သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ဦးရွှေအုံးနှင့် ၈၈ မျိုးဆက် တို့ပေါင်းစုပြီး နိုင်ငံရေးပါတီတရပ် ထူထောင်မည်


ဦးရွှေအုံးနှင့် ၈၈ မျိုးဆက် တို့ပေါင်းစုပြီး နိုင်ငံရေးပါတီတရပ် ထူထောင်မည်

အံ့ဘုန်းမြတ် ၁ ဧပြီ ၂၀၁၀

http://burmese.dvb.no/news.php?id=10450

ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ပြန်လည်ပေါင်းစည်းပြီး နိုင်ငံရေးပါတီတရပ်အနေနဲ့ ထူထောင်တော့မှာပါ။ နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ်လို့ ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့တဲ့ ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပါတီသစ်အဖြစ် ထူထောင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့မှာ ကျင်းပပြုလုပ်တဲ့ လူထုဒီမိုကရေစီပါတီရဲ့ မဟာမိတ်နိုင်ငံရေး အင်အားစုများ ပူပေါင်းပါတီ ထူထောင်ရေးဆွေးနွေးပွဲမှာ ခုလို ဆုံးဖြတ်လိုက်တာပါ။ ဒီအကြောင်းကို ရှမ်းအမျိုးသား ဦးရွှေအုံးက

ဦးရွှေအုံး (ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားကြီး)

“နံပါတ် ၁ က ကျနော်တို့ ပါတီ ၂ ခု ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ပေါ့။ တဘက်က သူတို့ လူထုဒီမိုကရေစီပါတီ အဲဒါက ၈၈ မျိုးဆက်ကျောင်းသားတွေ ဖြိုးမင်းသိန်း၊ သိန်းတင်အောင် ပါတယ်လေ။ ပေါင်းမယ်လို့ ကျနော်တို့ မဟာမိတ် ဆုံးဖြတ်ပြီးပြီလေ။ အဲတော့ ဘယ်လိုနည်းနဲ့ ပေါင်းမယ်ဆိုတာ အသေးစိတ်ကို ကျနော်တို့ ဆွေးနွေးမယ်။” လို့ ပြောပါတယ်။

ဒီနေ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ဖျက်သိမ်းခံထားရတဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ် (ဒီငြိမ်း) အဖွဲ့ဝင်ဟောင်းတွေကိုလည်း ဖိတ်ခေါ်ခဲ့ပေမယ့် တက်ရောက်ခြင်း မရှိခဲ့ဘူးလို့လည်း ဦးရွှေအုံးက ဆိုပါတယ်။ ဒီလို မဟာမိတ်နိုင်ငံရေးအင်အားစုတွေ ပေါင်းစည်းပြီး ပါတီတစ်ရပ်အနေနဲ့ ထူထောင်ဖို့ ဆုံးရတာနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဖြိုးမင်းသိန်းက

ကိုဖြိုးမင်းသိန်း (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဟောင်း)

“နအဖရဲ့ အင်လိုင်းထဲမှာပြောရရင် ကိုအေးလွင်တို့ အုပ်စုတွေက တခု ရှိသေးတယ်။ ဒီဘက်မှာကျတော့ ရွေးကောက်ပွဲကို လက်ခံပြီး ဖြတ်သန်းမယ်ဆိုတဲ့ အခြေအနေက လေးခုရှိတယ်။ ဒီငြိမ်းကတော့ အခိုင်အမာ မရှိသေးဘူး။ ဒီမိုကရက် တစ်ပါတီကတော့ သူ့ဘာသူ ရပ်တည်မှာ။ ဒီဘက် ၂ ခုက ပေါင်းလိုက်ရင် သုံးခုလောက်ပဲ ရှိမှာပေါ့။ မြန်မာပြည်ရဲ့ ရှေ့ရေးကြိုးပမ်းမှု မဟုတ်ရင်တောင်မှ ဂျွိုင့်အက်ရှင်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ကျနော်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက် နိုင်လောက်တဲ့ အခြေအနေ များသွားမယ်။ ဘာလို့လဲဆိုတော့ ညီညွတ်ရေးဆိုတာ အပြောင်းအလဲတရပ်မှာ မဖြစ်မနေ လိုအပ်တယ်လေ။”

ဒါ့အပြင် ကိုသိန်းတင်အောင်ကလည်း

ကိုသိန်းတင်အောင် (၈၈ မျိုးဆက်မျိုးဆက် ကျောင်းသားဟောင်း)

“အန်အယ်လ်ဒီ မ၀င်တဲ့အခါကျတော့ ဒီရွေးကောက်ပွဲဝင်မယ့် အင်အားစုထဲမှာ ရှင်းရှင်းပြောရရင် တပ်မတော် အထောက်အကူပြု အင်အားစုနဲ့ တပ်မတော်နဲ့ မသက်ဆိုင်တဲ့ အင်အားစု ၂ စု ရှိမှာပေါ့။ အဲဒီမှာ တပ်မတော်နဲ့ မသက်ဆိုင်တဲ့ အင်အားစုတွေက တစုအဖွဲ့ ကွဲကွဲပြားပြားဖြစ်နေရင် ပြည်သူက ရှင်းရှင်းပြောရင် မျက်စိရှုပ်လို့၊ အဲတော့ ရှင်းရှင်းပြောရင် အမြင်ကြည်အောင် တစုတစည်းတည်း ဖြစ်အောင် အနည်းဆုံတော့ ဂျေအေစီတို့ အလိုင်းရင်းတို့ လုပ်ရမှာပဲ။ အခုဟာက ပေါင်း နိုင်တဲ့ အဖွဲ့ကတော့ ပေါင်းလိုက်ပြီ။”

လက်ရှိ အခြေအနေမှာတော့ နအဖစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ထုတ်ပြန်တဲ့ သတင်းတွေအရ နိုင်ငံရေးပါတီသစ်အဖြစ် ကိုအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်)၊ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ကရင်ပြည်သူ့ပါတီတို့ လျှောက်လွှာတင် ထားတယ်ပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်အတွင်းမှာ ကရင်ပြည်သူ့ပါတီအပြင် ကရင်ပြည် နယ်ဒီမိုကရက်တစ်ပါတီ အနေနဲ့လည်း လျှောက်လွှာတင်ဖို့ရှိသလို အခြားပြည်နယ်နှင့် တိုင်တချို့မှာလည်း နိုင်ငံရေးပါတီအဖြစ် လျှောက်လွှာတင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးအင်အားစု အချို့လည်းရှိ နေကြပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ နိုင်ငံရေးပါတီအဖြစ် သက်တမ်း မတိုးဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: