သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

၉၀ ရလဒ် မပြီးဆုံးသေး – ဒီငြိမ်းက ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်


၉၀ ရလဒ် မပြီးဆုံးသေး – ဒီငြိမ်းက ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်

အံ့ဘုန်းမြတ် ၃ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10469

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲရလဒ်ကို ပြီးဆုံးအောင် အကောင်အထည်ဖော်ဖို့ လိုအပ်နေတာကြောင့် ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံ ရေးပါတီတချို့ နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဖျက်သိမ်းခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ချုပ် (ဒီငြိမ်း) ပါတီဝင်ဟောင်းတွေက ဒီလို ပြောကြားလိုက်တာပါ။ ဒီငြိမ်းအဖွဲ့ဝင်ဟောင်း ဦးစိုးမောင်က

“၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ရဲ့ အဖြေကို အခုသူတို့က တောင်းထားတယ်။ ဟိုဖက်ကမပေးဘူး၊ သူတို့ ရွှေဂုံတိုင်ကြေညာချက်လည်း တောင်းနေတယ်။ မပြီး သေးဘူးဆိုတဲ့ခါကျတော့ သူရှေ့ဆက်ပြီးတော့ ဘာလုပ်မလဲ။ တခုခုတော့ ပြောရတော့မှာပဲလေ။ အန်ကယ်လ်တို့ကြောင့်ပေါ့နော် အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရထားတဲ့ ပါတီတရပ်ရဲ့ လုပ်ငန်းတွေ အနှောင့်အယှက် မဖြစ်စေရဘူး။ အန်ကယ်လ်တို့ အခုလုပ်သင့်တဲ့ အလုပ်ကို အချိန်နဲ့တပြေးညီ စဉ်းစားနေ တယ်။”

ဒါ့အပြင် ၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ ပြည်သူထုကို လေးစားတဲ့ အနေနဲ့ အနိုင်ရပါတီရဲ့ လုပ်ငန်းစဉ်ကို ပြီးအောင် စောင့်ဆိုင်းရမှာပဲလို့လည်း ဦးစိုးမောင်က ပြောပါတယ်။

“အန်ကယ်လ်တို့ကလည်း ရွေးကောက်ပွဲကို အမျိုးသားအဆင့် ပါဝင်ယှဉ် ပြိုင်ခဲ့တာကိုး၊ လူထုကို လေးစားရမှာပဲ။ လူထု ဆုံးဖြတ်ပေးလိုက်တာက သူတို့ချည်း လုပ်ပါစေဆိုတဲ့အခါကျတော့ သူတို့ လုပ်ငန်းပြီးသွားတဲ့ခါကျမှ အန်ကယ်လ်တို့က သူတို့ကို အနှောင့်အယှက်ပေးဖို့ မဟုတ်ဘူး။ ဒါ လူထုကြီး လေးစားသော အားဖြင့်ပေါ့။”

၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မ ဖော်နိုင်သေးဘူးဆိုတာ တစိတ်တပိုင်းပဲမှန်တယ်လို့ အခုလို ချေပပြောကြားပါတယ်။

“၉၀ ရလဒ်က ပြည်တွင်းရော ပြည်ပရော အားလုံးက မျှတတဲ့ ရွေးကောက် ပွဲဆိုပြီးတော့ အသိအမှတ်ပြုထားတယ်။ ကျနော်တို့က အဲဒီ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဘယ်တုန်းကမှ မစွန့်ဘူး။ အခုလည်းမစွန့်ဘူး  အာဏာပိုင်တွေက ပျက် ပြယ်တယ်လို့ကြေညာပေမယ့် ကျနော်တို့ လက်မခံဘူး။”

“အဲတော့ အခုနပြောတဲ့ ၉၀ ရလဒ်ကို ကျနော်တို့ အကောင်အထည် မဖော်နိုင်သေးဘူးလို့ဆိုတာ တစိတ်တပိုင်းပဲမှန်မယ်။ အကောင်အထည် ဖော်ချင်တာက ကျနော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒ၊ အကောင်အထည်ဖော်လို့မရအောင် လုပ်တာက အာဏာပိုင်တွေရဲ့အလုပ်၊ အဲဒီလိုလည်း ခွဲခြားသိမြင်ဖို့လိုမယ်။ ကျနော်တို့က ၉၀ ပြည့်နှစ်ရလဒ်ကို ဘယ်တော့မှ မစွန့်လွတ်ဘူး။ သမိုင်းမှာလည်း ဘယ်တော့မှ မပျောက်ဘူးလို့ အဲလိုပဲ ပြောချင်ပါတယ်။”

လက်ရှိအခြေအနေမှာ အဖွဲ့ချုပ်က ၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ပါတီဖျက်သိမ်းခံခဲ့ရတဲ့ ဒီငြိမ်းအဖွဲ့ချုပ်ကတော့ ၉၀ ရွေးကောက်ပွဲရလဒ် မပြီးဆုံးသေးတာကြောင့် နအဖအစိုးရရဲ့ ရွေးကောက်ပွဲသစ်ကို ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးဆိုပေမယ့် ၉၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ အပါအ၀င်ပါတီ (၇) ခုက လျှောက်လွှာ တင်ထားကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: