စာနယ်ဇင်း, သတင်း, ဆောင်းပါး

မစ္စတာကန်တားနား မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်


မစ္စတာကန်တားနား မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

အံ့ဘုန်းမြတ် ၁၉ ဖေဖော်ဝါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=10012

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကန်တားနားရဲ့ ၅ ရက်ကြာ မြန်မာပြည်ခရီးစဉ် ဒီနေမှာပဲ ပြီး ဆုံးပြီ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မင်္ဂလာဒုံလေဆိပ်မှာ ဒီနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မစ္စတာ ကန်တားနားရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြန်လည်မထွက်ခွာမီ ဒီနေ့ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်ခဲ့တာပါ။ ဒီသတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ ပြည်ပသတင်း ဌာနတွေက သတင်းထောက်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာကန်တားနား ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကို တက်ရောက် ခွင့်ရရှိတဲ့ သတင်းသမားတဦးက ပြောပြပါတယ်။

“အဓိကတော့ သူက ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမားတွေ လွတ်မြောက်လာပြီးတော့ ပါဝင်လာနိုင်မယ့် အရိပ်အယောင်မျိုး သူဘာမှ မတွေ့ရဘူးတဲ့။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရတဲ့အတွက် စိတ်ပျက်တယ်။ ဘာ အကြောင်းပြချက်မှ မပေးဘူးပေါ့နော်။ အဲဒါတွေ သူမကျေနပ်ဘူး ပြောတယ်။ အများကြီးပဲ ၃ မျက်နှာတောင် ပြောတာ။”

လူအခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အရင်ခေါက်တွေလိုပဲ တိုးတက်မှု မရှိတဲ့အတွက် အားမရကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် အစိုးရအနေနဲ့ ဥပဒေထုတ်ဖို့ရှိတယ် ဆိုတာကလွဲလို့ ဘာကိုမှ အသေးစိတ်မပြောနိုင်တဲ့အပေါ် ဘ၀င်မကျ ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ နိုင်ငံရေးသမားတွေကို လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေ အစိုးရအနေနဲ့ မပေးသေးသမျှ ကာလပတ် လုံး နိုင်ငံတကာအနေနဲ့ ဒီရွေးကောက်ကို တရားမျှတ လွတ်လပ်ပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲအဖြစ် ယုံကြည်နိုင်ကြမှာ မဟုတ် ကြောင်း စသည်ဖြင့် မစ္စတာကန်တားနားက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ အခြားသတင်းသမား တချို့ကဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာအရေးတွေမှာ ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး အစိုးရက အရင်ကလက်မခံပေမယ့် ဒီတခေါက်မှာ လက်ခံတဲ့အတွက် တိုးတက် မှုရှိတယ်လို့လည်း မစ္စတာကန်တာနားက ဆိုပါတယ်။ မစ္စတာကန် တားနားဟာ သူ့ရဲ့ခရီးစဉ်အတွင်း မကြာသေးခင်ကမှ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဦးတင်ဦးအပါအ၀င် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် ကော် မတီဝင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီအင်အားစု တွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့လည်း ဒီသတင်းစာရှင်းလင်းပွဲမှာ မစ္စတာကန်တားနားက ပြောပါတယ်။

ဒီနေ့သူရဲ့နောက်ဆုံး ခရီးစဉ်အတွင်း နေပြည်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်ဦး၊ အလုပ်သမားနှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ရဲချုပ်ခင်ရီစတဲ့ နအဖအစိုးရ အဖွဲ့ဝင် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာကန်တားနားအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့အတွက် နအဖအစိုးရကို တောင်းဆိုခဲ့ပေမယ့် တွေ့ဆုံခွင့် မရရှိခဲ့ပါဘူး။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: