စာနယ်ဇင်း, ယဉ်ကျေးမှု, လူမှုရေး, သတင်း, အထ္ထုပ္ပတ္တိ, အနုပညာ, ဆောင်းပါး, နိုင်ငံရေး

လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၂) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ


လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၂) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ

အံ့ဘုန်းမြတ် ၇ ဧပြီ ၂၀၁၀

မြန်မာ့စာနယ်ဇင်းပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၂) ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီကနေ့ မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ နံနက် (၉) နာရီခွဲက မဏိရတနာရာမမြတောင်ကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီအကြောင်း ကို ဆရာမကြီးရဲ့ သားဖြစ်သူ ဆရာညီပုလေးက အခုလို ပြောပါတယ်။

“၃၅ လမ်းမှာ ရှိတဲ့ မဏိရတနာရာမ မြတောင်ကျောင်းတိုက်မှာ သံဃာတော် အပါး ၁၀၀ ဆွမ်းကပ်တယ်။ စစချင်း ၉ နာရီ ခွဲမှာ သီလယူတယ်၊ ရေစက်ချတယ်၊ မြတောင်ဆရာတော်ကြီး ကိုယ်တိုင် သီလပေးပါတယ်။ ရေစက်ချတရား ဟောပါတယ်။ နောက်ပြီးတော့ ၁၀ နာရီမှာ ဆွမ်းကပ်တယ်၊ လူပရိတ်သတ်ကိုတော့ ၁၁ နာရီလောက်မှာ ကပ်နိုင်တယ်။ လူပရိတ်သတ်ထဲမှာ စာပေလောက က လူတွေကော ဆွေမျိုး မိတ်သင်္ဂဟတွေကော နောက် ဗြဟ္မစိုရ်က ပရိတ်သတ် တွေကော ကြွရောက်ပြီးတော့ နေ့လည်စာ သုံးဆောင်ပါတယ်။”

ဆရာမကြီး လူထုဒေါ်အမာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအပေါ် ဘယ်လိုဘယ်ပုံ သုံးသပ်နိုင်တယ်ဆိုတာကိုလည်း သားဖြစ်သူ ဆရာညီပုလေးက အခုလို ယူဆပါတယ်။

“ကျနော်တို့ ပြောဖြစ်ကြတယ်။ အမေ့ဆန္ဒလာပြီး ခံယူရင်လည်း အမေကတော့ အန်အယ်ဒီကို ရွေးကောက်ပွဲ မ၀င်နဲ့လို့ ပြောမယ်လို့ ယူဆပါတယ်။ တခါတလေ အလွတ်သဘော ပြောတာလေးတွေက မှတ်သားစရာ ကောင်းပါတယ်။ ခေတ်ကို ထင်ဟပ်တယ်။ ဒါပေမယ့် ထင်ဟပ်တဲ့ဟာတွေက ဆောင်းပါးလို စာလိုရေးဖို့တော့ ခက်ပါတယ်။”

နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ (ပြည်သူချစ်သော လူထုဒေါ်အမာ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အမာအမှတ်တရ စာစုတွေကို စုစည်းပြီး စာအုပ်အဖြစ် ဒီကနေ့မှာပဲ ထုတ်ဝေခဲ့ပါတယ်လို့လည်း ဆရာညီပုလေးကဆိုပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာ (၂၀) ကျော်ရဲ့ ဆောင်းပါးတွေကို စုစည်းပုံနှိပ် ဖော်ပြထားတာဖြစ်ပါတယ်။

ဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ ခု၊ နိုဝင်ဘ (၂၉) ရက်နေ့ မန္တလေးမြို့မှာ အဖ ဦးထင်၊ အမိဒေါ်စုတို့က မွေးဖွားပြီး၊ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ကြီးပွားရေးဦးလှ (နောင်-လူထုဦးလှ) နဲ့ အိမ်ထောင်ကျခဲ့ပြီး ကြီးပွားရေးမဂ္ဂဇင်းနဲ့ လူထု သတင်းစာတို့ကို ခင်ပွန်းသည်နဲ့အတူ လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် သူ့ရဲ့ အသက် (၇၀) ပြည့်မွေးနေ့က စပြီး မွေးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး မြန်မာ့စာပေလောကသားတို့ရဲ့ စုစည်းရာ အထင်ကရ ပွဲတခုဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က စပြီး နအဖစစ်အစိုးရ အာဏာပိုင်တွေက လူထုဒေါ်အမာမွေးနေ့ မပြုလုပ်နိုင် ဖိအားပေး ပိတ်ပင်မှုပြု လုပ်ခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: