရုပ်ရှင်အစည်း အရုံးနဲ့ အသင်းနှစ်သင်း အန်ဂျီအိုအနေနဲ့ ညှိမယ်ပေါ့နော်။ အဲဒီအနေအထားလောက်ပဲရှိပါတယ်။”

ကိုယ်ထိလက်ရောက် ကျုးလွန်ခံခဲ့တဲ့ ကာယကံရှင်ဖြစ်သူ သတင်းထောက် မအေးသူစံက ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ပြောပြတာကတော့

7 Day Journal သတင်းထောက် မအေးသူစံ

“ကျမရဲ့ သဘောကို ပြောမယ်ဆိုရင် ကျမက ကျမအလုပ်ကို ကျမလုပ်တယ်။ သူကလည်း သူ့အလုပ်ကို သူလုပ်တယ်။ သူနဲ့ ကျမနဲ့ ကြားထဲမှာလည်း အရင်တုန်းကဘာမှ ရန်ငြိုးရန်စလည်း မရှိခဲ့ဘူး။ ကျမရဲ့ စိတ်ခံစားချက် သီးသန့်အနေနဲ့ ပြောရမယ်ဆိုရင် ကျမသူ့အပေါ် ဘာအာဃာတမှလည်း မရှိဘူး။ သူရုတ်တရက် တုံ့ပြန်လိုက်တဲ့အပေါ်ကို ကြောက်သွားတယ်။ လန့်သွားတာက လွဲပြီးတော့ သူ့ကို ခုထိလည်း စိတ်ထဲမှာ ဘာမှမရှိပါဘူး။ ဒါပေမယ့် လူလည်ခေါင်မှာ ဒါမျိုးဆက်ဆံခံရတာရယ်။ နောက်ပြီးတော့ ကျမတို့ ပရော်ဖက်ရှင်နယ်အလုပ်နဲ့ ပတ်သက်ပြီးတော့ ဒီလိုထိပါးစော်ကားတဲ့ စကားတွေပြောတဲ့ အတွက်ကြောင့် သူ့ဘက်က တခုခုတော့ ပြန်ပြီးတော့ တာဝန်ယူပေး ရမယ်ပေါ့။ အဲဒီအတွက်ကြောင့်လည်း ကျမက ဒီလိုမျိုးလုပ်တာပါ။ တရားရုံးဘက်ကလည်း အမှန်တရားတခုဖြစ်အောင် လုပ်ပေးမယ်လို့တော့ မျှော်လင့်ထားပါတယ်။”

သရုပ်ဆောင်ထက်ထက်မိုးဦးကလည်း

“ပရိသတ်ကိုတော့ ဘယ်တုန်းကမှ ထက်ထက်လိမ်ညာပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ဆိုတဲ့အတွက် ပရိတ်သတ်ကိုလည်း ယုံကြည်တယ်။ ပရိတ်သတ်ကလည်း ထက်ထက်ကို အားပေးနေတယ်ဆိုတာ ထက်ထက်ယုံကြည်တယ်။ တဖြည်းဖြည်း အားလုံးက သဘောပေါက်လာမှာပါ။” လို့ ပြောပါတယ်။

တရားလိုသက်သေတွေကို နောက်ဆုံး စစ်ဆေးခဲ့ ဒီလ ၂၇ ရက်နေ့မှာတော့ တရားခွင်ကို လာရောက်နားထောင်တဲ့ စာနယ်ဇင်းသမားတွေကို ရဲသတင်းတပ်ဖွဲ့က ဂျာနယ်အမည်နဲ့ ရာထူးတွေကို စစ်ဆေးမေးမြန်း မှတ်တမ်းယူတာတွေ ရှိတယ် လို့လည်း သွားရောက်ခဲ့ကြတဲ့ စာနယ်ဇင်းသမားတွေက ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းတွေကို စာပေစိစစ်ရေးက ဖော်ပြခွင့် ပိတ်ပင်ထားပြီး ဖော်ပြခဲ့တဲ့ ဂျာနယ်နှစ်စောင်ကိုလည်း အရေးယူ ပိတ်ပင်ထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: