သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ပြည်ထောင်စုဒီမိုကရေစီပါတီက ကြေညာချက်တစောင်ထုတ်ပြန်


ပြည်ထောင်စုဒီမိုကရေစီပါတီက ကြေညာချက်တစောင်ထုတ်ပြန်

အံ့ဘုန်းမြတ် ၁၈ မေ ၂၀၁၀

http://burmese.dvb.no/news.php?id=10899

နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီက နိုင်ငံရေးနဲ့ လူမှုရေးတွေနဲ့ဆိုင်တဲ့ ကြေညာချက်တစောင်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီကနေမှာ ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဒီကြေညာချက်ထဲမှာတော့ လူမှုရေးအရ မြန်မာပြည်ဒေသအချို့က ပြည်သူလူထုတွေ သောက် သုံးရေ အခက်အခဲကြုံတွေ့နေရချိန်မှာ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမည်တံဆိပ်တပ် အလံထောင်ပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာတွေကို ရှုံ့ချထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါတီဥက္ကဌဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက

ကိုဖြိုးမင်းသိန်း (ပြည်ထောင်စုဒီမိုကရေစီ ပါတီ)

“ဒီဟာက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအလံထောင်ရမယ်တို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖြစ်မှ ကူညီရမယ်ဆိုတဲ့ အခြေအနေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ သူ့ရဲ့ အလံလွှမ်းမှုပြဿနာတွေကို ကိုယ်တို့က မရှိစေချင်ဘူး။ ဒီအခြေအနေမျိုးအပေါ်မှာ အဖွဲအစည်းတခုခုရဲ့ အကျိုးအတွက် ဒါဟာ ဘယ်သူတွေ လာလှူလာလှူ ဒီအဖွဲ့က လှူတာပါဆိုတဲ့ ပုံစံဖြစ်အောင် လုပ် တဲ့ပုံစံမျိုးတော့ မဖြစ်သင့်ဘူးလို့ဆိုတဲ့ သတိပေးမှုတွေနဲ့ အမျိုးသားရေးပုံစံတရပ်နဲ့ ၀ိုင်းဝန်းအဖြေရှာကြဖို့။ ဒီလူသားချင်းစာနာ ထောက်ထားမှုကိစ္စတွေကို ဖြည့်ဆည်းကြဖို့ဆိုတဲ့ သဘောထားတရပ်ကို ရေပြဿနာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားပါတယ်။”

ဒါအပြင် ဒီကြေညာချက်အတွင်းမှာ နအဖစစ်အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ ကြားပြသနာတွေဟာ နိုင်ငံရေးပြသနာသာဖြစ်တာကြောင့် စစ်ရေးနဲ့မဖြေရှင်းပဲ နိုင်ငံရေးအရသာဖြေရှင်းဖို့ တိုက်တွန်းထားတယ်လို့လည်း ကိုဖြိုးမင်းသိန်းက ခုလို ပြောပါတယ်။

“လက်နက်ကိုင်ထားတာတောင် နိုင်ငံရေးအရအဖြေရှာလို့ မရသေးတာ လက်နက် မရှိရင်ဘူးဆိုရင် ပိုပြီး အဖြေရှာလို့ မရနိုင်တော့ဘူးဆိုတဲ့အပေါ်မှာ ဘော်ဒါဂတ်လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့အတွက် သဘောမတူနိုင်ဘူး။ ဒီဘက်ကလည်း နိုင်ငံ တနိုင်ငံမှာ တပ်မတော်တခုတည်းရှိသင့်တယ် ဆိုတဲ့အပေါ်မှာ အတင်းတွန်းပြီး ဆောင်ရွက်လာမယ်ဆိုတော့ စစ်ပွဲဖြစ်နိုင်တဲ့ အရိပ်လက္ခဏာတွေ ပေါ်လာနိုင်တယ် ပေါ့နော်။ အဲဒီလို စစ်ပွဲဖြစ်နိုင်မယ့် အရိပ်လက္ခဏာတွေပေါ်လာရင် နယ်စပ်ဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ဘ၀တွေကတော့ စည်းပွားရေး တည်ဆောက်ထားမှုလေးတွေ၊ အဲဒီအခြေအနေကလေးတွေ ပျက်ပြုန်းပြီး မြန်မာနိုင်ငံရဲ့ ပြည်သူလူထုတွေရဲ့ဘ၀ မြေစာပင် ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒီအခြေအနေတွေအပေါ်မှာ အကုန်လုံးကို နောက်ထပ် တိုက်တွန်းချင်တာက နိုင်ငံရေးနည်းလမ်းနဲ့ ဒီပြဿနာကို အဖြေရှာဖို့၊ စစ်ရေးနည်းလမ်းကို မကျင့်သုံးဖို့ဆိုတဲ့ သဘောထားကို ပြောချင်ပါတယ်။”

ပြည်ထောင်စုဒီမိုကရေစီပါတီဟာ ၀ါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်း ကိုညိုထွန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားအချို့ပါဝင်ထားတဲ့ နိုင်ငံရေးပါတီသစ်တခုဖြစ်ပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: