သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

မဲဆန္ဒရှင်များအတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်မည့် အဖွဲ့ တည်ထောင်


မဲဆန္ဒရှင်များအတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်မည့် အဖွဲ့ တည်ထောင်

အံ့ဘုန်းမြတ် ၇ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10533

အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်တွေအတွက် ပညာပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ တသီးပုဂ္ဂလအမျိုးသား နိုင်ငံရေးသမားများ အဖွဲ့ကို ထူထောင် လိုက်ပါတယ်။ ဦးဝင်းနိုင် ဦးဆောင်တဲ့ တသီးပုဂ္ဂလ အမျိုးသားနိုင်ငံရေးသမားများအဖွဲ့ကို နိုင်ငံရေး စိတ်ဝင်စားတဲ့ လူတွေနဲ့ ဖွဲ့စည်းလိုက်တာပါ။ ဒီအကြောင်းကို ဦးဝင်းနိုင်က

အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင်

“နာမည်ကတော့ ကျနော်တို့ တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ ဆိုပြီးတော့  Group  (အုပ်စု) လေးတခု ဖွဲ့ထားတာပါ။ မြန်မာပြည်မှာ ကျနော့်လိုပေါ့ ပါတီမဖွဲ့ဘဲနဲ့ အမျိုးသားနိုင်ငံရေးကို ဆက်ပြီးတော့ လုပ်ချင်ကြတဲ့ လူကြီး၊ လူငယ်၊ လူလတ် နိုင်ငံရေးသမားတွေ အများကြီး ရှိတယ်။ အဲဒီတော့ ကျနော်က အဲဒါကို သူတို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ စုရပ်ကလေး တခု လုပ်ကြရအောင် ဆိုပြီး စုရပ်ကလေး တခုလုပ်လိုက်ပြီးတော့ ကျနော်တို့က တိုင်းပြည်အတွက် လိုအပ်တဲ့ ကိစ္စလေးတွေကို ဆောင်ရွက်ကြမယ်ဆိုပြီးတော့ လူစုလိုက်တာပါပဲ။”

တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဘယ်လို မဲ ထည့်သင်တယ်။ ဒီမိုကရေစီအခြေခံက ဘာတွေဆိုတဲ့ ပညာပေးကိစ္စတွေကို ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“လူထုကို တိုက်ရိုက်ကိုယ်စားပြုတဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်မယ်။ အခု အရေးတကြီးကတော့ ဖွဲ့စည်းပုံ လုပ်ထားတဲ့ဟာတွေက ဘယ်လိုဟာတွေဆိုတာကို ကျနော်တို့ အသိပေးမယ်။ တကယ်လို့များ ရွေးကောက်ပွဲ ဖြစ်လာခဲ့သည် ရှိသော် ရွေးကောက်ပွဲမှာ  Best Election  (အကောင်းဆုံးရွေးကောက်ပွဲ) အနေနဲ့ ဘာတွေ လုပ်သင့်တယ်။ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေကို ရွေးသင့်တယ်။ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးဆိုတာ ဘာတွေလဲဆိုတဲ့ အဲဒါတွေကို အသိပေးပညာ ပေးမယ့် လုပ်ငန်းကို ကျနော်တို့ ပထမဦးဆုံး လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက နာမည်ပေးထားတာက မဲဆန္ဒရှင်များ ပညာပေးရေးလုပ်ငန်းစဉ် လောလောဆယ်တော့ အဲဒါကို အဓိကလုပ်ဖို့ စီစဉ်နေပါတယ်။”

ဒီလို ပညာပေးလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ အာဏာပိုင်တွေဘက်က ဘယ်အတိုင်းအတာအထိ အပြုသဘောနဲ့ လုပ်ခွင့်ပေးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။ အမျိုးသားရေး ဦးဝင်းနိုင်ဟာ ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်းကြီးမြင့်မှု အပါအ၀င် လူထုတွေ့ကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေ ပြေလည်အောင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထင်ကျော်တို့နဲ့အတူ ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာသံဃာလှုပ်ရှားမှုအတွင်း လူရွှင်တော်ကိုဇာဂနာ၊ သရုပ်ဆောင် ကိုကျော်သူတို့နဲ့အတူ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ မကြာခဏ ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

One thought on “မဲဆန္ဒရှင်များအတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်မည့် အဖွဲ့ တည်ထောင်

  1. သိပ်ကို ကောင်းတဲ့ အစီအစဉ်ပါပဲ။ ၀မ်းသာမိပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေအပေါ် စစ်မှန်တဲ့ စေတနာရှိခဲ့ရင် ဒီလောက်ကတော့ ခွင့်ပြုသင့်ကြောင်းပါ။

    Posted by chocho | April 9, 2010, 7:31 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: