လတ်တလော အနုပညာသတင်းများ


လတ်တလော အနုပညာသတင်းများ

အံ့ဘုန်းမြတ် ၂၀။ ဖေဖော်ဝါရီ ၂၀၁၀

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

  • နှစ်တိုင်းလိုလို သင်္ကြန်နီးတိုင်း ထွက်လာလေ့ရှိတဲ့ အီလက်ထရိုဂီတအမျိုးအစား အယ်လ်ဘန်တွေ ဖန်တီးလေ့ရှိတဲ့ သားစိုးက ဒီနှစ်အတွက် အယ်လ်ဘမ်ကိုတော့ (ရောတယ်မွှေတယ်) လို့ နာမည်ပေးထားပြီး လာမယ့် လထဲမှာ ထွက်ဖို့ရှိပါတယ်။ သားစိုးဟာ မြန်မာခေတ်ဟောင်းသီချင်းတွေ၊ နတ်ဒိုးသီချင်းတွေကို ခေတ်ပေါ်သံစဉ်တွေနဲ့ ပေါင်းစပ်ဖန်တီးပြီး အီလက်ထရိုဂီတတွေအဖြစ် ဖန်တီးလာခဲ့တာ ဒီခွေနဲ့ဆိုရင် (၅)  ခွေမြောက်ရှိပြီဖြစ်ပါတယ်။
  • ဂျေညီညီ၊ ဂျေညီမလေး၊ သီရိဂျေမောင်မောင်နဲ့ ဂျေညီညီရဲ့သား အုပ်ကြီးတို့ သီဆိုထားတဲ့ (J-5)   အယ်လ်ဘန် သစ်အတွက် စာနယ်ဇင်းကို လာမယ့် (၂၄) ရက်နေ့မှာ ပြုလုပ်မယ်လို့သိရပါတယ်။
  • (လက်ပံ) လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးဖို့ရှိနေပါတယ်။ ဒီဇာတ်ကားကို လူငယ်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ၀ိုင်းက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီးတော့ သရုပ်ဆောင်တွေအဖြစ် ပြေတီဦး၊ စိုးမြတ်သူဇာနဲ့ ဖွေးဖွေး တို့က သရုပ်ဆောင်ကြမှာဖြစ်ပြီး ဖခင်နဲ့သမီးကြား မိဘမေတ္တာဘွဲ့ကို ရိုက်ကူးမှာဖြစ်တယ်လို သိရပါတယ်။
  • ဒီနှစ်ရန်ကုန်ဇာတ်ပွဲရာသီမှာ ပွဲကရက်တွေ နည်းသွားတာကြောင့် ဇာတ်သဘင်လောကသားတွေ ၀င်ငွေနည်းခဲ့ကြရပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျ ဘုရားပွဲတော်တွေ ကျင်းပကြ။ ဇာတ်တွေကို ငှားရမ်း  ကြပေမယ့်လည်း အာဏာပိုင်တွေက ပွဲပါမစ်လိုင်စင်ချပေးတဲ့နေရာမှာ ရက်လျှော့ပြီး ပေးတာကြောင့် အခုလို ကရက်တွေနည်းသွားကြရတာလို့ ဇာတ်သဘင်လောသား အချို့ဆီက သိရပါတယ်။
  • ဖေဖော်ဝါရီလ (၁၆)  ရက်နေ့ကကွယ်လွန်ခဲ့တဲ့ တေးသံရှင်မေဆွိရဲ့ ဖခင်၊ သရုပ်ဆောင်ဒေါ်မြင့်မြင့်ခင်ရဲ့ ခင်ပွန်းဖြစ်တဲ့ တရားရုံးရှေ့နေ ဦးခင်မောင်ညွန့် အသက် (၈၅) နှစ်ရဲ့ ဇာပဏအခမ်းကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းက ရေဝေးသုသာန်မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဇာပနကို သမီးဖြစ်သူ တေးသံရှင်မေဆွိလည်း  အမေကန်ကနေ ရောက်ရှိလာခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: