စီးပွားရေး, သတင်း, နိုင်ငံရေး

လုပ်ခတိုးပေးရေး ဆန္ဒပြပွဲများ ရွှေပြည်သာတွင် ကူးစက်ဖြစ်ပွား


လုပ်ခတိုးပေးရေး ဆန္ဒပြပွဲများ ရွှေပြည်သာတွင် ကူးစက်ဖြစ်ပွား

အံ့ဘုန်းမြတ် ၁၉ ဖေဖော်ဝါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=10009

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

၂၀၁၀ နှစ်ဆန်းပိုင်း အစိုးရ၀န်ထမ်းတွေ လစာတိုးအပြီးကတည်းက စတင်ခဲ့တဲ့ စက်ရုံအလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုတဲ့ ဆန္ဒပြတွေဟာ ဒီနေ့မှာတော့ ရွှေပြည်သာစက်မှုဇုန်ဘက်မှာ ဆက် လက် ဖြစ်ပွားခဲ့ပါတယ်။ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ ဒီနေ့မှာ ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ Yes 2  အထည်ချုပ်စက်ရုံမှာလည်း ဆန္ဒပြပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီအကြောင်းကို ဆန္ဒပြ အလုပ်သမားတွေနဲ့ နီးစပ်သူတဦးက

“လောလောဆယ်တော့ အင်းအား ၈၀၀ လောက်ရှိတယ်တဲ့။ ဆန္ဒပြနေတယ်။ အဓိကရုဏ်း နည်းနည်းကြမ်းတယ်လို့တောင် ကြားတယ်။” လို့ဆိုပါတယ်။

စက်ရုံအလုပ်သမားတွေဟာ စားဝတ်နေရေးဆိုင်ရာ အထွေထွေ အကျပ်အတည်းတွေကို တနေ့တခြား ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့ နေရတာကြောင့် လုပ်ခလစာ တိုးမြှင့်ရေးကို အဓိကထားတောင်း ဆိုနေကြတာ ဖြစ်တယ်လို့လည်း ရန်ကုန်က အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသူတဦးက ဆိုပါတယ်။

“မူလပေးထားတဲ့ နှုန်းထားတွေနဲ့ ဆက်ခန့်ကြတယ်။ တခါတခါ အိုတီ (အချိန်ပိုကြေး) တွေ မပေးတာတို့ ဘာတို့ အဲဒါတွေနဲ့ မကျေမနပ် ဖြစ်တာပေါ့။ ဖြစ်ရင်းနဲ့ ပြန်တောင်းတာတို့ဘာတို့နဲ့ ပဋိပခဖြစ်တာပေါ့။ ဒါပေမယ့် တိုးပြီးတော့ ပြန်ပေးတယ်လို့လည်း ပြောသံကြားတယ်။ နည်းနည်းပါးပါး တိုးပြီးတော့ပေါ့။ ဒါပေမယ့် အဲဒီမှာ ဂရမ်တီ (အာမာခံချက်) တွေတောင်းတယ်။ အချိန်ပြည့်အလုပ်ခေါ်မယ်။ ခေါ်လို့မလာလို့ရှိရင်တော့ အလုပ်ဖြုတ်မယ်။”

လက်ရှိအလုပ်သမားတွေတောင်းဆိုနေတဲ့ လုပ်ခလစာ တိုးမြင့်ရေးကို တချို့စက်ရုံတွေက ကြိုတင်လိုက်လျှောတာ မျိုးရှိပေမယ့် အလုပ်ရှင်တွေဘက်ကပြန်ပြီး အလုပ်ချိန်တိုးတာ၊ အချိန်ပိုခေါ်လိုမလာရင် အလုပ်ဖြုတ်တာကို လက်ခံပါ့မယ်ဆိုတဲ့ ခံဝန်ကတိ ထိုးပေးရတာမျိုး တွေရှိ တယ်လို့ တခြားဆန္ဒအလုပ်သမားတွေနဲ့ နီးစပ်သူတချို့က ဆိုပါတယ်။ လက်ရှိစက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြ သူတွေဟာ အခြေခံပြည်သူ လူထုတွေဖြစ် ပြီး သူတို့ရဲ့လက်ရှိ အခြေအနေကိုလည်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူက ခုလိုပြောပြပါတယ်။

“လာကြတာက အများဆုံးနယ်ဘက်ကများတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေကပေါ့။ တချို့လည်း တော်တော်များများ ပြန်ကုန်ကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမှာကစားလို့ မလောက်ကြတာတွေ လည်းပါတယ်။ တချို့လည်း ပြန်ကုန်ကြတယ်။ တချို့လည်းမပြန်ဘူး ကုပ်ကပ်နေကြတဲ့ သူတွေလည်းရှိတယ်။ အဲဒီကြားထဲက ထပ်ပြီးတော့ မူရင်းလစာ လျှော့လိုက်ပြန်တော့ ပိုပြီး အကျပ်အတည်းဖြစ်တော့ အခုလို ထဖြစ်ကုန်တာပဲ။”

အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတိုးမြှင့်ရေး၊ အလုပ် ချိန်လျှော့ပေါ့ရေးအပါအ၀င် လုပ်ငန်းခွင် ဖိနှိုပ်မှုမရှိရေးစတဲ့ အချက်တွေကို ဆန္ဒပြတောင်းဆိုလာတာ လနဲ့ချီပြီးကြာ မြင့်ခဲ့ပြီ ဖြစ်ပေမယ့် ရပ်တန့်သွားခြင်း မရှိသေးဘဲ ဆင့်ကဲ ဖြစ်ပေါ်နေ လျှက်ရှိနေပါတယ်။ ဒီလိုဖြစ်ပေါ်နေတဲ့ အခြေ အနေနဲ့ ပတ်သက်ပြီး အခြေခံပြည်သူလူထု တရပ်လုံးပါဝင် လာမယ့် လူထုလှုပ်ရှားမှုအသွင် ဆောင်လာနိုင်တယ် လို့လည်း သူက ဆက်ပြောပါတယ်။

“အဲဒီလို ဖြစ်လာနိုင်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ အကဲခတ်သလောက်တော့ ဖြစ်ဖို့ရှိတယ်။ အခုတော့ မဖြစ်သေးတာတခုပဲ။ ဒါပေမယ့် နည်းနည်းတော့ စနေတဲ့ သဘောပဲခင်ဗျ ဒီဥစာ။ အရင်းတုန်းကတည်းက ဒီလိုဖြစ်လာတဲ့ ပုံသဏ္ဍာန်က ဒီလိုပုံစံမျိုးပဲ စတာ။ အခုလည်း ဒါမျိုးဖြစ်လာမလားလို့ တော့ ကျနော်ထင်တော့ ထင်နေတယ်သိလား။”

အခုလို အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို ပြည်သူလူထု တရပ်လုံးအနေနဲ့ အထူးဝန်ရံကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ကြေညာထားပါတယ်။

(မှတ်ချက်။   ။ စက်မှုဇုံ အလုပ်သမများ၏ ဓာတ်ပုံများကို ဘိုင်ဝီးကလီးအလဲဗင်းဂျာနယ်မှ ကူးယူဖော်ပြသည်။)

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: