သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများရှိနေ


၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများရှိနေ

အံ့ဘုန်းမြတ် ၂ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10464
နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် တတိယနိုင်ငံရေးအင်အားစုတွေ ပြင်ဆင်နေကြသလို တချို့လည်း လျှောက်လွှာတင်ထားကြပါတယ်။ ၀ါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံး ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ပါဝင်တဲ့ လူထုဒီမိုကရေစီပါတီတို့ ပူပေါင်းပြီး ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် ထူထောင် ကြမှာပါ။ ဒီလိုထူထောင်ဖို့ ဒီနေ့မှာ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“ဒီနေ့ လူထုဒီမိုကရေစီပါတီရယ်၊ ပြည်ထောင်စုဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ရယ်ကို ပေါင်းလိုက်တယ်။ ပေါင်းပြီးတော့ ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် တပါတီထဲ ဖွဲ့ဖို့အတွက် ဆုံးဖြတ်လိုက်တာ။ ဦးရွှေအုံးက နာယကရပ်တည်မယ် ဆိုရင် ၁၆ ဦးပေါ့ ဒီဥစ္စာကို ၇ ရက်၊ ၈ ရက် ၀န်းကျင်းမှာ အလုပ်အမှုဆောင် စာရင်းတင်မှာပေါ့နော်။”

ပြည်ထောင်စုဒီမိုကရေစီပါတီအနေနဲ့ လစ်ဘရယ်ဒီမိုကရက်တစ် အယူအဆအပေါ်မှာ အခြေခံပြီး ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အဆင့်အထိ ၀င်ရောက် ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်မယ် လို့လည်း အခြားပြည်ထောင်စုဒီမိုကရေစီ ပါတီဝင် တချို့ကဆိုပါတယ်။ နအဖအစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ တရားဝင် ထုတ်ပြန်တဲ့ စာရင်းအရ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်က လျှောက်လွှာတင် ထားပါတယ်။ ဒီအဖွဲ့မှာတော့ မျိုးဆက်သစ်ကျောင်းတော်သားအုပ်စု၊ ၀ံဿာနု အန်အယ်လ်ဒီတို့နဲ့အတူ ဧရာဝတီတိုင်း ပုသိမ်မြို့က ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးပါတီ၊ မကွေးတိုင်း တောင်တွင်းကြီးက မျိုးချစ်အစည်းအရုံး၊ မန္တလေးတိုင်း မိထ္ထီလာက ပြည်ထောင်စုမြန်မာနိုင်ငံ (NLD) လူငယ်စတဲ့ နိုင်ငံရေးအင်အားစုတွေ ပါတယ်လို့ ဦးဆောင် တည်ထောင်သူတဦးဖြစ်တဲ့ ဦးကြည်ဝင်းက ပြောပါတယ်။ ပါတီရဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဦးကြည်ဝင်းက

ကိုဖြိုးမင်းသိန်း (ပြည်ထောင်စုဒီမိုကရေစီ ပါတီ)

“အခုလောလောဆယ် တို့က ပါတီမှတ်ပုံသွားတင်တာပဲ ရှိသေးတယ်လေ။ အဓိကအားဖြင့် ပြိုင်ချင်တာကတော့ ပြည်သူ့လွှတ်တော်နေရာရယ်၊ တိုင်းဒေသကြီးပေါ့နော် အဲဒီလိုနေရာကို အဓိကထား ပြိုင်ကြမှာပါ။ အမျိုးသားလွှတ်တော် အ တွက်ကတော့ သိပ်ပြိုင်ဖို့ မစဉ်းစားသေးဘူးပေါ့။ နောင် ဖြစ်ရင်လည်း ဖြစ်လာမှာပေါ့လေ။ အခြေအနေ အပေါ်မှာ မူတည်တာပေါ့။”

လက်ရှိ အခြေအနေမှာတော့ နိုင်ငံရေးပါတီအဖြစ်ထူထောင်ဖို့ လျှောက်လွှာ တင်ထားတဲ့ နိုင်ငံရေး ပါတီသစ် ၅ ခုရှိနေပြီး နိုင်ငံရေးပါတီဟောင်းတွေထဲက တစည (တိုင်းရင်းစားစည်း လုံးညီညွတ်ရေးပါတီ) က နိုင်ငံရေးပါတီအဖြစ် သက်တမ်းတိုး ထားပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကတော့ မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ လျှောက်လွှာတင် ထားတဲ့ နိုင်ငံရေးပါတီတွေမှာ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး အဖြစ် စားရင်းပေးထားတဲ့ ပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တွေ နောက်ကြောင်း ရာဇ၀င်တွေ စစ်ဆေး မှတ်တမ်းယူတာတွေ ရှိတယ်လို့ လျှောက်လွှာ တင်ထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင် တချို့က ပြောပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: