ဘာသာရေး, သတင်း, နိုင်ငံရေး

နိုင်ငံရေး အကျဉ်းသားလွတ်မြေက်ရေး ပခုက္ကူသံဃာတော်များ ဆုတောင်း


နိုင်ငံရေး အကျဉ်းသားလွတ်မြေက်ရေး ပခုက္ကူသံဃာတော်များ ဆုတောင်း

အံ့ဘုန်းမြတ် ၂၇ ဖေဖော်ဝါရီ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)


နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ် မြောက်ဖို့အတွက် ပခုက္ကူမြို့မှာရှိတဲ့ သံဃာတော်တွေက ဒီနေ့မှာကျရောက်တဲ့ တပေါင်းလပြည့်နေ့မှာ ဆုတောင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ စာသင်သံဃာတော်များသမဂ္ဂနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂတို့က ပခုက္ကူမြို့က သံဃာတော်တွေ တပေါင်းလပြည့်နေ့မှာ ပခုက္ကူမြို့ရှိ ဖောင်တော်ဉီး ဘုရားမှာ မေတ္တာပို့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ ဒီအကြောင်းကိုတော့ ပခုက္ကူမြို့မှာ သတင်းသုံးနေတဲ့ သံဃာတော်တပါးက ခုလို မိန့်ကြားပါတယ်။

“ဒီနေ့က တပေါင်းလပြည့်နေဆိုတော့ နေ့ထူးနေ့မြတ် ဖြစ်တယ်လေ။ ဒါ ကြောင့်မို့ ဖောင်တော်ဉီးဘုရားမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေ အကုန်လုံး ကောင်းဖို့အတွက်၊ ထောင်တွင်း မှာရှိနေတဲ့ သံဃာတော်တွေ လွတ်မြောက်အောင်ဆိုပြီး ဉီးဇင်းတို့ ဆုတောင်း ပွဲလုပ်တယ်။ ငါးလွှတ်တယ်။”

ဒေါ်အောင်းဆန်းစုကြည်အပါအဝင် အကျဉ်းကျခံနေရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာဖို့အတွက် ဆုတောင်း ခဲ့ကြသလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကိုလည်း ဘုရားမှာ ဝေငှခဲ့တယ်လို့လည်း မိန့်ပါတယ်။ ဒါ့အပြင် ဆုတောင်းပွဲ ပြုလုပ်ရတာနဲ့ပတ်သက်ပြီးတော့လည်း

“တခါတုန်းက ဆိုရင် ဒီပခုက္ကူက ကြီးကြီးကျယ်ကျယ် ဉီးဇင်းတို့ သံဃာတော်တွေကို ကြိုနဲ့ ဓာတ်တိုင်မှာချည်ပြီး အရိုက်ခံခဲ့ရတယ်။ သံဃာတွေ တကယ့်ကို အနစ် နာ ခံခဲ့ရတယ်ပေါ့။ အဲဒါကြောင့် ပခုက္ကူမြို့ကို အဓိကထားပြီးတော့ ဗုဒ္ဓအခါတော်နေ့ကို ဆုတောင်းပွဲ ကျင်းပတာ ဖြစ်တယ်။”

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့၊ တွေ့ဆုံဆွေးနွေးရေးနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အထွေထွေ အကျပ်အတည်းတွေက လွတ်မြောက် ဖို့အတွက် ပခုက္ကူမြို့အပြင် ရန်ကုန်၊ မန္တလေး၊ စစ်တွေစတဲ့ မြို့အသီးသီးက သံဃာတော်တွေ အနေနဲ့လည်း အလားတူ မေတ္တာပို့ ဆုတောင်းမှုတွေ ဆက်လက် ပြုလုပ် ဉီးမှာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: