ကျန်းမာရေး, စီးပွားရေး, သတင်း

တုပ်ကွေးရောဂါပိုးကူးဆက်သဖြင့် ကြက်ကောင်ရေ ၂၅၀၀ ကျော်ကို သုတ်သင်


တုပ်ကွေးရောဂါပိုးကူးဆက်သဖြင့် ကြက်ကောင်ရေ  ၂၅၀၀ ကျော်ကို သုတ်သင်

အံ့ဘုန်းမြတ် ၇ ဖေဖော်ဝါရီ ၂၀၁၀

http://burmese.dvb.no/news.php?id=9871

(၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်)

မရမ်းကုန်မြို့နယ်မှာ ကြက်ငှက်တုတ်ကွေးရောဂါ တွေ့ရှိလို့ ကြက်ကောင်ရေ ၂၅၀၀ ကျော်ကို သုတ်သင်ရှင်း လင်းလိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ မရမ်ကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် ကြက်ခြံတခုက ကြက်တချို့မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတာကို စစ်ဆေးတွေ့ရှိတာကြောင့် ကြက်ခြံထဲက ကြက်တွေအား လုံးကို တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မနေ့က ရှင်းလင်းလိုက်တာလို့ အဲဒီဌာနနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တဦးက ပြောပြပါတယ်။

“န၀ဒေး စွယ်တော်မြတ်စေတီဘက်ပေါ့ အကောင်တွေ့တာ နည်းနည်းပဲ သေတာပါ။ ၃၅ ကောင် လောက်ပဲသေတာ။ ဒါပေမဲ့ သူတို့တခြံလုံး အကောင် ၂၅၀၀ ရှင်းပစ်လိုက်တာ။ ဟိုတနှစ်ကလည်း အဲဒီနေရာမှာပဲ တွေ့ဖူးတယ်။ အအေးပေါ့ပြီးတော့ အပူဘက်ကူးတဲ့ အချိန်က အဲဒီတုပ်ကွေးပိုး သောင်း ကျန်းတဲ့အချိန်ပဲ။”

အခုလို ဆောင်းရာသီကနေ နွေရာသီကိုအကူး ရာသီမျိုးမှာ ကြက်ငှက် တုပ်ကွေးပိုး ဖြစ်ပေါ်လေ့ရှိတာကြောင့် မွေးမြူရေးသမားတွေ တရုစိုက်သင့် တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သားဈေး ထူးထူးခြားခြား မကျပါဘူးလို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ဒီလို ရောဂါပိုးတွေ့ရှိတာကြောင့် သုတ်သင်ရှင်းလင်းထားတဲ့ကြက်တွေ ဈေးကွက် ထဲ ရောက်မလာအောင်ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဂရုစိုက်စေ ချင်တယ်လို့လည်း သူတို့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၆ ဖေဖော်ဝါရီကနေ ၂၀၀၇ ဒီဇင်ဘာအထိ ရန်ကုန်၊ မနျွှလေး၊ စစ်ကိုင်းစတဲ့ ပြည်နယ်နဲ့တိုင်း ခြောက်ခုက ၂၅ မြို့နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ် ပွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၈ ဧပြီမှာ ဒီရောဂါပိုး ကင်းရှင်းပြီလို့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (အိုအိုင်အီး) က ကြေညာခဲ့ပါတယ်။ မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်မှုမရှိသေး ဘူးလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: