သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

မှတ်ပုံတင် နိုင်ငံရေးပါတီများတွင် တိုင်းရင်းသားပါတီများ ထက်ဝက်နီးပါရှိ


မှတ်ပုံတင် နိုင်ငံရေးပါတီများတွင် တိုင်းရင်းသားပါတီများ ထက်ဝက်နီးပါရှိ

အံ့ဘုန်းမြတ် ၂၃ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10645

နအဖစစ်အစိုးရက ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီအဖြစ် လျှောက်လွှာ တင်ထားတဲ့အထဲမှာ တိုင်းရင်းသာပါတီ ထက်ဝက် နီပါးရှိပါတယ်။ နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းပဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မတ်လ ၁၇ ရက်နေ့က စတင်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ပါတီသစ် ၁၆ ခုနဲ့ ပါတီဟောင်း ၃ ခု စုစုပေါင်း ပါတီ ၁၉ ခု ထဲမှာ တိုင်းရင်းသားပါတီ ၉ ခု ပါဝင်နေတာပါ။ အဲ့ဒီအထဲက ၂ ခုကတော့ ၉၀ ရွေးကောက်ပွဲ လက်ကျန် နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်နဲ့ မြို (ခေါ်) ခမီ အမျိုးသားညီ ညွတ်ရေးအဖွဲ့တို့ ပြန်လည် သက်တမ်းတိုးထား ကြတာ ဖြစ်ပါတယ်။ အဲ့ဒီထဲက ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ စောမောင်ချောက

“ကျနော်တို့ ပါတီကတော့ ကရင်အမျိုးသား တခုတည်း မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံး တိုင်းရင်းသားအားလုံးအတွက် ကျနော်တို့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတာပဲလေ။ အဲဒါ ပြည်သူတွေကလည်း ကျနော်တို့အတွက် နားလည်ပေးဖို့တော့ ဆွေးနွေး ကြည့်ရမှာပေါ့။ အဓိက အဲဒါပါပဲ။ လက်ရှိ နိုင်ငံတော် အစိုးရကလည်း သူချမှတ်ထားတဲ့ မူတွေ ရှိတဲ့အခါကျတော့ ပေါင်းစပ်ပြီးတော့ လုပ် ဆောင်ရတဲ့ အပိုင်းရှိတာပေါ့လေ။ တဘက်ချည်းပဲ ကျနော်တို့ ပြောလို့ မရဘူးပေါ့။ ဟိုဘက်ဒီဘက် တွဲနေတာကိုး ဒါလည်း ရှိသေးတယ်။”

ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်အနေနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီစတဲ့ တိုင်းနဲ့ပြည်နယ် ၆ ခု မှာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း စောမောင်ချောက ပြောပါတယ်။

နိုင်ငံရေးပါတီအသစ်အဖြစ် ထူထောင်ပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက မြို့နယ် ၄၀ ကျော်ကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်လွှာတင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါ တီ ဥက္ကစိုင်းအိုက်ပေါင်းက ပါတီလျှောက်လွှာ တင်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ဆိုပြန်ပါတယ်။

“တဦးနဲ့ တဦးကတော့ အမြင်တူမှာ မဟုတ်ဘူး။ ဦးတို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သဘောက လွှတ်တော်ကိုယ်စားလှယ်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါမယ်။ ကျန်တာ ၇၅ ရာခိုင်နှုန်းက ပြည်သူလူထုက ပါလို့ရတာပဲလေ။ အဲတော့ ၇၅ ရာခိုင်နှုန်းထဲမှာ ပါတီတွေက ၀င်ပြိုင်ရမယ်။ အပြည့်အ၀တော့ မရသည့်တိုင်အောင် ရသင့်သလောက်တော့ အခွင့်အရေးက ရမှာပဲလို့ ဦးတို့က ယုံကြည်တယ်။ ဖွဲ့စည်းပုံအရ ပါတဲ့အခွင့်အရေးက ရမှာပဲလေ။”

တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ဒေသတွေအတွင်း စစ်အစိုးရရဲ့ အရပ်ဝတ် လဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ ပါဝင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း၊ စစ်မှုထမ်းဟောင်းများအဖွဲ့ စတဲ့ အဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် မြို့နယ်တွေမှာ ပြိုင်ဘက်မရှိ ရရှိသွားမှာကို စိုးရိမ်တာကြောင့် အခုလို နိုင်ငံရေးပါတီ အဖြစ် ထူထောင်ကြရတာ ဖြစ်တယ်လို့လည်း အခြားပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီဝင် တချို့က ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ ၁၉၉၀ ပြည့်နှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တရားဝင်တည်ရှိဆဲ တိုင်းရင်းသားပါတီအများစုကတော့ နအဖစစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုလုံးဝမရှိတာကြောင့် ခုချိန်ထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သက်တမ်း မတိုးကြသေးပါဘူး။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: