စီးပွားရေး, ယဉ်ကျေးမှု, သတင်း, အနုပညာ

ဘန်ကောက်က နိုင်ငံတကာဖက်ရှင်ပွဲတော် မြန်မာဒီဇိုင်နာများ ပါဝင်ပြသ


ဘန်ကောက်က နိုင်ငံတကာဖက်ရှင်ပွဲတော် မြန်မာဒီဇိုင်နာများ ပါဝင်ပြသ

အံ့ဘုန်းမြတ် ၂ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10455

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က စတင်ကျင်းပပြုလုပ်နေတဲ့ ဘန်ကောက် နိုင်ငံတကာ ဖက်ရှင်ပွဲတော်မှာ မြန်မာဖက်ရှင် ဒီဇိုင်နာတွေ ပါဝင်ပြီး ပြသနေပါတယ်။ ဧပြီ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဘန်ကောက်မြို့ အင်းပက် မောင့်ထောင်ဌာနီမှာ ပြသမယ့် နိုင်ငံတကာ ဖက်ရှင်ပွဲတော်မှာ မြန်မာဒီဇိုင်နာ ၈ ဦး ပါဝင် ပြသနေတာပါ။ ဒီပြပွဲမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန် စတဲ့နိုင်ငံတွေက ဒီဇိုင်နာတွေနဲ့အတူ မြန်မာဒီဇိုင်နာတွေလည်း ပါဝင်ပြသနေကြတာလည်း ဖြစ်ပါတယ်။ ဒီပြပွဲမှာ ပြသနေတဲ့ မြန်မာအ၀တ်အစားတွေနဲ့ ပတ်သက်ပြီး ပါဝင်ပြသနေတဲ့ ဒီဇိုင်နာတဦးက ခုလို ရှင်းပြပါတယ်။

“မြန်မာဒီဇိုင်နာတွေကတော့ ချိတ်ကို အသားပေးပြီးတော့မှ ချုပ်တယ်။ မြန်မာထမိန်သိမ်းတို့ ဟိုးရှေးခေတ်က မြန်မာထမိန်သိမ်း မင်္ဂလာဝတ်စုံရယ်၊ နောက် ကျန်တဲ့ဟာတွေကတော့  Dress  တွေပေါ့။ Dress  မှာ အရှည်နဲ့ အတိုပေါ့။ ခေတ်နဲ့ ဒီဇိုင်းထွင်ပြီး ပြတာတွေ ပါပါတယ်။ စိတ်ဝင်စားကြပါတယ် မြန်မာတွေရဲ့ ကာလာတွေကတော့ အပေါ်လွင်ဆုံး ဖြစ်နေပါတယ်။ ကာလာအရောင် ရွေးချယ်ထားတာ။”

ဒီဖက်ရှင်ပြပွဲမှာ အာရှဒေသတွင်း ဖက်ရှင်ဒီဇိုင်း ဆွေးနွေးပွဲတွေလည်း ပါဝင် တာကြောင့် မြန်မာဖက်ရှင် ဒီဇိုင်နာတွေအတွက် အခွင့်အလမ်းကောင်းတွေနဲ့ နိုင်ငံတကာအတွေ့အကြုံတွေ ရတယ်လို့လည်း ဆိုပါတယ်။

“ဒီမှာ ဖက်ရှင်ကွန်းဖရန့်တွေလည်းရှိတယ်လေ။ အာရှဒီဇိုင်နာကလပ်လုပ်ဖို့အတွက် အစီအစဉ်မျိုးတွေလည်းပါတယ်ပေါ့နော်။ ဒီလိုဆွေးနွေးကြတဲ့ အစီအစဉ်တွေပါတော့ ကျွန်မတို့အတွက် အများကြီး အကျိုးရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့အတွက် အတွေ့အကြုံတွေအများကြီးရသလို သူများနိုင်ငံတွေက ဒီဖိုင်နာတွေ ဒီဇိုင်းတွေကို ဘယ်လိုဆင်ထားတယ် ဒီဇိုင်းတွေလည်း ဘယ်လိုဆန်းသစ်နေတယ်ဆိုတာ သိရတာပေါ့နော်။”

အခုကျင်းပနေတဲ့ ဖက်ရှင်ပွဲတော်ကို ထိုင်းဘုရင့်အစိုးရ လက်အောက်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ပို့ကုန်မြှင့်တင်ရေး (DEP)ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနတို့ရဲ့ ခွင့်ပြုချက်နဲ့ လာရောက် ပြသကြတာ ဖြစ်တယ်လို့ အခြား ၏လာရောက်ပြသတဲ့ ဒီဇိုင်နာတချို့က ပြောပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: