ပညာရေး, လူငယ်ရေးရာ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

သာမန်ပြည်သူအများစု ရွေးကောက်ပွဲဥပဒေကို စိတ်ဝင်စားမှုနည်းပါး


သာမန်ပြည်သူအများစု ရွေးကောက်ပွဲဥပဒေကို စိတ်ဝင်စားမှုနည်းပါး

အံ့ဘုန်းမြတ် ၁၆ မတ် ၂၀၁၀

နအဖ စစ်အစိုးရက သူတို့ရဲ့ စစ်အုပ်ချုပ်ရေးယန္တရား သက်ဆိုးရှည်ဖို့အတွက် ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ရွေးကောက်ပွဲကျင်းပ ပြုလုပ်ဖို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ စတင်ထုတ် ပြန်လိုက်ပေမယ့် သာမန်ပြည်သူ အများစုကတော့ စိတ်ဝင်စားမှုမရှိတဲ့အခြေအနေမျိုး ဖြစ်နေပါတယ်။

နအဖအစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို သာမန်ပြည်သူတွေ အပါအ၀င် ကျောင်းသူ၊ ကျောင်းသားတွေကြားမှာ စိတ်ဝင်စားမှုနည်းပါးနေပါတယ်။ ဒီလို နည်းပါးနေပုံကို ရန်ကုန်တက္ကသိုလ်မှာ မဟာတန်းတက်ရောက်နေတဲ့ အသက် ၂၉ နှစ်အရွယ် ကျောင်းသားတဦးက အခုလို စပြောပြပါတယ်။

“အကုန်လုံးက အေးအေးဆေးဆေးဘဲ၊ ကြည့်ဘဲကြည့်နေကြတယ်။ ဘယ်သူမှ သိပ်ပြီးတော့ ဟုတ်တိပတ်တိ မဟုတ်ကြဘူး။ အများစုကတော့ ဒီပုပ်ထဲက ဒီပဲလို့ ထင်နေကြတာ။ ကျောင်းထဲမှာတော့ ဝေလေလေတွေများတယ်။ အားလုံးက ဒီခေတ်စနစ်အရဆိုတော့ အတန်းပြီးဖို့နဲ့ အောင်မြင်ဖို့ဘဲလုပ်နေကြတယ်။ တချို့ဆိုမေးရင် ဘာမှန်းတောင် မသိကြဘူး။ အဲလိုမျိုးတွေ ဖြစ်နေကြတာ။ ပညာရေးဆိုလည်း ဟုတ်တိပတ်တိမဟုတ်ကြဘူး။ ဟုတ်တိပတ်တိကို အခွင့်အရေးမပေးတဲ့ အပိုင်းတွေ လည်းပါတာပေါ့။ တချို့ကလည်း နှမြောဖို့ ကောင်းပါတယ်။”

အခြား အသက် ၂၆ နှစ်အရွယ် မဟာတန်းကျောင်းသူတဦးကတော့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်နေ ပေမယ့်လည်း လူငယ်တွေအတွက် အခွင့်အရေးတွေကို ဖန်တီးပေးမယ့် အစိုးရမျိုးအဖြစ် မျှော်လင့်ချက်နဲ့ အခုလို ပြောသွားပြပါတယ်။

“မျှော်တော့မျှော်လင့်တာပေါ့။ ဘာလို့လည်းဆိုတော့ ကောင်းသထက် ကောင်းစေချင်တာပေါ့။ သမီးတို့မှမဟုတ်ဘူး လူတိုင်းဆန္ဒရှိကြတယ်။ တက်လာတော့မှ လုံးဝကောင်း ပြီဆိုတော့မှ ဟင်းချနိုင်မယ်။ ရွှေရည်စိမ်လွတ်လပ်ရေးပေါ့၊ ပြောရရင်။ ခဏတဖြုတ်သာရတယ် ပြီးရင် သူတို့ကတခါ အရင်ပေါ်လစီလိုမျိုးဘဲ မဟုတ်တာတွေ ပြန်ပြီးတော့ လုပ်နေရင် ဘာမှမထူးဘူး။ အဲလိုဖြစ်မှာကတော့ လူတိုင်းစိုး ရိမ်ကြတယ်။ အခုဟာ ပညာရေးကိုက ဆုတ်ယုတ်နေတယ်ဆိုတော့ ကိုယ့်ဖို့  Business ကလည်း မရှိဘူး။ အပြင် Business ကလည်း ကိုယ်ရထားတဲ့ ပညာရေးနဲ့ အရမ်းကွာနေတယ်။ တခြားနိုင်ငံမှာ အဲလိုမျိုးမဟုတ်ဘူးလေ။ အဲလိုမျိုး အခွင့်အရေးလေးတခုတော့ လူတိုင်းလိုချင်တာဘဲ။ လူငယ်တွေ အထူးသဖြင့် လိုချင်တယ်။ အဲဒါဆိုရင် ပြည်ပမှာ သွားပြီး အလုပ်လုပ်စရာ မလိုဘူး။”

ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီးဖြစ်ပေမယ့် နိုင်ငံရေးပါတီတွေအကြောင်း အသေးစိတ် မသိရသေးသလို လက်ရှိအခြေအနေအရ လွတ်လပ်စွာမဲပေးခွင့် ရှိမယ်ဆိုရင် ဒီမိုကရေစီလမ်းစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးပါတီမျိုးကိုပဲ မဲပေးချင်တယ်လို့လည်း မဟာတန်းကျောင်းသူကဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကိုယ်တွေကလည်း ပါတီစုံကို ဂဃနဏ မသိဘူးလေ။ ကိုယ်သိတာ ကတော့ ဒီမိုကရက်တစ်ပါတီတခုဘဲ ကောင်းကောင်းသိတယ်။ သိတယ်ဆိုတာ လည်း သူ့အကြောင်း ကောင်းကောင်းသိတယ်လို့တော့ မဟုတ်ဘူး။ ဒီဟာကို ဟိုထဲက ကြိုက်တယ်ဆိုတဲ့သဘော။ ဒီဟာကို အများပြည်သူ လက်ခံထားတဲ့ သဘောပေါ့။ အဲလိုမျိုးသဘောကို ဒီလိုမျိုး ရွေးခိုင်းရင်တော့ ရွေးချယ်ဖြစ်မယ်လို့တော့ ထင်တာဘဲ။”

ဒါ့အပြင် အသက် ၃၀ အရွယ် စီးပွားရေး လုပ်နေတဲ့ အမျိုးသမီးတဦးက လည်း ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။

“စိတ်ကို မ၀င်စားတာပါ၊ တရားမျှတတာ မမျှတတာတော့ မသိသေးဘူး။ အရင်တုန်းကလည်း တရားမမျှတတဲ့ ပုံစံနဲ့သွားတယ်ဆိုတော့။ ဒီတခေါက်ရွေး ကောက်ပွဲရှိတယ်ပေါ့၊ ရွေးကောက်ပွဲရှိတယ်ဆိုတော့ တချို့ဆိုအလုပ်တွေဘာတွေ ပိုက်ဆံတွေဘာတွေလည်း သိပ်မရင်းထားရဲသေးဘူး။ ကိုယ့်အလုပ်မှာဘဲ ကိုယ့်ဘာသာကိုယ် ဿကိးစားနေတယ်ပေါ့။”

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ် ကနေ ၄၄ နှစ်အတွင်း မဲပေးနိုင်ခွင့်ရှိသူ ၂၂ သန်းကျော်ရှိနေပြီး တနိုင်ငံလုံး မဲပေးခွင့်ရှိသူဦးရေ ၂၇ သန်းကျော်မှာ အများစုပါဝင် နေတာ ဖြစ်ပါတယ်။ နအဖစစ်အစိုးရရဲ့ ၂၀၀၆ ခုနှစ်က ထုတ်ပြန်တဲ့ စာရင်းတွေအရ အသက် ၂၀ ကနေ ၃၉ နှစ်အတွင်း လူဦးရေဟာ ၁၇ သန်းခွဲရှိပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ရှိနေသလို ၁၅ နှစ်ကနေ ၁၉ နှစ်အထိ လူဦးရေဟာ ငါးသန်းရှိနေပါတယ်။ ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ အသက် ၁၅ နှစ်ပြည့်ပြီးတဲ့သူ ၅ သန်းဟာလည်း နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေအဖြစ် ပါဝင်လာကြမှာဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: