ပညာရေး, လူမှုရေး, သတင်း

စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ လျှပ်စစ်မီးမလာသဖြင့် အခက်တွေ့


စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ လျှပ်စစ်မီးမလာသဖြင့် အခက်တွေ့

အံ့ဘုန်းမြတ် ၁၈ ဖေဖော်ဝါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9995

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ ညပိုင်းအသံလွှင့်အစီအစဉ်)

မကြာခင် မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားတွေ အတန်းတင်စာမေးပွဲတွေကို ဖြေဆိုချိန်နီးလာတဲ့အတွက် လျှပ်စစ်မီး အခက်အခဲတွေအပြင် စာမေးပွဲဖြေဆိုဖို့ အခြားအခက်အခဲတွေကြားက ပြင် ဆင်နေကြရပါတယ်။ ရှေ့တပတ်ကစပြီး မြန်မာတနိုင်ငံလုံးက အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားတွေ အတန်းတင်စာမေးပွဲကို ဖြေဆိုကြရတော့မှာပါ။ တကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတွေကတော့ မတ်လ ၁၀ ရက် နေ့မှာ စတင်ဖြေဆိုကြရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ မြို့တိုင်းလိုလိုမှာ လျှပ်စစ်မီး အချိန်ပြည့် မရတာကြောင့် ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေဖို့အတွက် စာကြည့်ရတာ အခက်အခဲတွေ ဖြစ်နေကြရတာလည်းဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ဖြေဆိုမယ့် တကသိုလ်ဝင်တန်း ကျောင်းသူတဦး ကတော့ သူ့ရဲ့စာကြည့်ရတဲ့ အခြေအနေကို ပြောပြပါတယ်။

“ည ၇ နာရီလောက် ကျက်တယ်၊ ဒါမှမဟုတ်ရင် အပိုင်း(ရပ်ကွက်) ထဲမှာနေတော့ သီချင်းသံတွေ ဘာတွေနဲ့ဆိုတော့ ည ၁၁ နာရီလောက်မှ ကျက်ဖြစ်ရင် ကျက်ဖြစ်တယ်။ စိတ်ငြိမ် (ပတ်ဝန်းကျင်တိတ်ဆိတ်) တဲ့ အချိန်ပေါ့နော်၊ ဆူညံနေရင် စာကိုသိပ်စိတ်မ၀င်စားဘူးလေ။ အဲဒီကို အာရုံတွေက ရောက်နေတယ်ဆိုတော့။ ပတ်ဝန်းကျင် တိတ်ဆိတ်တဲ့ အချိန်လေးတွေပဲ ဖယောင်းတိုင်နဲ့ ကျက်တယ်။”

ကျောင်းသားမိဘတဦး ပြောပြတဲ့ စာမေးပွဲရာသီ အခြေအနေကတော့

“ကလေးတွေရဲ့ စာမေးပွဲအတွက်ကို သူတို့ ဘာမှလည်း အလေးမထားဘူး၊ ဘာမှလည်း တန်ဖိုး မထားတော့ဘူး။ မူလတန်း၊ အလယ်တန်းမပြောနဲ့ ဆယ်တန်းစာမေးပွဲတောင်မှ မီးကို မှန်မှန်မပေးဘူး။ မရှိတဲ့ ကလေးတွေကျတော့ မီးခွက်ထွန်း၊ ဖယောင်းတိုင်ထွန်းပြီး ကျက်ရတာပဲလေ၊ ရှိတဲ့ကလေးကျတော့ မီးစက်နဲ့ အင်ဗာတာနဲ့ကျက်ကြတာပေါ့။ စာမေးပွဲနီးတဲ့ကလေး တော်တော်များများ အခက်အခဲ ရှိကြပါတယ်။ လက် ဖက်ရည်ဆိုင်မှာ သီချင်းဘာညာ ဖွင့်တဲ့အခါ အဲဒါမျိုးလည်း မပြောဘူး။ သူတို့ကိုယ် တိုင်ကလည်း ထီရောင်း၊ ချဲရောင်းဆိုတော့ (လိုင်းကြေးပေးထားတော့) အာဏာပိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေက သိပ်မကင်းနိုင်ကြ ဘူးလေ။ အဲဒါကျတော့ သူတို့ပြောရခက်နေလား မသိဘူး။ အဲဒီလိုမျိုး ဘာမှလုပ်ပေးတာမရှိဘူး။”

မြို့တချို့မှာ မြို့နယ်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက အသံချဲ့စက်နဲ့ စာမေးပွဲတွင်းဖြစ်တဲ့ အတွက် ဆူညံသံတွေ မဖွင့်ကြဖို့ လှည့်လည်နှိုးဆော်ပေးတာမျိုး ရှိပေမယ့် လိုက်နာမှုအပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေကြပါတယ်။ လျှပ်စစ်မီးမရတဲ့ ကျောင်းသူကျောင်းသားတွေ ဖယောင်းထွန်းပြီး စာကြည့်ရာက မီးလောင်မှုမျိုး ဖြစ်လေ့ရှိတယ်လို့လည်း ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“လျှပ်စစ်မီး မလာတဲ့အတွက် အင်ဗာတာ ဆောင်ရတယ်၊ ဘက်ထရီ ဆောင်ရတယ်၊ နောက်တခါ မီးလာတဲ့အချိန်လေး အားသွင်းတယ်။ အဲဒီလို အနေအထားလေးတွေမှာ မီးရေးထင်းရေး ကြောက်ရတယ်။ မီးမလာတဲ့အတွက် ပြသနာပေါ့။ ကျနော်တို့ ဘက်မှာဆိုရင် ကလေးတွေ စာမေးပွဲနီးတဲ့ရက်မှာ မီးကမလာတဲ့ အတွက် မီးလောင်မှုတော်တော်ဖြစ်တယ်။ ကလေးက ဖယောင်းတိုင်နဲ့ စာဖတ်ရင်း ကနေ အိပ်ပျော်သွားတာတို့ ဘာတို့ပေါ့လေ။ အဲဒီကနေ မီးလောင်တာ၊ မီးမလာတဲ့ အချက်တချက်ကြောင့် ပြသနာပေါင်း သောင်းခြောက်ထောင်။”

မြန်မာနိုင်ငံမှာ ခုလို လျှပ်စစ်မီးကြောင့် သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေ စာကြည့်ဖို့ အခက်အခဲတွေ ဖြစ်နေကြရပေမယ့် အစိုးရပိုင်းက လျှပ်စစ်မီးကို အချိန်မှန်ပေးနိုင်အောင် ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။ ဒီလိုအခြေအနေမျိုး ဖြစ်နေပေမယ့် အစိုးရကတော့ ထိုင်း၊ အိန္ဒိယ၊ တရုတ်စတဲ့ အာရှဒေသတွင်း နိုင်ငံတွေကို ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့အပါအ၀င် စွမ်းအင်တွင်းထွက် ပစည်းတွေကို ရောင်းချနေရာက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ၀င်ငွေရရှိနေပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: