စီးပွားရေး, လူမှုရေး, သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလုပ်သမားနေ့ ကြေညာချက်ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလုပ်သမားနေ့ ကြေညာချက်ထုတ်ပြန်

အံ့ဘုန်းမြတ် ၁ မေ ၂၀၁၀

http://burmese.dvb.no/news.php?id=10734

ပြည်တွင်းပြည်ပက အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နအဖစစ်အစိုးရ အပါအ၀င် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုတို့က ပြေလည်အောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်အတွင်း ဖော်ပြထားတာတွေကိုအဖွဲ့ ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အလုပ်သမားတွေက မိမိတို့ ရတဲ့လခနဲ့ အလွန် နည်းပါးနေတယ်။ မကြာခဏ သူတို့ရဲ့ ဆန္ဒတွေ ထုတ်ဖော်နေတာကို ကြားနေရတယ်။ ဒါကြောင့် ဒီကိစ္စတွေက ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်းဖြစ်တဲ့ အိုင်အယ်လ်အိုရော လက်ရှိ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာပိုင်တွေက ဒီကိစ္စတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ အလုပ်သမားဆိုတဲ့နေရာမှာလည်း ပြည်တွင်းအလုပ်သမားရော ပြည်ပမှာရှိတဲ့ အလုပ်သမားရော ပြည်ပမှာရှိတဲ့ အလုပ်သမားတွေကလည်း အလုပ်သမား စံတွေနဲ့ မညီပဲနဲ့ လုပ်ကိုင်နေရတာတွေရှိတယ်။ အဲဒါကြောင့် ဒါတွေကို ဆောင်ရွက် ဖို့လိုတယ် အဲလိုကြေညာချက် ထုတ်ထားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပြေလည်အောင် ဖြေရှင်းပေးဖို့ တိုက်တွန်းနေချိန်မှာပဲ နအဖစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အလုပ်သမားနေ့ သ၀ဏ်လွှာမှာတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုပြီး အလုပ်သမားတွေရဲ့ ခံစား ခွင့်နဲ့ အခွင့်အလမ်းတွေ ပိုမိုမြင့်မားခိုင်မာလာစေဖို့ အလေးထား ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြလာတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ရန်ကုန်စက်မှုဇုန်အသီးသီးက အလုပ်သမားတွေဟာ လုပ်ခလစာနည်းပါးမှု၊ လုပ်ငန်းခွင် မသာယာမှုတွေ စတဲ့ အလုပ်သမားအခွင့် အရေးတွေကို ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့်လည်း လုပ်ငန်းရှင်တွေနဲ့ အစိုးရဘက်က သိသာတဲ့ လိုက်လျောမှုမျိုးတွေတော့ မရှိသေးပါဘူး။

ဒီအလုပ်သမားနေ့ သ၀ဏ်လွှာမှာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပတော့မယ် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့နဲ့ မူဝါဒလမ်းစဉ် (၇) ရပ် အကောင်အထည်ဖော်မှုကို အဟန့်အတားဖြစ်စေဘို ပြည်တွင်းပြည်ပ အဖျက်သမားတွေက လှုပ်ရှားနေကြတာ တွေ့မြင်နေရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုထားပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: