စီးပွားရေး, သတင်း

လျှပ်စစ်မီးခများ ဧပြီလတွင် ဈေးတက်မည်ဟု သတင်းများထွက်ပေါ်


လျှပ်စစ်မီးခများ ဧပြီလတွင် ဈေးတက်မည်ဟု သတင်းများထွက်ပေါ်

အံ့ဘုန်းမြတ် ၆ မတ် ၂၀၁၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဓာတ်အားဖြန့်ဖြူးရေးနဲ့ အခွန်ကောက်ခံရေးအပိုင်းတွေကို ပုဂ္ဂလိကလက် လွှဲအပ်ထားတာကြောင့် လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး လျှပ်စစ်မီတာခတွေ တက်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီတာခ တွေကို လာမယ့် ဘဏ္ဍာရေးနှစ်စ ဧပြီလဆန်း ကစပြီး တိုးမြှင့်ကောက်ခံတော့မှာလို့ သတင်းထွက်ပေါ်နေတာပါ။ ရန်ကုန်တိုင်းအတွင်း ဓာတ်အားဖြန့်ဖြူးရေးနဲ့ အခွန်ကောက်ခံရေးအပိုင်းတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီက ပိုင်ဆိုင်ထားတာဖြစ်ပြီး လက်ရှိ တစ်ယူနစ်ကို နှစ်ဆယ့်ငါးကျပ်ကနေ အနည်းဆုံးလေးဆ တစ်ရာကျပ်နဲ့ အများဆုံး ဆယ်ဆ နှစ်ရာ့ငါးဆယ်လောက်အထိ ဖြစ်သွားနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ဆိုပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက အခုလို ပြောပြပါတယ်။

“ရန်ကုန်တိုင်းတခုလုံးကို ထူးကုမ္ပဏီကနေ ကောက်မယ်။ မီတာခ က ဆယ်ဆတက်မှာလို့ ပြောတယ်။ အစိတ်ဆယ်ဆ တက်မှာ ဆိုတော့ ၂၅၀ ကောက်မယ်ပေါ့။ မီးကလုံးဝမပြတ်ဘူးတဲ့ ထူးက တာဝန်ယူပြီးတော့ အဲဒါတွေအကုန် ပုဂ္ဂလိကပိုင်လုပ်တာပေါ့။ အစိုးရကိုကျတော့ ဘယ်လောက်သွင်းပါပေါ့။ အခုလမ်းတွေလို ကန်ထရိုက်လုပ် သလိုပေါ့။”

အခြားနီးစပ်သူအချို့ကတော့ လက်ရှိကောက်ခံနေတာရဲ့ လေးဆ တက်မယ်လို့ဆိုကြပေမယ့် ၀န်ကြီးဌာနအနေနဲ့ တရားဝင်ကြေညာ တာမျိုး တော့မရှိသေးပါဘူး။ ရန်ကုန်မြို့က လျှပ်စစ်ပစ္စည်းကုမ္ပဏီ တခုက မန်နေဂျာတဦးကတော့

“ဒီမှာကတော့ ကြားတာကတော့ ကြားတယ်။ တက်တာကတော့အကုန်ပဲ။ ဖုန်းဘေတွေ ဘာတွေခတွေရော သင်္ကြန်အပြီးလောက်ဆိုရင်တော့ သူတို့အကုန်စတော့မယ်လေ။ အဲဒါတော့ကြားတယ်ဗျ ၂၀၁၀ ခုနှစ် ၄ လပိုင်းဆိုပြီးတော့ ပြောတာပဲ။”

မကြာခဏ သတင်းမှန်တွေက ကြိုထွက်လေ့ရှိပေမယ့် ကောလာဟလလို အစိုးရကပြန်ပြောပြီး နောက်ပိုင်းမှာ တကယ်ဖြစ်ကုန်တာပဲလို့လည်း သူကပြောပါတယ်။ လျှပ်စစ်မီတာခတွေ တိုးလာတော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်က အိမ်ရှင်မတဦးရဲ့ အမြင်ကတော့

“အရင်တုန်းက အစိတ်ဆိုတဲ့ တုန်းကကျတော့ တို့တတွေအိမ်လိုကျတော့ လေးထောင်ကျတယ်။ သာမန်မိသားစုတွေဆိုရင် ရေခဲသေတ္တာ ၁ လုံးလောက်ရှိမယ်။ မီးကြွေထိုးမယ်။ တီဗွီကြည့်မယ်ပေါ့။ ဒါပုံမှန်ပေါ့။ အစကတော့ ၁ ယူနစ်ကို ၁ ရာဖြစ်သွားမယ်ဆို လေးဆလောက် ခုန်တက်သွားတော့ တသောင်းခြောက်ထောင်တောင် ကျသွားမှာပေါ။့ ဘယ်လိုလုပ်ကြမလဲဆိုတော့ ၂ သောင်းတိုးပေးထားသော်လည်း တကယ့်တကယ်ကျတော့ မကိုက်ဘူး ရှင်းရှင်းပြောရရင်။”

ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကလည်း မန္တလေးတိုင်း လျှပ်စစ်ကို ဦးတေဇပိုင် ထူးကုမ္ပဏီက ၀ယ်ပြီးဖြစ်တယ်လို့ ပြည်တွင်းထုတ် ဂျာနယ်အချို့မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းလျှပ်စစ်ကို ၀ယ်ယူထားတယ်ဆိုတာတော့ ဖော်ပြခြင်းမရှိသေးသလို လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံမယ်ဆိုတာကိုလည်း ကြေညာခြင်းမရှိသေးပါဘူး။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: