စာမေးပွဲ နီးပြီ
အံ့ဘုန်းမြတ် ၂၂ ဖေဖော်ဝါရီ ၂၀၁၀
http://burmese.dvb.no/news.php?id=10049
(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)
အခြေခံပညာအလယ်တန်း ကျောင်းသူကျောင်းသားတွေ မကြာခင် အတန်းတင်စာမေးပွဲကို ဖြေဆိုကြရ တော့မှာပါ။ မတ်လထဲမှာ ဖြေဆိုကြရတော့မယ့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ကျောင်းသူကျောင်းသား တွေအတွက် စာမေးပွဲဝင်ခွင့်နဲ့ ခုံအမှတ်တွေထုတ်ယူကြဖို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါပြီ။ တကသိုလ်ဝင်တန်း စာမေးပွဲ ၀င်ခွင့်ကတ်ပြားတွေနဲ့ ခုံအမှတ်တွေကို စာစစ်ဌာနတွေနဲ့ မြို့နယ် ပညာရေးမှူးရုံးတွေမှာ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ထုတ်ယူနိုင်ကြပါပြီ။ ခုံအမှတ်စာရင်းတွေနဲ့ စာစစ်ဌာနစာရင်းတွေကို မြို့နယ်ပညာရေးမှူးရုံးတွေမှာ မတ်လဆန်း ၁ ရက်မှာ ကပ်ထားပေးမယ်လို့လည်း ပညာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ စာမေးပွဲ အချိန်စာရင်းတွေအရ မတ် ၁၀ ရက်မှာ တကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားတွေအနေနဲ့ စတင်ဖြေဆိုကြရမှာဖြစ်ပါတယ်။ ကျူရှင်ဆရာတဦးကတော့ တပည့်တွေ စာလိုက်နိုင်ပြီး ကျူရှင်ဆရာတွေက စာသင်ရင်းနဲ့ တထိုင်တည်း အလွတ်ရသွားအောင် စာကျက်ပေးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“အဓိကကျတဲ့ အချက်အလက်ပိုင်းတွေကို တခါတည်းရအောင် ဆရာတွေက အကြိမ်ကြိမ်တိုင်ပြီးတော့ ဆရာတွေနဲ့အတူ လိုက်ပြီးတော့ အကြိမ်ကြိမ် သံပြိုင်ဆိုရင်းနဲ့ ရသွားကြ တာများပါတယ်။”
ကျောင်းသားတချို့ကတော့ စာမေးပွဲနီးလာတာနဲ့အမျှ မေးခွန်းခန့်မှန်းပြီး ရွေးချယ်လေ့လာတာမျိုးတွေ ရှိတယ်လို့လည်း ကျူရှင်ဆရာတချို့က ပြောပါတယ်။ စာသင်ချိန်မှာ ဂရုတစိုက်နားထောင်ပြီး လေ့လာကျက် မှတ်မယ်ဆိုရင် စပေါ့လိုခေါ်တဲ့ ခန့်မှန်းမေးခွန်းပြသနာ ဖြစ်စရာမရှိပါဘူးလို့ ကျူရှင်ဆရာက သုံးသပ်ပါတယ်။
“ဆရာတွေက သင်ရိုးတခုလုံးကို ခြုံငုံမိအောင်သင်တယ်။ ကျက်သင့်ကျက်ထိုက်တာတွေကိုလည်း ရအောင်ကျက်ထားမယ်ဆိုရင် ဒီပြ၏နာတွေက ဖြစ်စရာကိုမရှိပါဘူး။”
စာသင်ချိန်မှာ စိတ်မ၀င်စားဘဲ အချောင်လိုက်တဲ့ ကျောင်းသားတချို့ကတော့ စာမေးပွဲမှာ ခိုးချဖြေဆိုဖို့ ပြင်ဆင်ကြတာတွေရှိသလို ခိုးချဖို့အတွက် မိုက်ခရိုလို့ခေါ်တဲ့ စာရွက် လေးတွေ ၀ယ်ယူသူတွေလည်းရှိပါတယ်။ မိုက်ခရိုလို့ခေါ်တဲ့ ခိုးချစာရွက်တွေကို ရောင်းသူတွေက ကျောင်းသူကျောင်းသား လူငယ်တွေကို အရိပ်အခြည်ကြည့်ပြီး ခိုးကြောင် ခိုးဝှက် ရောင်းချနေကြပုံကို ရန်ကုန်မြို့ခံ သတင်းသမားတဦးက ပြောပြပါတယ်။
“ပေါ်တင်ကြီးမရောင်းဘူး။ ဖြတ်သွားရင်မေးတာ ခိုးရောင်းတာပေါ့”
မနျွှလေးမြို့ခံ စာပေလောကသားတဦးကတော့ အရင်ခေတ်တွေကလောက် ခိုးချတာမရှိတော့ ပါဘူးလို့ ပြောပါတယ်။ ဆိုင်ကယ်နောက်တွေနောက်မှာ ကြိုးကြီးတန်းလာသလို ခိုးချစာရွက်တွေ တသီကြီးဖြစ်နေတာမျိုး မနှစ်ကတော့ သိပ်မတွေမိဘူးလို့လည်း ဆိုပါတယ်။
“လိမာလာတာလည်း ပါတယ်။ တချို့ကျတော့ မလုပ်ရဲတာလည်း ပါတာပေါ့။ မျိုးဆက်နည်း နည်းကွာသွားတာပေါ့။ အခုနောက်မျိုးဆက်ကျတော့ တကယ်လည်း ကြိုးစားတဲ့ပုံစံ မျိုးတွေလည်း ဖြစ် လာကတယ်။ ”
ရက်ပိုင်းပဲလိုတော့တဲ့ တကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကျောင်းသူကျောင်းသားတွေ ကြိုးစားနေကြချိန်မှာ လျှပ်စစ်မီးကတော့ စစ်အစိုးရရုံးစိုက်တဲ့ နေပြည်တော်ကလွဲလို့ တနိုင်ငံလုံးမှာ မှန်မှန်မလာဘဲ ပျက်နေချိန်က များနေပါတယ်။
Leave a Reply