ပညာရေး, လူငယ်ရေးရာ, သတင်း

အခြေခံပညာကျောင်းများ မကြာခင်ကျောင်းအပ် စတင်လက်ခံတော့မည်


အခြေခံပညာကျောင်းများ မကြာခင်ကျောင်းအပ် စတင်လက်ခံတော့မည်

အံ့ဘုန်းမြတ် ၂၁ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10637

မြန်မာတနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ မကြာခင် စတင်ကျောင်းအပ်လက်ခံတော့မယ်လို့ သိရပါတယ်။ မြန်မာတနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ ၂၀၁၀-၂၀၁၁ ပညာ သင်နှစ် အတွက် မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူ ကျောင်းသားအသစ်တွေကို မေလ ဒုတိယအပတ်က စတင်လက်ခံတော့မှာပါ။ ကျောင်းအပ် စတင်လက်ခံမယ့်နေ့ကို ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာတာမျိုး မရှိသေးပါဘူး။ ကျောင်းအပ် ရာသီအကြို အခြေအနေနဲ့ ပတ်သက်ပြီး ဆရာမတဦးက ခုလို ပြောပြပါတယ်။

“ဒီလကုန်ပြီး ၅ လပိုင်း ၂၀ နောက်ပိုင်း ပုံမှန်ကျောင်းအပ်တဲ့ အချိန်ပဲ၊ ပုံမှန်ကတော့ ၂၀ နောက်ပိုင်း တတိယ အပတ်လောက်ဖြစ်တယ်။ ဆရာကြီးက ထူးခြားမှုရှိတယ်ဆိုရင် ဖုန်းဆက်ပေးမယ်ပေါ့။ ထူးထူးခြားခြားလည်း ဆရာကြီးက မဆက်သေးတော့ ဘာမှ ထူးခြားတဲ့ အခြေအနေတော့ ရှိဦးမှာ မဟုတ်ဘူး။ အောင်စာရင်းထွက်ပြီဟေ့ဆိုရင် ဆရာမတွေက အိမ်မှာ စာသင်တဲ့ ကလေး နည်းနည်း ပါးပါး ရှိတော့လေ။ ပုံနှိပ်စာအုပ်တွေ ဘာတွေက မိဘတွေက ကိုယ့်ဘာသာကိုယ် ၀ယ်တာများတာကိုး၊ ဘာသာရပ်မစုံဘူး ဆိုတော့လေ၊ အပြင်မှာဝယ်တဲ့ လူတွေက များတယ်။ အထဲက ရတာတွေက သူတို့ တဘာသာလောက် လျှော့သွာတယ် ဆိုရင် သူတို့ သင်ရခက်တာကိုး။”

ကျောင်းအပ်လက်ခံရက်နီးရင် မြို့နယ် ပညာရေးမှူးရုံးက ကျောင်းတွေကို အကြောင်းကြားမှာ ဖြစ်ပြီး အဲ့ဒီတော့မှ တာဝန်ကျနေတဲ့ ကျေးရွာကျောင်းတွေကို သွားပြီး ကျောင်းအပ်လက်ခံပေးရမှာ ဖြစ်တယ်လို့လည်း ဆရာမက ဆိုပါတယ်။

ကျောင်းဖွင့်ရာသီ ပြန်လည်နီးကပ်လာချိန်မှာ ကျောင်းသားမိဘတွေရဲ့ ပြင်ဆင်နေမှုတွေကိုလည်း ကျောင်းသား မိဘတဦးက

“ကျောင်းဖွင့်ဖို့ တလကျော် တလခွဲလောက် လိုတဲ့အခါကျတော့ အခုနေခါ ၀ယ်တဲ့အခါ နည်းနည်းပါးပါး ဈေးသက်သာတယ်။ ကျောင်းဖွင့်ရာသီဆိုရင် ဈေးတွေက တအားတက်လာပြီဆိုတော့ အဖြူအစိမ်း ကျောင်းယူနီဖောင်းတို့ လွယ်အိတ်တို့လိုမျိုးပေါ့နော် အဲဒါမျိုးတွေ နောက် စာအုတ်၊ ခဲတံမျိုးတွေ အဲဒါမျိုးတွေတော့ ၀ယ်ပြီးကြိုစုထားရတာတွေ ရှိပါတယ်။”

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေဟာ နွေရာသီ ကျောင်းပိတ်ရက်တွေကတည်းက လာမယ့်နှစ်မှာ သင်ကြားမယ့် အတန်းပိုင်ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်တက်နေကြရပုံကိုလည်း ကျောင်းသား ဖခင်တဦးက အခုလို ဆိုပြန်ပါတယ်။

“နွေကျောင်းပိတ်ချိန်မှာ ၃ လပိုင်း အလယ်လောက်ကတည်းက စပြီး ကျူရှင် ဖွင့်နေတာ။ မနက်တခု၊ နေ့လည်တခု ကျူရှင်တက်နေရတာပေါ့။ ရာသီဥတုက ပူရတဲ့ကြားထဲမှာ မိဘတွေ ကျူရှင်ခ ထပ်ကုန်သေးတယ်။ ကုန်တယ်ဆိုတာကလည်း ဒီလိုလေ အဲဒီဆရာဆရာမဆီမှာမှ ကျူရှင်မထားရင် နောက်နှစ် ကျောင်းဖွင့်ချိန်မှာ အဲဒီအတန်းကို ကိုယ့်ကလေး ရောက်သွားရင် မျက်နှာငယ်မယ်။ ကိုယ့်ကလေး ရောက်သွားမယ့် ဆရာမအိမ်မှာ ကျူရှင် ကြိုအပ်ထားရတာပေါ့ ၃ လပိုင်း ကတည်းက။”

ကျူရှင်လခတွေမှာတော့ မူလတန်း ကျောင်းသားတဦးကို တလ ပျမ်းမျှ သုံးထောင်ကျပ်ကနေ ငါထောင်ကျပ် ကြားမှာရှိပြီး အလယ်တန်းတဦးကို တစ်လ ပျမ်းမျှ ငါးထောင်ကျပ်ကနေ ရှစ်ထောင်ကျပ် ရှိနေသလို အထက်တန်းဖြစ်တဲ့ ကိုးတန်းကျောင်း သားတွေအနေနဲ့ တဘာသာ ပျမ်းမျှ ငါးထောင်ကျပ်လောက် ကျူရှင်လခ ရှိတယ်လို့လည်း ကျောင်းသားမိဘတွေဆီက သိရပါတယ်။

ယခုနှစ်ပညာသင်နှစ်ကနေ စတင်ပြီး စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်မယ့် ပုဂ္ဂလိကကျောင်း တချို့မှာတော့ ဧပြီ ၁၉ ရက်ကတည်း စတင်ပြီး ကျောင်းအပ် လက်ခံနေပြီလို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ နအဖစစ်အစိုးရလက်ထက် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော်နဲ့ ဆရာ၊ ဆရာမဦးရေ နှစ်သိန်းခွဲ ကျော်ရှိပြီး နှစ်စဉ်ကျောင်းသူ ကျောင်းသား ရှစ်သန်းနီးပါးကို ပညာသင်ကြားပေးတယ်လို့ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။

ဒီအခြေအနေမှာပဲ မြန်မာနိုင်ငံ အနှံအပြားမှာရှိတဲ့ ကျေးရွာတွေမှာတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုပဲ အားထားပြီး ပညာသင်ကြား နေကြရသူတွေလည်း အများအပြား ရှိနေကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: