ဝါရင့်နိုင်ငံရေးသမားကြီးများ တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ်ပြန်
အံ့ဘုန်းမြတ် ၂၇ မတ် ၂၀၁၀
http://burmese.dvb.no/news.php?id=10402
ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ သခင်ချန်ထွန်း။ သခင်သိန်းဖေ စတဲ့နိုင်ငံရေး သမားကြီးတွေက အားလုံးပါဝင်ခွင့် ရရေးအတွက် တင်းကျပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနှင့် ဖွဲဏ္ဍစည်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးဖို့ နအဖ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ဖက်စစ်တော်လှန်ရေးမှာ ၀ါရင့်နိုင်ငံ ရေးသမား ကြီးတွေက နအဖအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုလိုက်တာပါ။ တမျိုးသားလုံး သွေးစည်းညီညွတ်ရေးကို ရှေ့ရှုပြီး သံသယတွေ အာဃတတွေ ဖျောက်ကြပြီး တွေ့ဆုံဆွေး နွေးရေးပြုလုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့လည်း ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက တောင်းဆိုထား ပါတယ်။ ဒါအပြင် နအဖအစိုးရ ခေါင်းဆောင်တွေကိုလည်း ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဘက်များ ကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို မေတ္တာ ပ်ခံလိုက်ပါတယ်။
“ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် အဟန့်အတား၊ အတားအဆီး အကန့်အသတ်များ ပါဝင်နေသော ၂၀၀၈ ခု ဖွဲ့စည်းပုံနှင့်တကွ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအားလုံးအား ပြန်လည်သုံးသပ် ပြင်ဆင်ပေးပါရန် ပတ်သက်သူအားလုံး ပါဝင် နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ၀ါရင့်နိုင်ငံရေးလုပ် ဖော်ကိုင်ဘက်များ။”
ဒါအပြင် ဒီကနေ့မှာပဲ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) ကနေ့လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးအား အမြန်ဆုံးလွတ်ပေးရန်၊ နိုင်ငံတော်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပေးဖို့နဲ့ တရားမျှတမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ဥပဒေတွေကို အမြန်ဆုံး ပြန်လည်ပြင် ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
Leave a Reply