ခရီသွား, စာနယ်ဇင်း, စီးပွားရေး, ယဉ်ကျေးမှု, သတင်း, အနုပညာ

မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့်


မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့်

အံ့ဘုန်းမြတ် ၂ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10458

မြန်မာနိုင်ငံရဲ့ တခုတည်းသော အင်္ဂလိပ်ဘာသာ ရုပ်သံလိုင်း တခုဖြစ်တဲ့ MRTV- 3 ကို မြန်မာအင်တာနေရှင်ရုပ်သံလိုင်းအဖြစ် ပြောင်းလဲပြီး တရားဝင် စတင် ထုတ်လွှင့်ပြသနေပါပြီ။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ အင်္ဂလိပ်ဘာသာအစီအစဉ် MRTV- 3 ကို မြန်မာအင်တာ နေရှင်နယ်အဖြစ် မတ်လ ၃၁ က စတင်ပြီး ထုတ်လွှင့်ပြသနေတာပါ။ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းက သတင်းသမားတဦးက အခုလိုပြောပြပါတယ်။

“စင်္ကာပူက ငှားထားတဲ့ နိုင်ငံခြားသားတွေက အစီအစဉ်တခုလုံးအတွက် ပြောကြတာ။ အဓိကက Travel & Tourism (ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း) ပေါ့ အဲဒါကို သူတို့ ဦးစားပေးထားတယ်။ Culture (ယဉ်ကျေးမှု) ၊  Traditional (ရိုးရာ အစဉ်အလာ) စတဲ့ (အစီအစဉ်) အသစ်လေးတွေတော့ နည်းနည်းပါတော့ပေါ့လေ။ Environment (ပတ်ဝန်းကျင်အကြောင်း)တွေ။ အဏ၀ါဗေဒ အဲဒီလိုမျိုးတွေပါ ကမ္ဘာက စိတ်ဝင်စားမယ့်ဟာမျိုးတွေပေါ့။ ဒီတီဗွီရဲ့ အနေအထားအရတော့ ခရီးသွားလုပ်ငန်းကို ဦးစားပေး စောင်းပေးလွှင့်နေတာ”

ဒီရုပ်မြင်သံကြား အစီအစဉ်တွေကို နံနက်ပိုင်း MRTV အစီအစဉ်တွေ အပြီး ၉ နာရီ ကနေ ၁၁ နာရီအထိ ထုတ်လွှင့်ပေးနေတာဖြစ်ပြီး ဂြိုလ်တုလိုင်းတွေ မှာတော့ ၂ နာရီစာ အစီအစဉ်ကို ၂၄ နာရီလုံး ပြန်လည် ထုတ်လွှင့်ပေးနေမှာလည်း ဖြစ်ပါတယ်။ မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း အစီအစဉ်တွေကို ရွှေသံလွှင်မီဒီယာ ကုမ္ပဏီက တာဝန်ယူ စီစဉ်ပေးနေတာဖြစ်ပြီး လက်ရှိ အခြေအနေကိုလည်း ပြည်တွင်းက သတင်းသမားက

“စင်္ကာပူက Presenter (အစီအစဉ်တင်ပြသူ) တွေကို သူတို့ ငှားထားတာ၊ မတတ်နိုင်တော့လို့ သူတို့က အခုက အဲဒီ နိုင်ငံခြားသားတွေနဲ့ မလုပ်တော့ဘူး ဆိုပြီး အဲဒီ ရွှေသံလွင် ဘက်ကနေ ကြားတဲ့တာာပေါ့နော်။ ဒါပေမယ့် သူတို့မှာ ဒွိဟ ဖြစ်နေတာက နိုင်ငံခြားသားပြောတဲ့ဟာမှပဲ နိုင်ငံခြားသားတွေက ယုံမယ် နားထောင်မယ် ပေါ့နော်။ မြန်မာတွေက ဥကမ Myanmar country is very good  ဆိုတာ မြန်မာတွေက ပြောတဲ့ဟာကို နိုင်ငံခြားသားတွေက နားမထောင်ဘူး။ သူတို့ ကြားထဲမှာ အဲဒါတွေ ဖြစ်နေတာ ဆက်ငှားဖြစ်မယ်၊ မငှားဘူး အခုက အဲဒီလို ဖြစ်နေကြတယ်။”

ဒီအစီအစဉ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ဖြစ်သလို ခရီးသွား ကုမ္ပဏီတွေနဲ့ ဟိုတယ်ကြောငြာတွေနဲ့ ဈေးကွက်သစ် ဖြစ်လာဖို့ ရည်ရွယ်ပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ၀င်ငွေ သိပ်မရှိသေးဘူးလို့လည်း ရွှေသံလွင် မီဒီယာနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။ မြန်မာအင်တာနနေရယ် ရုပ်သံလိုင်းမှာ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ လူမှုဘ၀ သတင်းမှတ်တမ်း အစီအစဉ်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေ၊ အင်္ဂလိပ်စာတမ်းထိုး မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကိုလည်း ထည့်သွင်း ပြသမှာ ဖြစ်ပါတယ်။ ဒီရုပ်သံလိုင်း ဖွင့်ပွဲကို မတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား အဆောက်အဦးမှာ ကျင်းပပြုပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း တက်ရောက်ခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

One thought on “မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့်

  1. ကွန်ပြူတာကကြည့်လို့ရတဲ့အခါကျရင်ပြောပါဦး ။

    Posted by kom | April 3, 2010, 8:39 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: